စက်တင်ဘာလ (၃၀)ရက်။
ချင်းညီနောင်အဖွဲ့၀င်ဖြစ်တဲ့ CDF-Matupi(တပ်မဟာ-၁)ကို အာရက္ခတပ်တော်(AA)က လက်နက်ခဲယမ်းအချို့ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
CDF-Matupi(တပ်မဟာ-၁)ကို အာရက္ခတပ်တော်(AA)က လက်နက်ခဲယမ်းအချို့ ကူညီထောက်ပံ့ပေးအပ်တဲ့ အခမ်းအနားကို စက်တင်ဘာ (၂၇)ရက်က ကျင်းပခဲ့ပြီး နှစ်ဖက် တပ်မမှူးတွေနဲ့ တပ်ဖွဲ့၀င်တွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
တက်ရောက်လာတဲ့ တပ်မမှူးတွေက အဖွဲ့နှစ်ခုအကြား အားကောင်းလာတဲ့ မဟာမိတ်ဆက်ဆံရေးတွေကို ဆက်လက်အားကောင်းစေဖို့နဲ့ စစ်ရေးပူးပေါင်းတာ အခုထက် ပိုမိုအားကောင်းစေဖို့ ပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး အိမ်နီးချင်း အတူနေထိုင်လာကြတဲ့ လူမျိုးအချင်းချင်းအကြား ချစ်ခင်ရင်းနှီးတာတွေ ပိုမိုတိုးပွားလာစေဖို့ကိုလဲ နှစ်ဖက်တပ်မမှူးတွေက ထည့်သွင်းပြောဆိုခဲ့ကြတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ချင်းပြည်နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ ကင်းစင်ဖို့တိုက်ပွဲမှာ အိမ်နီးချင်းမဟာမိတ်ပီသစွာနဲ့ ပူးပေါင်းတိုက်ပွဲ၀င်ပြီး လက်နက်ခဲယမ်း ထောက်ပံ့တဲ့အပေါ် AA ကို ကျေးဇူးတင်တယ်လို့ CDF-Matupi ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။



