နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထီးလင်းမြို့ စခန်းကြီးတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၂)ဦးသေဆုံးခဲ့၊ ထီးလင်းမြို့ကို အထိနာခဲ့တဲ့ စစ်ကောင်စီက အင်အားထပ်ဖြည့်ဖို့ရှိနေ

နိုဝင်ဘာလ (၂၉)ရက်။

မနေ့က နံနက် (၉)နာရီခန့်ကစပြီး ထီးလင်းမြို့ရဲ့ အရှေ့ဘက်မြို့အနီးရှိ စခန်းကြီးမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတက်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

“ ထီးလင်းမြို့ရဲ့ အရှေ့ဘက်မြို့နဲ့ (၁)မိုင်လောက်အကွာ စခန်းကြီးမှာ တိုက်ပွဲပြင်းထန်ခဲ့တာပါ။ အဲ့ဒီတိုက်ပွဲမှာ စကစဘက်က အထိနာပြီး နမခဘက်ကနေ လေကြောင်းပစ်ကူပေးခဲ့ရတယ်” လို့ ဆိုပါတယ်။

စခန်းကြီးတိုက်ပွဲဟာ နံနက် (၉)နာရီခန့်ကစပြီး နံနက် (၁၁)နာရီအချိန်အထိ (၂)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ ဗိုလ်ကြီး ညောင်ဦးအပါအဝင် (၁၂)ဦးသေဆုံးခဲ့ပြီး (၁၀)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ တစ်ဦးအရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

“ တိုက်ပွဲမှာ သေတာက ဗိုလ်ကြီး ညောင်ဦးအပါအဝင် စကစတပ်သား (၁၂)ဦးပါ။ ထီးလင်းမြို့ဆေးရုံပေါ်ကို ဒဏ်ရာရ စကစတပ်သား (၁၀)ဦးထက်မနည်း ရောက်ရှိလာခဲ့တယ်။ နောက်ပြ စစ်ကောင်စီတပ်သား ကောင်းသစ်ကို ဖမ်းမိခဲ့တယ်” လို့ သူက ဆက်ပြောပါတယ်။

စခန်းကြီးတိုက်ပွဲထဲ အထိနာခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဗိုလ်ကြီးရဲမာန် ဦးစီးတာဖြစ်ပြီး ဒေသ‌ခံတော်လှန်ရေးတပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်ခံရတာကြောင့် နမခဌာနချုပ်ကို လေကြောင်းပစ်ကူတောင်းပြီး ထီးလင်းမြို့ဘက်ကို နေ့လယ် (၁၂)နာရီခန့်မှာ ပြန်ဆုတ်သွားတာလို့ သိရပါတယ်။

အထိနာခဲ့တဲ့ စစ်ကြောင်းမှူး ဗိုလ်ကြီးရဲမာန်ဦးစီးတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မနေ့က ည (၈)နာရီကျော်အချိန်မှာ ထီးလင်းမြို့အရှေ့ဘက်နေရာတွေကို ၁၂၀မမ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ကာ လာမယ့်ရက်ထဲ စစ်ကြောင်းပြန်ထွက်ဖို့ ညွှန်ကြားထားပါသေးတယ်။

မနေ့က တိုက်ပွဲထဲ အထိခိုက်အကျအဆုံးများခဲ့တဲ့ စစ်ကောင်စီတပ်ဟာ လာမယ့်ရက်သတ္တပတ်ထဲ ထီးလင်းမြို့ကို ရဟတ်ယာဉ်နဲ့ စစ်ကူအင်အား ထပ်လာဖြည့်ဖို့ရှိနေတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားကြပါတယ်။

