နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီနှင့် နီးစပ်သည့် ထွန်းမင်းလတ်ကို ထိုင်းတရားရုံးက တရားသေလွှတ်

ဇန်နဝါရီလ (၃၁) ရက်။

ပြီးခဲ့သည့် တစ်နှစ်ကျော်က ဘန်ကောက်မြို့တွင် ဖမ်းဆီးခံခဲ့ရကာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများတွင် ပါဝင်မှုဖြင့် တရားစွဲဆိုခံထားရသည့် စစ်ကောင်စီနှင့် နီးစပ်သည့် ထွန်းမင်းလတ်ကို ထိုင်းတရားရုံးက ဇန်နဝါရီလ (၃ဝ) ရက်နေ့တွင် တရားသေလွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု အပါအဝင် အခြားဆက်စပ်သော စွဲချက်များဖြင့် တရားစွဲဆိုခံထားရသည့် ထွန်းမင်းလတ်နှင့် အခြားသံသယရှိသူ (၃) ဦးတို၏ အမှု (၃၂) ခုနှင့်ပတ်သက်ပြီး ရဲများလက်ဝယ်ရှိသည့် သက်သေများမှာ မလုံလောက်သည့်အတွက် ထိုင်းရာဇဝတ်တရားရုံးက ယခုကဲ့သို တရားသေလွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။

ထွန်းမင်းလတ်ကို ဖမ်းဆီးပြီးနောက် ထိုင်းရဲတပ်ဖွဲ့က ၎င်းပိုင်ဆိုင်သည့် ငွေကြေး၊ ကား၊ ဇိမ်ခံပစ္စည်းများ၊ ဟိုတယ်၊ အပန်းဖြေကမ်းခြေများကို သိမ်းဆည်းခဲ့ပြီး ၎င်းပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ ထိုင်းဘတ် ၁ ဒသမ ၈ ဘီလျံကျော် ရှိကြောင်းလည်း သိရသည်။

ထိုင်းရဲတပ်ဖွဲက ထွန်းမင်းလတ်ကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ ငွေကြေးခဝါချမှုတိုကို လုပ်ဆောင်ခဲ့သည်ဟုဆိုကာ ၂ဝ၂၂ ခုနှစ် စက်တင်ဘာလတွင် ဘန်ကောက်မြိုမှာ ဖမ်းဆီးခဲ့သည်။

ထွန်းမင်းလတ်သည် စစ်ကောင်စီကို ကူညီထောက်ပံ့ပေးနေသူဖြစ်သလို မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းများကိုလည်း လုပ်ကိုင်နေပြီး ငွေကြေးခဝါချမှု

များကိုလည်း လုပ်ဆောင်နေသူဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲက ထုတ်ဖော်ပြောဆိုထားသည်။

ထိုအပြင် ထိုင်းအထက်လွှတ်တော်အမတ် Upakit Pachariyangkun သည် မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှု၊ ငွေကြေးခဝါချမှုတိုတွင်

ပူးပေါင်း ပါဝင်မှုဖြင့် ပြီးခဲ့သည့်လက စွဲချက်တင်ခံခဲ့ရပြီး ၎င်း၏ပထမဆုံး အကြိမ်ကြားနာမှုကို မေလတွင် လုပ်ဆောင်မည်ဖြစ်ကြောင်းလည်း သိရသည်။

ထွန်းမင်းလတ်နှင့်အတူ ဖမ်းဆီးခံထားရသည့် အထက်လွှတ်တော်အမတ်၏ သမက်ဖြစ်သူ Dean Young Gultula ကိုလည်း ထွန်းမင်းလတ်နှင့်အတူ တရားရုံးက ၎င်း၏အမှုကို ပလပ်လိုက်သည်။

ထိုင်းအရေးကျွမ်းကျင်သူ စတီဗင်စန်းယုကလည်း ထွန်းမင်းလတ်အမှုကို တရားသေလွှတ်မှာ ဖြစ်ကြောင်း ခေတ်မျက်လုံး၏ အပတ်စဉ်အစီအစဉ် “ မြန်မာ့နိုင်ငံအရေးနှင့် ထိုင်းအတွေး” အပိုင်းလေး (၄) သုံးသပ်ချက်တွင် ကြိုတင် ပြောကြားခဲ့သေးသည်။

