နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

(၁၀)လတာထဲ စစ်ကြောရေး၊ ရဲစခန်းနဲ့ ထောင်တွေမှာ သေဆုံးတဲ့ နိုင်/ကျဉ်း (၅၀)ဦးထိရှိခဲ့

အောက်တိုဘာလ (၃၀)ရက်။

(၁၀)လတာထဲ စစ်အုပ်စု ဖမ်းဆီးပြီးနောက် သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား (၅၀)ဦးအထိရှိတယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်းပြီးနောက် သေဆုံးသူတွေဟာ စစ်ကြောရေးမှာ အမျိုးသား (၁၂)ဦး၊ ရဲစခန်းမှာ အမျိုးသား (၁၁)ဦး၊ အကျဉ်းထောင်တွေထဲ အမျိုးသမီး (၂)ဦးနဲ့ အမျိုးသား (၂၅)ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ (၁၇)ရက်နေ့ကလဲ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုရဲအောင်(ခ)ကိုချမ်းဟာ ထားဝယ်ပြည်သူ့ဆေးရုံကြီးမှာ ထောင်ထဲ လေဖြတ်ရောဂါခံစားခဲ့ရပြီး ဆေးကုသမှု အပြည့်အဝမရတာကြောင့် သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုရဲအောင်(ခ)ကိုချမ်းဟာ ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာမှာနေပြီး စစ်အုပ်စုက ဖမ်းဆီးသွားပြီးနောက် အကြမ်းဖက်ပုဒ်မတွေနဲ့ ထောင်ဒဏ် (၁၀)နှစ် ချမှတ်ခံရတာပါ။

ဒါဟာ AAPP အနေနဲ့ ဇန်နဝါရီလ (၁)ရက်နေ့ကနေ အောက်တိုဘာလ (၂၉)ရက်နေ့အထိ ရရှိထားတဲ့စာရင်းတွေဖြစ်ပြီး သေဆုံးသူတွေကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

မတရားအာဏာလုတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၀၀၀)ကျော်အထိရှိခဲ့ပြီး အဲ့ဒီထဲက (၂၁၀၀၀)ကျော်ဟာ ဖမ်းဆီးခံထားရဆဲဖြစ်သလို (၉၄၀၀)ကျော်ဟာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွှေကုက္ကိုလ်၊ KK Park နဲ့ မယ်ထော်သလေးတို့မှာ ပြည်ပနိုင်ငံသား (၂၀၀)ကို စစ်ကောင်စီထပ်ဖမ်း

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 9 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ မနေ့က မြဝတီမြို့ရှိ ရွှေကုက္ကိုလ်၊ KK Park နဲ့ မယ်ထော်သလေးနယ်မြေတို့မှာ ကျားဖြန့်လုပ်ကိုင်နေတဲ့ ပြည်ပနိုင်ငံသား (၂၀၀)ကို
မြန်မာသတင်း

(၃)ရက်တာထဲ စစ်ကောင်စီတပ်သား (၂၃)ဦးကို လက်နက်ခဲယမ်းတွေနဲ့ ဖမ်းမိခဲ့တယ်လို့ CDF-ASHO ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 15 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ ဖေဖော်ဝါရီလ (၂၄)ရက်ကနေ (၂၆)ရက်နေ့အထိ တောထဲနေရာတွေကနေ စခန်းစွန့်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား (၂၃)ဦးကို ဖမ်းမိခဲ့တယ်လို့ CDF-ASHO ရဲ့
မြန်မာသတင်း

ဆားလင်းကြီးမြို့က ကျေးရွာတွေမှာ ဗုံးခိုကျင်းနဲ့ ကတုတ်ကျင်းတွေ တူးဖော်ကြဖို့ မြို့နယ်ပအဖ ညွှန်ကြား

