နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဂွမြို့ကို (၂)ပတ်ကြာ ထိုးစစ်အပြီး သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA အတည်ပြုထုတ်ပြန်

ဒီဇင်ဘာလ (၃၀)ရက်။

ဒီဇင်ဘာလ (၁၅)ရက်နေ့ကစပြီး ဂွမြို့ကို ထိုးစစ်ဆင်ခဲ့ရာ (၂)ပတ်အကြာမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ AA ရဲ့ ဒီကနေ့မှာ အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။

မနေ့က ဒီဇင်ဘာလ (၂၉)ရက်နေ့မှာ စစ်ကောင်စီရဲ့ ဂွမြို့အခြေစိုက် တပ်ရင်း(၂)ခုဖြစ်တဲ့ ခမရ(၅၆၂)နဲ့ (၅၆၃)တို့ကို ရှေ့ဆင့်နောက်ဆင့် တစ်ရက်ထဲ သိမ်းပိုက်ရရှိခဲ့တာလို့ ဆိုပါတယ်။

ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီရဲ့ ဂွမြို့ကို အင်အား (၁၂၀၀)ကျော်နဲ့ ခုခံကာကွယ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ AA ရဲ့ ထိုးစစ်တွေကို ဘယ်လိုမှမယှဉ်နိုင်ဘဲ လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဂွမြို့သိမ်းတိုက်ပွဲ ထိုးစစ်အစကနေ အဆုံးထဲ စစ်ကောင်စီဘက်က တပ်မ(၁၁)တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်းအပါအဝင် တပ်ရင်းမှူးအချို့နဲ့ အခြားအဆင့်တွေအပြင် စုစုပေါင်း (၇၀၀)ကျော် သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး တိုက်ပွဲကြောင့် ပျက်စီးသွားတဲ့ သံချပ်ကာအချို့၊ စစ်အသုံးအဆောင် လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းအများအပြားကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ဂွမြို့ကို စစ်ကူလာတဲ့ တပ်မ(၆၆)လက်အောက်ခံ ခမရ(၄)တပ်ရင်း၊ တပ်မ(၁၁)လက်အောက်ခံ ခမရ(၂၁၄/၂၁၅/၂၁၇)နဲ့ နတခလက်အောက်ခံ ခလရ(၃၆/၃၈/၉၃/၂၇၁)နဲ့ ခမရ(၃၀၈)တို့ကို မရပ်မနား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က ရေကြောင်း၊ လေကြောင်းအပြင် သံချပ်ကာ (၁၀)စီး၊ စစ်ကူအများအပြားနဲ့ ခုခံပေမယ့်လဲ ဂွမြို့မှာ AA ရဲ့ ၂၀၂၄ခုနှစ်ထဲ နောက်ဆုံးသိမ်းပိုက်ရရှိခဲ့တဲ့ အာရက္ခဒေသရဲ့ တောင်ဖက်အကျဆုံးမြို့ ဖြစ်လာခဲ့ပြီလို့ ထုတ်ပြန်ထားပါတယ်။

ဂွမြို့သိမ်းတိုက်ပွဲထဲ သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့တဲ့ အာရက္ခစစ်သည်တော်တွေနဲ့ အသက်၊ ခန္ဓာ ပေးဆပ်စွန့်လွှတ်ခဲ့ကြတဲ့ အာရက္ခစစ်သည်တော်တွေကို မှတ်တမ်းတင် ဂုဏ်ပြုတယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့