နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)ကို ဖွဲ့စည်းကြောင်းကြေညာ

အောက်တိုဘာလ (၂၉)ရက်။

စစ်အာဏာရှင် အမြစ်ပြတ်ချမှုန်းဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)ကို ဖွဲ့စည်းကြောင်း ဒီကနေ့မှာ ထုတ်ပြန်ကြေညာထားချက်အရ သိရပါတယ်။

KNA ကို ကယန်းဒေသထဲရှိ တော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကော်မတီတရပ် စုစည်းဖွဲ့စည်းကာ ဦးဆောင်သွားမယ်လို့ ဆိုပါတယ်။

KNA အနေနဲ့ လွိုင်ကော်၊ ဒီမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယန်းဒေသထဲ ပြန့်ကျဲနေတဲ့ ကယန်းလက်နက်ကိုင်တပ်ဖွဲ့တို့ကို တစုတစည်းထဲ ပြန်လည်ပေါင်းစည်းပြီး တိုက်ပွဲဝင်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် KNA အနေနဲ့ NUG ကို ပြည်ထောင်စုအစိုးရအနေနဲ့ အသိအမှတ်ပြုပြီး စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းဖို့အတွက် ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး ကယန်းပြည်သူအပါအဝင် ဖိနှိပ်ခံ ဘဝတူပြည်သူတရက်လုံး ကာကွယ်ဖို့၊ စစ်ရေးမဟာမိတ်တည်ဆောက်ဖို့၊ အာဏာရှင်မှန်သမျှ တိုက်ဖျက်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကေရစီပြည်ထောင်စု ပေါ်ထွန်းဖို့ စတဲ့ အခြေခံမူ (၉)ချက်အပြင် ရည်မှန်းချက် (၅)ချက်နဲ့ သစ္စာအဓိဋ္ဌာန် (၄)ချက်တို့နဲ့ ဖွဲ့စည်းတာလို့ ထုတ်ပြန်ထားပါတယ်။

ကယန်းလူထုအခြေပြုတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေစုစည်းပြီး KNA ကို တပ်ရင်း (၈)ရင်းနဲ့ ဖွဲ့စည်းတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နယ်မြေစိုးမိုးမှု စနစ်တကျတိုးချဲ့နေတယ်လို့ NUG ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 14 Views
ရန်ကုန်-မန္တလေးလမ်းဟောင်းတလျှောက် စစ်တပ်စခန်း (၁၄)ခု တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ဆို ဖေဖော်ဝါရီလ (၃)ရက်။ စစ်မျက်နှာအသီးသီးမှာ အကြမ်းဖက်စစ်အုပ်စုကို ထိုးနှက်တိုက်ခိုက်ပြီး နယ်မြေစိုးမိုးမှု စနစ်တကျ တိုးချဲ့နေတယ်လို့
မြန်မာသတင်း

ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဦးဆောင်တဲ့အဖွဲ့ နေပြည်တော်ကိုရောက်နေ၊ 

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 15 Views
မင်းအောင်လှိုင် ထွက်မတွေ့နိုင်ဘဲ လူမြင်ကွင်းကပျောက်တာ (၁)ပတ်အထိရှိလာ ဖေဖော်ဝါရီလ (၃)ရက်။ မနေ့က ရုရှားနိုင်ငံရဲ့ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာ ဆာဂေးရွှိုင်းဂူ ဦးဆောင်တဲ့
မြန်မာသတင်း

ကိုယ်ပိုင်အခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို စစ်အုပ်စုဆီက လက်ဖြန့်တောင်းပြီး မရနိုင်ဘူးလို့ MSFC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၂)ရက်။ မွန်အမျိုးသား‌တို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို စစ်အုပ်စုဆီကနေ လက်ဖြန့်တောင်းလို့မရဘူးလို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)ရဲ့ ဒီကနေ့ မွန်အမျိုးသားနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ MSFC ရဲ့ ထုတ်ပြန်ချက်ထဲ သမိုင်းတလျှောက် ဗမာစစ်တပ်ဟာ လက်နက်အင်အားနဲ့ ပြည်သူတွေကို အနိုင်ယူခဲ့တာသာဖြစ်တယ်လို့
မြန်မာသတင်း

