နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး၀င်တာကြောင့် ကိုယ်၀န်ဆောင်အမျိုးသမီးတစ်ဦး သွေးလန့်သေဆုံးခဲ့ရ

မတ်လ (၃၀)ရက်။

မနေ့က နံနက် (၁၀)နာရီအချိန်မှာ ဆားလင်းကြီးမြို့မြောက်ခြမ်းရှိ ကံကုန်းရွာထဲ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး၀င်တာကြောင့် ကိုယ်၀န်ဆောင်အမျိုးသမီးတစ်ဦး သွေးလန့်သေဆုံးခဲ့ရတယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းထံက သိရပါတယ်။

ကံကုန်းရွာထဲကို စစ်ကောင်စီက စစ်အင်အားပါ သံပြားကာကား (၂)စီးနဲ့ ၀င်ရောက်လာတာကြောင့် ပြည်သူတွေထွက်ပြေးနေရတဲ့အချိန် သားဖွားမိခင်တစ်ဦးဟာ သွေးနုသားနုနဲ့ ကြောက်လန့်ကာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

သေဆုံးခဲ့တဲ့ အမျိုးသမီးမှာ လူမမယ်ကလေးငယ် (၂)ဦးရှိပြီး အသက် (၃၂)နှစ်အရွယ်ရှိ မသီတာ(အမည်လွှဲ)ဖြစ်ကာ (၄)နှစ်သားအရွယ်နဲ့ ရက်သားအရွယ်ကလေးအပြင် ဖခင်ဖြစ်သူတို့ ကျန်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ စစ်အင်အားပါ စစ်ကား (၂)စီးဟာ ကံကုန်းရွာထဲကနေ ထွက်လာခဲ့ပြီး အနီးအနားကကျေးရွာတွေထဲ ၀င်ရောက်ခဲ့တာကြောင့် ကျေးရွာ(၁၀)ရွာက ပြည်သူတွေ ယာယီစစ်ဘေးတိမ်းရှောင်နေရတယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီစစ်ကောင်စီရဲ့ သံပြားကာကား(၂)စီးဟာ ညောင်ပင်ကြီးရွာကနေ ပြန်လည်ဆုတ်ခွာခဲ့ပြီး အေးကုန်းရွာထဲ စစ်ကားတစ်စီး ၀င်ရောက်ကာ ရွာဘုန်းကြီးကျောင်းထဲနဲ့ ကျန်တစ်စီးက ကံကုန်းရွာထဲ ညအိပ်တပ်စွဲနေတယ်လို့ ပြောဆိုထားပါတယ်။

အခုအခါ ကံကုန်းရွာအပါအ၀င် ကျေးရွာ (၃)ရွာခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သပိတ်စစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတရပ်ပြုလုပ်ခဲ့

  • 2024 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 12 Views
ဇူလိုင်လ (၁၅)ရက်။ ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့တယ်လို့ North Dagon Oppressed People’s
မြန်မာသတင်း

ညောင်ရွှေမြို့မှာ PNO ပြည်သူ့စစ် (၂)ဦး တိုက်ခိုက်ခံရပြီးသေဆုံးခဲ့

  • 2024 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 6 Views
ဇူလိုင်လ (၁၅)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်မှာ ဆိုင်ကယ်နဲ့ထွက်လာတဲ့ PNO ပြည်သူ့စစ်တပ်ဖွဲ့၀င် (၂)ဦးကို တိုက်ခိုက်ခဲ့တယ်လို့ ပျားစစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ရေစကြိုမြို့နယ်က ကျေးရွာပေါင်း (၁၃၀) ရေလွှမ်းမိုးနေ၊ လူဦးရေ (၁)သိန်းခန့် ရေဘေးနဲ့ကြုံနေရ

  • 2024 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 4 Views
ဇူလိုင်လ (၁၅)ရက်။ ထူးကဲမြစ်ရေ မြင့်တက်တာတွေကြောင့် ရေစကြိုမြို့နယ်မှာ ကျေးရွာပေါင်း (၁၃၀) ရေလွှမ်းမိုးနေတယ်လို့ မြို့နယ်-ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇူလိုင်လ (၆)ရက်နေ့ကစပြီး ရုတ်တရက် ထူးကဲမြစ်ရေ မြင့်တက်တာတို့ကြောင့် စိုက်ပျိုးသီးနှံတွေအားလုံး ဆုံးရှုံးခဲ့ရတဲ့အပြင် အိမ်ထောင်စု
မြန်မာသတင်း