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 16 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ ဆားလင်းကြီးမြို့နယ်ထဲရှိ ကျေးရွာတွေမှာ ဗုံးခိုကျင်းနဲ့ ကတုတ်ကျင်းတွေ တူးဖော်ကြဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ညွှန်ကြားထားတယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ဗုံးခိုကျင်းနဲ့ ကတုတ်ကျင်းတွေ တူးဖော်နိုင်ဖို့ကို ယင်းမာပင်ခရိုင်ပအဖက ဖေဖော်ဝါရီလ (၂၂)ရက်နေ့ရက်စွဲနဲ့ အကြောင်းကြားလာခဲ့တာလို့ ဆိုပါတယ်။ ယင်းမာပင်ခရိုင်ထဲ
မြန်မာသတင်း

မုံရွာရှိ MRTV အသံလွှင့်တာဝါတိုင်ကုန်းစခန်းကို သိမ်းပိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 13 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ မနေ့က နံနက်ပိုင်းအချိန်က မုံရွာမြို့ ခတက္ကန်ရွာ အရှေ့ဘက်ရှိ MRTV အသံလွှင့်တာဝါတိုင်ကုန်းစခန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ MRTV အသံလွှင့်တာဝါတိုင်ကုန်း(ဗောဓိတထောင်)စခန်းမှာ ရဲအင်အား (၁၇)ဦး အခြေချထားပြီး
မြန်မာသတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းက စစ်ကောင်စီဂိတ်စခန်းတွေ တိုက်ခိုက်ချေမှုန်းခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 13 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ အခု (၂)ရက်တာထဲ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ စစ်ကောင်စီဂိတ်စခန်း (၇)ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖေဖော်ဝါရီလ (၂၅)ရက်နဲ့ (၂၆)ရက်နေ့တို့မှာ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် စစ်ကောင်စီတပ်တွေ
1027 Operations မြန်မာသတင်း

စစ်အုပ်စုကို တရားစွဲဖို့လုပ်တဲ့ ဘယ်အဖွဲ့နဲ့မဆို ပူးပေါင်းရမယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ စစ်ရာဇဝတ်မှုပေါင်းစုံ ကျူးလွန်နေတဲ့ စစ်အုပ်စုကို တရားစွဲဖို့လုပ်တဲ့ ဘယ်အဖွဲ့နဲ့မဆို ပူးပေါင်းဖို့လိုတယ်လို့ TNLA ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ် တားဘုန်းကျော်က ဒီကနေ့မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ “ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ (သို့) နိုင်ငံတခုခုက
မြန်မာသတင်း

ပေါင်မြို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလင်မယား(၂)ဦး ပစ်ခတ်ခံရပြီး သေဆုံး

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 14 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ပေါင်မြို့နယ်ရှိ ညောင်ကုန်းကြီးရွာရဲ့ အုပ်ချုပ်ရေးမှူး လင်မယား (၂)ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေထံက သိရပါတယ်။ “ ညောင်ကုန်းကြီးရွာ အုပ်ချုပ်ရေးမှူး မြင့်စိုးနဲ့ သူ့မိန်းမ
မြန်မာသတင်း

ကန့်ဘလူ ပလဖအချုပ်ခန်းမှာ အချုပ်သူကို မုဒိန်းကျင့်လို့ တာဝန်ကနေ ရပ်ဆိုင်းခံရတဲ့ ပအဖခေါင်းဆောင် စစ်အုပ်စုနဲ့ ပူးပေါင်းသွားတယ်လို့ဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 17 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ ကန့်ဘလူမြို့ရှိ ပလဖအချုပ်ခန်းတခုမှာ အချုပ်သူတစ်ဦးကို မုဒိန်းကျင့်တဲ့ ပအဖတာဝန်ခံ မြင့်ဇော်ဦး(ခ)မဲခေါင်ဟာ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီလို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ ဦးမဲခေါင် စစ်အုပ်စုနဲ့ပေါင်းသွားတယ်ဆိုပြီး အခုရက်ပိုင်းထဲ ပြောနေကြတာတော့ကြားတယ်။ ဖြစ်နိုင်ချေ ရာခိုင်နှုန်းကတော့ များတယ်။