သရက်မြို့ရှိ စစ်တပ်ရဲ့ ကပစ(၁၂) ရော့ကတ် (၁၄)လုံးနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၂)ရက်။ မနေ့က နံနက် (၄)နာရီခွဲအချိန်က သရက်မြို့ရှိ စစ်တပ်ရဲ့ ကပစ(၁၂)ကို လက်လုပ်ရော့ကတ် (၁၄)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကြမ်းဖက်စစ်တပ်ရဲ့ (၁၂၀)မမ၊ (၆၀)မမနဲ့ (၄၀)မမ
မြန်မာသတင်း

တော်လှန်ရေး (၅)နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုဟာ ပိုပြီး စနစ်တကျနဲ့ ရက်စက်လာတယ်လို့ NUG ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 32 Views
ဖေဖော်ဝါရီလ (၂)ရက်။ နွေဦးတော်လှန်ရေး (၅)နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုဟာ ပိုပြီး စနစ်တကျနဲ့ ရက်စက်လာတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နွေဦးတော်လှန်ရေး (၅)နှစ်တာထဲမှာ အကြမ်းဖက်စစ်အုပ်စုဟာ ပိုပြီး စနစ်တကျနဲ့ ရက်စက်လာတာကို
မြန်မာသတင်း

အုတ်တွင်းမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၅၀)ဦးခန့်သေဆုံးကာ တပ်ပျက်ထွက်ပြေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 25 Views
ဇန်နဝါရီလ (၃၁)ရက်။ အုတ်တွင်းမြို့မှာ အင်အား (၁၅၀)ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အင်အား (၁၅၀)လောက်နဲ့ တိုင်းဗဟို(၆) အမြှောက်တပ်ကနေ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းကို အုတ်တွင်း-ပေါက်ခေါင်းလမ်းမှာ
မြန်မာသတင်း

မအလရဲ့(၃)လသက်တမ်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 28 Views
NUGရဲ့မူးယစ်ခြေမှုန်းခန်း တရုတ်ရဲ့အာဏာစက်နန်း အထက်ပါခေါင်းစဥ်နဲ့ ဒီတနင်္ဂနွေနေ့ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ကြည့်ခြင်းအပိုင်း(၃၂)  ကိုဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က ဆွေးနွေးတင်ပြကြမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ(၃)ဆင့်ပြုလုပ်ပြီးအများတွက်ထားပြီးသားဖြစ်တဲ့အတိုင်’စစ်တပ်ပိုင်ကြံခိုင်ရေးပါတီကအနိုင်ရလာခဲ့ပြီးတဲ့နောက်မင်းအောင်လှိုင်က မြို့နယ်တွေမှာ အရေးပေါ်အခြေအနေ ကြောညာတဲ့အမိန့်ကို ရက်ပေါင်း (၉၀) အတည်ဖြစ်တယ်လို့လဲ ထုတ်ပြန်ထားပါတယ်။ NUG ကလည်းဖမ်းမိတဲ့မူးယစ်ဆေးဝါးတွေကိုမီးရှို့ဖျက်ဆီးနေတဲ့ပုံတွေကိုပြသခဲ့ပါတယ်။ တဖက်မှာလည်းအိမ်နီးချင်းတရုတ်နိုင်ငံကတောင်းလို့ပေးအပ်လိုက်ရတဲ့
မြန်မာသတင်း

တော်လှန်ရေးရန်ပုံငွေ ရှာဖွေဖို့ ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ အလုပ်မလုပ်ဘူးလို့ NUG ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 35 Views
ဇန်နဝါရီလ (၃၁)ရက်။ တော်လှန်ရေးရန်ပုံငွေ ရှာဖွေဖို့ ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ အလုပ်မလုပ်ဘူးလို့ NUG ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ကျွန်တော်တို့တော်လှန်ရေးရဲ့ ရန်ပုံငွေရှာဖွေဖို့ ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ ကျနော်တို့