ရွှေဘိုမြို့ရှိ ကူးတို့ဆိပ် ပျူစောထီးရွာစခန်းကို ကာကွယ်ရေးအဖွဲ့တွေ သိမ်းပိုက်ခဲ့

  • 2024 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 6 Views
ရွှေဘိုမြို့ရှိ ကူးတို့ဆိပ် ပျူစောထီးရွာစခန်းကို ကာကွယ်ရေးအဖွဲ့တွေ သိမ်းပိုက်ခဲ့ ဇူလိုင်လ (၁၅)ရက်။ ‌ဇူလိုင်လ (၁၃)ရက်နေ့ နံနက်(၆)နာရီအချိန်မှာ ရွှေဘိုမြို့၊ ကူးတို့ဆိပ် ပျူစောထီးရွာစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ 96 Soldiers PDF(အညာဒေသ)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ရန်ကုန်က ဝမ်းရောဂါ ဖြစ်ပွားသူတွေထဲ သေဆုံးသူထပ်ရှိပေမယ့် စစ်ကောင်စီကတော့ ဝန်မခံထား

  • 2024 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 38 Views
ဇူလိုင်လ (၁၅)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်တိုင်းထဲ ၀မ်းရောဂါဖြစ်ပွားသူတွေထဲမှာ အမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့ပေမယ့် စစ်ကောင်စီကတော့ နေ့စဉ်ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားတာမရှိဘူးလို့ သိရပါတယ်။ ဇူလိုင်လ (၆)ရက်နေ့ကစပြီး ရန်ကုန်က မြို့နယ်အချို့မှာ ၀မ်းရောဂါ အစုလိုက်အပြုံလိုက် ကူးစက်ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ (၁၄)ရက်နေ့အထိ
မြန်မာသတင်း

ATM စက်တွေမှာ ငွေဖြည့်ပေးထားတယ်လို့ ပုဂ္ဂလိကဘဏ်တွေကြေညာ

  • 2024 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 13 Views
ဇူလိုင်လ (၁၅)ရက်။ လူစည်ကားရာနေရာတွေနဲ့ ဘဏ်ခွဲတွေက ATM စက်တွေမှာ ငွေဖြည့်ထားပေးတယ်လို့ ပုဂ္ဂလိကဘဏ်တွေရဲ့ ဒီကနေ့ နံနက်ပိုင်းမှာ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ အခုလို ATM ငွေသားထုတ်ယူတဲ့စက်တွေမှာ ငွေဖြည့်ပေးထားတဲ့အကြောင်းကို ပုဂ္ငလိကဘဏ်တွေဖြစ်တဲ့ CB Bank နဲ့
1027 Operations မြန်မာသတင်း

(၄) ရက်ကြာ အပစ်ရပ်မယ်လို့ ကိုးကန့်တပ် ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 9 Views
+++++++++++++++++++++++++++++ ဇူလိုင်လ (၁၄) ရက်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ် အစည်းအဝေး ရှိနေတဲ့ အတွက် ဒီနေ့ (၁၄) ရက်နေ့ ညကနေ (၁၈) ရက်နေ့အထိ အပစ်ရပ်မယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ တရုတ်ရဲ့
1027 Operations မြန်မာသတင်း

လောက်ကိုင်မြို့လယ်ကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်

  • 2024 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 8 Views
ဇူလိုင်လ (၁၄) ရက်။ ရှမ်းမြောက်၊ လောက်ကိုင်ဒေသ လောက်ကိုင်မြို့လယ်ကို စစ်ကောင်စီကလေကြောင်းကနေ တိုက်ခိုက်သွားတယ်လို့ ကိုးကန့်တပ်ရဲ့ သတင်းဌာန The Kokang က ရုပ်သံနဲ့ သတင်းထုတ်ပြန်ပါတယ်။ ဒီကနေ့ ဇူလိုင်လ (၁၄) ရက်နေ့ မနက်အစောပိုင်း