နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြေပြင်မှာဖြစ်နေတဲ့ တရားဥပဒေစိုးမိုးရေး လျော့ရဲနေတဲ့ပြဿနာတွေကို သေချာပူးပေါင်းလုပ်ဖို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

ဇန်နဝါရီလ (၃၀)ရက်။

မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ တရားဥပဒေစိုးမိုးရေး လျော့ရဲနေတဲ့ ပြဿနာတွေအတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေ သေချာပူးပေါင်းလုပ်ဆောင်ဖို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီကနေ့အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်ဟာ တရားရေးဝန်ကြီးဌာနတစ်ခုထဲနဲ့ သက်ဆိုင်တာမဟုတ်ဘဲ တရားစွဲအဖွဲ့အစည်းထဲပါဝင်နေတဲ့ ပြည်သူ့ရဲတပ်ဖွဲ့တွေ၊ ပလဖ၊ ပကဖ၊ ပအဖ အပါအဝင် သစ်တောဌာန၊ သတ္တုဌာန၊ မြေစာရင်းဌာန စတဲ့ အဖွဲ့အစုံမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

စစ်ရေးလုပ်ငန်းစဉ်တွေမှာ Chain of command အင်မတန်အရေးကြီးသလို အုပ်ချုပ်ရေးဖော်ဆောင်နေတဲ့ မြို့နယ်တွေမှာ တရားဥပဒေစိုးမိုးရေးကိစ္စကလည်း အင်မတန်အရေးကြီးတယ်လို့ ၎င်းက ပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာက တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို စောင့်ကြည့်နေကာ တရားဥပဒေစိုးမိုးရေး အားကောင်းလာတဲ့အခါ အစိုးရအပေါ် ပြည်သူတွေက ယုံကြည်ကိုးစားတာတွေ တိုးတက်လာမှာလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ပုံမှန်ကာလမှာတောင် တရားဥပဒေစိုးမိုးရေးကဏ္ဍဟာ ကိုင်တွယ်ရတာ မလွယ်ကူတာမို့ အခုတော်လှန်ရေးကာလမှာ ပိုမိုခက်ခဲမှာဖြစ်တာကြောင့် ရနိုင်တဲ့နည်းလမ်းတွေရှာပြီး ဖိဖိစီးစီး ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါ့ပြင် ၂၀၂၄ ဟာ စစ်ကောင်စီကို အပြီးတိုင်ချေမှုန်းရမယ့် နှစ်တနှစ်အဖြစ် အားလုံး စဥ်းစားထားကြရမှာဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံကူညီမယ်ဆိုပြီး BGF ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 62 Views
စက်တင်ဘာလ (၅)ရက်။ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံကူညီသွားမယ်ဆိုပြီး နယ်ခြားစောင့်တပ်(BGF)က စက်တင်ဘာလ (၃)ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ BGF ရဲ့
မြန်မာသတင်း

(၈)လတာထဲ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၃၃၀၀)ကျော်ရှိခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 67 Views
စက်တင်ဘာလ (၅)ရက်။ အခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လအထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၃၃၁၈)ကြိမ်အထိ ရှိခဲ့တယ်လို့ NUG ရဲ့
မြန်မာသတင်း

“ ဝ” ဒေသထဲ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာတွေရှိရင် တိုင်ကြားနိုင်တယ်လို့ဆို

  • 2025 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 85 Views
စက်တင်ဘာလ (၅)ရက်။ UWSA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဟိုပန်နဲ့ ပန်လုံမြို့မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာတွေရှိရင် တိုင်ကြားနိုင်တယ်ဆိုပြီး အသိပေးပြောဆိုတာတွေရှိတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မနေ့က ပြုလုပ်ခဲ့တဲ့ “ ဝ” ပြည်နယ်
မြန်မာသတင်း

ကျောက်ကြီး-မုန်းကားလမ်းပိုင်းကို ပြန်ရဖို့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 80 Views
စစ်တပ်ဘက်က ဒုရင်းမှူးနဲ့ တပ်ခွဲမှူးအပါ (၆)ဦးသေဆုံးပြီး (၁၆)ဦးဒဏ်ရာရခဲ့တယ်လို့ KNU ထုတ်ပြန် စက်တင်ဘာလ (၅)ရက်။ စက်တင်ဘာလ (၂)ရက်နေ့က ကျောက်ကြီး-မုန်း ကားလမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးပိုင်းဆိုင်ရာအခြေအနေ ပိုမိုဆိုးရွားလာတယ်လို့ သားဖြစ်သူပြော

  • 2025 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 68 Views
စက်တင်ဘာလ (၅)ရက်။ စစ်တပ်ရဲ့ မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ် အရေးပေါ်စိုးရိမ်ချက်ဆိုကာ သားဖြစ်သူ ကိုထိန်လင်းက ဒီကနေ့မှာ ပြောဆိုလာခဲ့တယ်လို့ သိရပါတယ်။ “ ကျွန်တော့မိခင် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် (၈၀)ရှိပြီဖြစ်ပြီး နှလုံးပိုင်းဆိုင်ရာ အခြေအနေတွေ
မြန်မာသတင်း

ကျောက်မဲမြို့ရှိ ကျေးရွာ(၂)ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲ၊ 

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 93 Views
ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရပြီး စေတီပုထိုးနဲ့ နေအိမ်တွေ ထိမှန်ပျက်စီးခဲ့ စက်တင်ဘာလ (၄)ရက်။ ဒီကနေ့ တရက်ထဲ ကျောက်မဲမြို့ရှိ ပန်သပြေရွာနဲ့ ပန်ကွမ်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ဟာ
မြန်မာသတင်း

စစ်တပ်ရဲ့ ဟုမ္မလင်းလေတပ်စခန်းက ဗိုလ်အဆင့်ရှိသူတဦး သေနတ်နဲ့ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 96 Views
စက်တင်ဘာလ (၄)ရက်။ မနေ့က စစ်တပ်ရဲ့ ဟုမ္မလင်းလေတပ်စခန်းက ဗိုလ်အဆင့်ရှိတဲ့ မြတ်ကိုကိုဆိုသူဟာ သေနတ်နဲ့ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ “ သူက ဟုမ္မလင်း ချင်းတွင်းမြစ်ကူးတံတားထိပ် ကတ်သာရွာဘက်ခြမ်းမှာ လုံခြုံရေးကျနေတဲ့အချိန် သူ့ကိုယ်သူ သေနတ်နဲ့ပစ်သတ်ပြီး
မြန်မာသတင်း

မတ္တရာရှိ ဆည်တော်ကြီးဓါတ်အားပေးစက်ရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်
  • 96 Views
စက်တင်ဘာလ (၄)ရက်။ မနေ့က နေ့လယ် (၂)နာရီခန့်မှာ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ဓါတ်အားပေးစက်ရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၂)နာရီလောက် စစ်တပ်က မတ္တရာရှိ ဆည်တော်ကြီး