နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဂွမြို့ကို (၂)ပတ်ကြာ ထိုးစစ်အပြီး သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA အတည်ပြုထုတ်ပြန်

ဒီဇင်ဘာလ (၃၀)ရက်။

ဒီဇင်ဘာလ (၁၅)ရက်နေ့ကစပြီး ဂွမြို့ကို ထိုးစစ်ဆင်ခဲ့ရာ (၂)ပတ်အကြာမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ AA ရဲ့ ဒီကနေ့မှာ အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။

မနေ့က ဒီဇင်ဘာလ (၂၉)ရက်နေ့မှာ စစ်ကောင်စီရဲ့ ဂွမြို့အခြေစိုက် တပ်ရင်း(၂)ခုဖြစ်တဲ့ ခမရ(၅၆၂)နဲ့ (၅၆၃)တို့ကို ရှေ့ဆင့်နောက်ဆင့် တစ်ရက်ထဲ သိမ်းပိုက်ရရှိခဲ့တာလို့ ဆိုပါတယ်။

ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီရဲ့ ဂွမြို့ကို အင်အား (၁၂၀၀)ကျော်နဲ့ ခုခံကာကွယ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ AA ရဲ့ ထိုးစစ်တွေကို ဘယ်လိုမှမယှဉ်နိုင်ဘဲ လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဂွမြို့သိမ်းတိုက်ပွဲ ထိုးစစ်အစကနေ အဆုံးထဲ စစ်ကောင်စီဘက်က တပ်မ(၁၁)တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်းအပါအဝင် တပ်ရင်းမှူးအချို့နဲ့ အခြားအဆင့်တွေအပြင် စုစုပေါင်း (၇၀၀)ကျော် သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး တိုက်ပွဲကြောင့် ပျက်စီးသွားတဲ့ သံချပ်ကာအချို့၊ စစ်အသုံးအဆောင် လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းအများအပြားကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ဂွမြို့ကို စစ်ကူလာတဲ့ တပ်မ(၆၆)လက်အောက်ခံ ခမရ(၄)တပ်ရင်း၊ တပ်မ(၁၁)လက်အောက်ခံ ခမရ(၂၁၄/၂၁၅/၂၁၇)နဲ့ နတခလက်အောက်ခံ ခလရ(၃၆/၃၈/၉၃/၂၇၁)နဲ့ ခမရ(၃၀၈)တို့ကို မရပ်မနား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က ရေကြောင်း၊ လေကြောင်းအပြင် သံချပ်ကာ (၁၀)စီး၊ စစ်ကူအများအပြားနဲ့ ခုခံပေမယ့်လဲ ဂွမြို့မှာ AA ရဲ့ ၂၀၂၄ခုနှစ်ထဲ နောက်ဆုံးသိမ်းပိုက်ရရှိခဲ့တဲ့ အာရက္ခဒေသရဲ့ တောင်ဖက်အကျဆုံးမြို့ ဖြစ်လာခဲ့ပြီလို့ ထုတ်ပြန်ထားပါတယ်။

ဂွမြို့သိမ်းတိုက်ပွဲထဲ သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့တဲ့ အာရက္ခစစ်သည်တော်တွေနဲ့ အသက်၊ ခန္ဓာ ပေးဆပ်စွန့်လွှတ်ခဲ့ကြတဲ့ အာရက္ခစစ်သည်တော်တွေကို မှတ်တမ်းတင် ဂုဏ်ပြုတယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဖြူးမြို့ရှိ ဟိန္ဒူဘုရားကျောင်းကို စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲ၊ အရပ်သား (၇)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 2 Views
ဇန်နဝါရီလ (၂)ရက်။ ဒီဇင်ဘာလ (၃၁)ရက်နေ့က ဖြူးမြို့နယ်၊ ဇေယျဝတီမြို့အရှေ့ဘက်ရှိ ရမ်းနဂါးရွာ ဟိန္ဒူဘုရားကျောင်းကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့
မြန်မာသတင်း

NUG အစိုးရအဖွဲ့ဝင်တွေကို ပြုပြင်ပြောင်းလဲဖို့ ပြင်ဆင်နေတယ်လို့ ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 2 Views
ဇန်နဝါရီလ (၂)ရက်။ NUG အစိုးရအဖွဲ့ဝင်တွေကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပြုပြင်ပြောင်းလဲဖို့ ပြင်ဆင်နေတယ်လို့ ယာယီသမ္မတ ဒူးဝါလရှီးလရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောဆိုထားချက်အရ သိရပါတယ်။
မြန်မာသတင်း