ဒါ့အပြင် ဒီကနေ့ နေ့လယ် (၄)နာရီခွဲကျော်အချိန်ကလဲ ထီးလင်းနယ်နဲ့ ဂန့်ဂေါနယ်တို့မှာ ပြတ်တောက်နေတဲ့ ဖုန်းလိုင်းတွေအားလုံး ပြန်ရနေပြီဖြစ်ကာ အဲ့ဒီဖုန်းလိုင်းတွေဟာ ပေါက်မြို့နဲ့ ထီးလင်းမြို့အကြား ပြတ်တောက်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က တရက်ထဲ ဗုံး (၈)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 17 Views
ဇွန်လ (၃၀)ရက်။ မနေ့က ကျောက်မဲမြို့ရှိ ရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးအပါအဝင် စုစုပေါင်း ဗုံး (၈)လုံးအထိ
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းထိုးတဲ့ (၄)ရက်ထဲ ပြည်သူ (၁၁)ဦးအထိ သတ်ဖြတ်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 13 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၃)ရက်နေ့ကနေ (၂၆)ရက်နေ့အထိ ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၀၀)ကျော်နဲ့ စစ်ကြောင်းထိုးခဲ့တယ်လို့
မြန်မာသတင်း

လယ်ဒိုမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် (၅)ဦး ဒဏ်ရာရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 12 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့ နေ့လယ် (၁)နာရီ (၂၂)မိနစ်အချိန်က လယ်ဒိုမြို့နယ်ရှိ ဟင်္သာဝဲကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဟင်္သာဝဲရွာထဲကို အကြမ်းဖက်စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 24 Views
မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၂)ဦးသေဆုံးခဲ့ ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၇)ရက်နေ့ ညနေ (၅)နာရီခွဲအချိန်က မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ရော့ကတ် (၁၀)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Chindwin Rocket Brother(CRB)ရဲ့ မနေ့က
မြန်မာသတင်း

စဉ့်ကူးမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 22 Views
ဇွန်လ (၃၀)ရက်။ မနေ့က နံနက် (၁၁)နာရီ (၅၀)မိနစ်အချိန်က စဉ့်ကူးမြို့ လက်ပန်လှရွာရှိ ပြည်စိုးအောင်ရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က (၁၁)နာရီ (၅၀)မိနစ်လောက်မှာ လက်ပန်လှရွာ
မြန်မာသတင်း

ဆားလင်းကြီးမြို့မှာ စစ်ကောင်စီရဲ့ စက်တပ်လေထီးနဲ့ ဗုံးသီးကြဲချတာကြောင့် အရပ်သား (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 37 Views
ဇွန်လ (၂၈)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီက စက်တပ်လေထီးတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ “ မုံရွာနမခကနေ စကစက စက်တပ်လေထီး (၂)စီးနဲ့ ဗုံးသီးတွေကြဲချတာ။ စစ်သင်္ဘောတွေကလဲ မြစ်ကမ်းဘေး ဝဲ၊ယာက
မြန်မာသတင်း

ရန်ကုန်ရှိ စစ်ကောင်စီရဲ့ မှော်ဘီမြို့မရဲစခန်း လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 28 ရက်
  • 42 Views
ဇွန်လ (၂၈)ရက်။ မနေ့က ည (၁၀)နာရီခွဲခန့်မှာ ရန်ကုန်ရှိ စစ်ကောင်စီရဲ့ မှော်ဘီမြို့မရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မှော်ဘီက အကြမ်းဖက်မင်းအောင်လှိုင်လက်အောက်ခံ မှော်ဘီမြို့မရဲစခန်းက အစောင့်ရဲခွေးတွေကို အဝေးထိန်းမိုင်း(၂)လုံးကို
မြန်မာသတင်း

ရွေးကောက်ပွဲပြန်ကျင်းပပြီး လွှတ်တော်ခေါ်ယူတာက နိုင်ငံရေးအရ အကောင်းဆုံးဖြေရှင်းတာဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 28 ရက်
  • 28 Views
ဇွန်လ (၂၈)ရက်။ ရွေးကောက်ပွဲပြန်ကျင်းပပြီး လွှတ်တော်ခေါ်ယူဆောင်ရွက်တာက နိုင်ငံရေးအရ အကောင်းဆုံးဖြေရှင်းတာဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ဘယ်လာရုစ်နိုင်ငံကို ရောက်နေတဲ့ သင်တန်းသားတွေနဲ့ တွေ့ဆုံချိန်‌ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲ မဲမသမာတာတွေကြောင့် နိုင်ငံကို