ဦးခွန်းမတ်ရ်ကိုဘန်ဟာ ၁၉၉၀ ရွေးကောက်ပွဲ အတွေ့အကြုံတွေကနေ အမျိုးသားညွန့်ပေါင်းအစိုးရရဲ့ ဖက်ဒရယ်နဲ့ တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဖက်ဒရယ်ဥပဒေ ဒုတိယမူကြမ်းကို ဦးဆောင်ရေးဆွဲခဲ့သူလည်း ဖြစ်ပါတယ်။
CRPP ဖွဲ့စဉ်က တိုင်းရင်းသားများနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လက်တွဲခဲ့ကြပြီး နောက်ပိုင်းတိုင်းရင်းသားတွေက ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အယုံအကြည်ကင်းမဲ့သွားခဲ့ရတာကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောခဲ့သလို ဒီနေ့ တော်လှန်ရေးကာလမှာလည်း NUG, CRPH, NUCC တို့အနေနဲ့ တိုင်းရင်းသားညီညွတ်ရေးကို တည်ဆောက်နိုင်ဖို့ဘာကြောင့်နှောင့်နှေးနေရတာကို ရှင်းပြသွားတာကို ကြည့်ရှုနားသောတာဆင်နိုင်ပါပြီ။
ခေတ်မျက်လုံးရဲ့ ပင်တိုင်ဆောင်းပါးရှင် ဦးထွန်းအောင်ကျော် (ABSDF ဥက္ကဋ္ဌဟောင်း) လည်း ဝင်ရောက်မေးမြန်းဆွေးနွေးထားပါတယ်။