မန္တလေးရှိ ရွှေစင်အကယ်ဒမီရွှေဆိုင်ကို လုယက်သူတွေထဲ (၂)ဦး ဖမ်းမိတယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 2 Views
ဇန်နဝါရီလ (၂)ရက်။ မန္တလေး မဟာအောင်မြေမြို့နယ်ရှိ ရွှေစင်အကယ်ဒမီရွှေဆိုင်ကို လုယက်ခဲ့သူတွေထဲက အမျိုးသား (၂)ဦးကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရွှေစင်အကယ်ဒမီရွှေဆိုင်ကို ဆိုင်ကယ်တစ်စီးနဲ့ နှာခေါင်းစည်းတွေတပ်ထားတဲ့ အမျိုးသား (၃)ဦး ရောက်ရှိလာပြီး ဆိုင်ထဲ
မြန်မာသတင်း

နေပြည်တော်မှာ ရဲလင်မယားနှစ်ဦး စကားများပြီး သေနတ်နဲ့ ပစ်ခတ်အဆုံးစီရင်မှုဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 3 Views
ဇန်နဝါရီလ (၂)ရက်။ မနေ့က ည(၆)နာရီဝန်းကျင် နေပြည်တော် လယ်ဝေးမြို့နယ်ရှိ သာဝတ္ထိမြို့မှာ ရဲလင်မယားနှစ်ဦး စကားများပြီး သေနတ်နဲ့ပစ်ခတ်ကာ အဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်ထံက သိရပါတယ်။ “ ဖြစ်တာက မိန်းမဖြစ်သူရဲ့ အမေအိမ်မှာပါ။ ပထမတော့ စကားများတာ
မြန်မာသတင်း

သင်္ဘောတွေမှာ ဘတ္ထရီစနစ်သုံးဖို့ စစ်ခေါင်းဆောင် တိုက်တွန်း

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 3 Views
ဇန်နဝါရီလ (၂)ရက်။ သင်္ဘောတွေမှာ ဘတ္ထရီစနစ် အသုံးပြုနိုင်ဖို့ သုတေသနပြုဆောင်ရွက်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ရန်ကုန်ရှိ ဒလသင်္ဘောကျင်း နှစ်(၁၅၀)ပြည့်ပွဲမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ သင်္ဘောခုတ်မောင်းသွားလာဖို့ အင်ဂျင်တွေဟာ ကျောက်မီးသွေးသုံး ဘွိုင်လာကနေ ဒီဇယ်အင်ဂျင်အထိ နည်းပညာပိုင်းအရ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

အခုနှစ်ထဲ ကရင်နီပြည်ရှိ စစ်ကောင်စီစခန်းတွေ အပြီးသိမ်းနိုင်ဖို့ လုပ်ဆောင်မယ်လို့ KNDF ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 3 Views
ဇန်နဝါရီလ (၂)ရက်။ အခု ၂၀၂၅ခုနှစ်ထဲ ကရင်နီပြည်နယ်ရှိ စစ်ကောင်စီစခန်းတွေကို အပြီးသတ် သိမ်းပိုက်သွားနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ KNDF ဥက္ကဋ္ဌ ခွန်းဘီထူးရဲ့ မနေ့က ပြောဆိုထားချက်အရ သိရပါတယ်။ “ ဒီ ၂၀၂၅ထဲမှာ ကျွန်တော်တို့ပြည်နယ်ထဲက စခန်းတွေကို
မြန်မာသတင်း

နိုင်ငံထဲ လူဦးရေ (၅၁)သန်းကျော်ထဲ (၁၉)သန်းကျော်က သန်းခေါင်စာရင်းမကောက်နိုင်တဲ့ ဒေသတွေကို စစ်ကောင်စီ ခန့်မှန်းထည့်သွင်းထား

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 4 Views
ဇန်နဝါရီလ (၁)ရက်။ မြန်မာနိုင်ငံမှာ လူဦးရေ (၅၁)သန်းကျော်ရှိတယ်ဆိုပြီး စစ်ကောင်စီက ထုတ်ပြန်တာမှာ သန်းခေါင်စာရင်းမကောက်နိုင်တဲ့ ဒေသတွေကိုပါ ခန့်မှန်းထည့်သွင်းထားတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲ သန်းခေါင်စာရင်းကောက်ယူရရှိခဲ့တဲ့ လူဦးရေဟာ (၃၂)သန်းကျော်ဖြစ်ပြီး သန်းခေါင်စာရင်း မကောက်နိုင်ခဲ့တဲ့
မြန်မာသတင်း

၂၀၂၅ မှာ မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်မည်ဟု ကျောင်းသားလက်ရုံးတပ် ပြော 

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 11 Views
ဇန်နဝါရီလ (၁) ရက်။ ဒီနှစ် ၂၀၂၅ နှစ်အတွင်းမှာ မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်ဝင်ရောက်နိုင်ရေး စစ်ဆင်ရေးရည်မှန်းချက်တွေ ထားရှိထားတယ်လို့ ကျောင်းသားလက်ရုံးတပ်တော် SAF က ဒီနေ့ ဇန်နဝါရီ ၁ ရက်နေ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ပြီးခဲ့တဲ့၂ နှစ်ကတည်းက