Source: ရိုက်တာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့ နည်းလမ်းအမျိုးမျိုး အသုံးပြုပြီး ဆန့်ကျင်ကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 24 Views
ဇူလိုင်လ (၅)ရက်။ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်အုပ်ချုပ်ရေး အဆုံးသတ်ဖို့ နည်းလမ်းအမျိုးမျိုး အသုံးပြုပြီး ဆန့်ကျင်ကြဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့
မြန်မာသတင်း

သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ပြည်သူ့ဆေးရုံအပါအဝင် အဆောက်အဦးအချို့ ထိမှန်ပျက်စီးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 20 Views
ဇူလိုင်လ (၅)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန်က သီပေါမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA
မြန်မာသတင်း

တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆန့်ကျင်ဖို့ NUCC နဲ့ NUG တို့ ပန်ကြားစာပေးပို့

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 21 Views
ဇူလိုင်လ (၅)ရက်။ စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲနဲ့ အတုအယောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အတူဆန့်ကျင်ဖို့ တော်လှန်ရေးအင်အားစုတွေကို NUCC နဲ့ NUG တို့က ဒီကနေ့မှာ မေတ္တာရပ်ခံတဲ့ ပန်ကြားစာ‌တစောင် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီပန်ကြားစာကို NUCC
မြန်မာသတင်း

PDF တွေအပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ရွေးကောက်ပွဲဝင်ဖိုဆိုပြီး စစ်ကောင်စီ ထပ်မံဖိတ်ခေါ်

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 20 Views
ဇူလိုင်လ (၅)ရက်။ PDF တွေအပါအဝင် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ရွေးကောက်ပွဲလမ်းကြောင်းကို ပူးပေါင်းပါဝင်ဖို့ဆိုပြီး စစ်ကောင်စီက မနေ့က ထပ်မံဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီက ပြည်ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက်ဆိုပြီး ထုတ်ပြန်ထားကာ အဲ့ဒီဖိတ်ခေါ်ချက်ထဲ NUG၊ CRPH နဲ့ PDF
မြန်မာသတင်း

နောင်ချိုမြို့မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေ

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 29 Views
ဇူလိုင်လ (၄)ရက်။ နောင်ချိုမြို့ရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နှစ်ဖက်တိုက်ပွဲတွေဟာ နောင်လင်၊ ကျောက်တော်၊ အုမ္မခါး၊ လုံစံနဲ့ လုံရဲရွာကြားအပြင် အုမ္မသီးနဲ့ ဆမ္မဆယ်ရွာကြားတို့မှာ
မြန်မာသတင်း

တောင်သာမှာ အရက်ထွက်ဝယ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးကို ဖမ်းမိခဲ့တယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 25 Views
ဇူလိုင်လ (၄)ရက်။ မနေ့က ညနေပိုင်းအချိန်က တောင်သာမြို့ရှိ အမှတ်(၁)စွပ်ကျယ်စက်ရုံက စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးကို ဖမ်းမိခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အမှတ်(၁) စွပ်ကျယ်စက်ရုံမှာ လုံခြုံရေးတာဝန်ကျနေတဲ့ စကစတပ်ဖွဲ့ဝင် (၂)ဦးက အရက်ထွက်ဝယ်ဖို့
မြန်မာသတင်း

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မပူးပေါင်းဘဲ ဝိုင်းဝန်းဆန့်ကျင်ကြဖို့ NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 28 Views
ဇူလိုင်လ (၄)ရက်။ အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်ဖို့ ကြိုးစားနေတဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်တာမပြုဘဲ ဝိုင်းဝန်းဆန့်ကျင်ကြဖို့ NUG က မနေ့က တိုက်တွန်းထားတယ်လို့ သိရပါတယ်။ ပြည်သူ့အာဏာကို မတရားသိမ်းယူဖို့ ကြိုးစားနေတဲ့ တရားမဝင်စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပဖို့ အခွင့်အာဏာမရှိဘူးလို့
မြန်မာသတင်း

နိုင်ငံငြိမ်းချမ်းရေး အမျိုးသမီးတွေ ပူးပေါင်းပါဝင်ဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 26 Views
ဇူလိုင်လ (၄)ရက်။ နိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့ အမျိုးသမီးထုကြီးတရပ်လုံးက ပူးပေါင်းပါဝင်ဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာပြုလုပ်တဲ့ မြန်မာအမျိုးသမီးများ‌နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့နဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးတည်ဆောက်ရာမှာ အမျိုးသမီးထုကြီးတရပ်လုံးက