နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

AA နဲ့ ဆက်နွယ်သူတွေကို အကြမ်းဖက်ပုဒ်မအပါအ၀င် တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီပြည်နယ်အစိုးရအဖွဲ့ ခြိမ်းခြောက်

ဩဂုတ်လ (၂၉)ရက်။

အာရက္ခတပ်တော်(AA)နဲ့ ဆက်နွယ်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို အကြမ်းဖက်ပုဒ်မအပါအ၀င် တည်ဆဲဥပဒေတွေနဲ့ အရေးယူသွားမယ်ဆိုပြီး စစ်ကောင်စီပြည်နယ်အစိုးရအဖွဲ့က ဒီကနေ့မှာ ထပ်မံထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ရခိုင်ဒေသထဲ အဘက်ဘက်က ရှုံးနိမ့်နေတဲ့ စစ်ရှုံးစစ်ကောင်စီဟာ AA ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာတွေကြောင့် မရှုမလှ အရေးနိမ့်နေရကာ တပ်ရင်း၊ တပ်စခန်းတွေနဲ့ မြို့တွေ အများအပြား လက်လွှတ်ဆုံးရှုံးနေရတာကြောင့် ပြည်သူကို ဦးတည်ပြီး ခြိမ်းခြောက်လာနေတာပါ။

စစ်ကောင်စီပြည်နယ်အစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲ ပြည်သူတွေအနေနဲ့ AA ကို အားပေးကူညီတာတွေ ပြုလုပ်ရင် အကြမ်းဖက်ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄(က)၊ ပုဒ်မ ၅၀၅(က)အပါအ၀င် အီလက်ထရောနစ်ပုဒ်မ ၃၃(က)နဲ့ အရေးယူမယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေနဲ့ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေကို အကြမ်းဖက်ဥပဒေအရ သိမ်းဆည်းသွားမှာဖြစ်ပြီး ပြစ်မှုထင်ရှားရင် နိုင်ငံတော်ဘဏ္ဍာအနေနဲ့ သိမ်းဆည်းမယ်လို့လဲ စစ်ကောင်စီက ခြိမ်းခြောက်ထားပါသေးတယ်။

ဒါ့အပြင် အဆောင်၊ နေအိမ်တိုက်ခန်းပိုင်ရှင်တွေအနေနဲ့ ငှားရမ်းသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ အထောက်အထားပြည့်စုံမှသာ ငှားရမ်းဖို့နဲ့ ဧည့်စာရင်းတိုင်ကြားရမယ်လို့ ပြောဆိုထားကာ မလိုက်နာရင် ကူညီသူအနေနဲ့ အရေးယူမယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီဟာ ရခိုင်ဒေသထဲ AA နဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုပြီး ဒေသခံပြည်သူတွေကို မတရားဖမ်းဆီးတာတွေ ပြုလုပ်နေကာ အခုထုတ်ပြန်ချက်မှာလဲ ဝါဒဖြန့်နေတဲ့သူတွေဟုဆိုကာ စာရင်းဓါတ်ပုံနဲ့တကွ ဖော်ပြထားပါသေးတယ်။

ရခိုင်ဒေသက မြိုနယ်တွေနဲ့ စစ်ကောင်စီရဲ့ တပ်ရင်း၊ တပ်စခန်း အများအပြားကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်ကာ တစ်ခုပြီးတစ်ခု သိမ်းပိုက်နေပြီး လက်ကျန် မောင်တောမြို့ကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 28 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 22 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 17 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊
မြန်မာသတင်း

ဆောမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်သူကို NUG သေဒဏ်ချမှတ်

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
ဧပြီလ (၆)ရက်။ ဆောမြို့နယ်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ကြ လူသတ်အလောင်းဖျောက်တဲ့ (၂၁)နှစ်အရွယ် မင်းမင်းစိုးဆိုသူကို NUG မြို့နယ်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖြစ်စဉ်ဟာ ၂၀၂၅ခုနှစ် အောက်တိုဘာလက ဆောမြို့ သီရိရတနာရပ်ကွက်နေ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်ကို မိသားစုနဲ့
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 30 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆွေးနွေးပွဲထဲ မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားဖို့ အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 28 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာနမခကနေ ပေါက် ကပစ(၂၄)နဲ့ ပင်ထောင်ပျုစောထီးရွာကို ခေါက်တုန့်ခေါက်ပြန်ကူးနေတဲ့ MI-17
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 31 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 30 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