နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်သူအားလုံး ရှေ့ဆက်တော်လှန်ရေးအတွက် အားကုန်ထုတ်ကြိုးပမ်းကြဖို့ KNU ဥက္ကဌတိုက်တွန်း

ဇန်နဝါရီလ (၃၁)ရက်။

ကရင်လူမျိုးနဲ့ တိုင်းရင်းသားပြည်သူအားလုံး ရှေ့ဆက်တော်လှန်ရေးအတွက် အားကုန်ထုတ်ကြိုးပမ်းသွားဖို့ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့မှာကျရောက်တဲ့ (၇၅)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့မှာ တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

တိုင်းပြည်ရဲ့ အခက်အခဲ၊ အကျပ်အတည်း ပြဿနာတွေဟာ ဆက်စပ်ပတ်သက်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားအတွက် အခက်အခဲ၊ ဝန်ထုတ်ဝန်ပိုးတွေလည်း ဖြစ်စေတယ်လို့ ဆိုပါတယ်။

တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက်နဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားအတွက် တစ်ခုတည်းသော နည်းလမ်းဟာ အာဏာရှင် အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းဖို့ဖြစ်တယ်လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

ဒီတိုင်းပြည်ကို လူမျိုးတွေနဲ့ ပြည်သူအားလုံးအတွက် ဒီမိုကရေစီ၊ လွတ်လပ်မှု၊ အမျိုးသား တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အပြည့်အဝအာမခံတဲ့ “ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု” အနေနဲ့ တည်ထောင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ကမ္ဘာ့နိုင်ငံတွေ၊ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ပကတိအရှိတရားနဲ့ ကိုက်ညီစွာ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ကရင်အမျိုးသားတွေရဲ့ ပထမဆုံး ရည်မှန်းချက်ဟာ လွတ်လပ်မှု၊ တန်းတူညီမျှရှိမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ကော်သူးလေကို တည်ထောင်တာဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားဖို့ဖြစ်တယ်လို့ KNU ဥက္ကဌက ထည့်သွင်းပြောကြားခဲ့ကြောင်း သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အကျဉ်းသား/သူ (၂၉)ဦးကို KNU လွတ်ငြိမ်းခွင့်ပြုခဲ့

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 16 Views
‌မတ်လ (၂)ရက်။ ခလယ်လွီထူခရိုင်ထောင်က အကျဉ်းသူ (၅)ဦးနဲ့ အကျဉ်းသား (၂၄)ဦးကို KNU က လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို မနေ့က
မြန်မာသတင်း

ြည်သူယုံကြည်မှု ပျက်ယွင်းရင် တော်လှန်ရေးဆက်လုပ်လို မလွယ်ဘူးလို NUG ယာယီသမ္မတပြော

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 19 Views
မတ်လ (၂)ရက်။ ပြည်သူယုံကြည်မှု ပျက်ယွင်းရင် တေယ်လှန်ရေးဆက်လုပ်လို မလွယ်ကူနိုင်ဘူးလို NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ (၇၇)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့မှာ
မြန်မာသတင်း

အကြမ်းဖက်ပုဒ်မနဲ့ ပြစ်ဒဏ်ခံရတဲ့ အကျဉ်းသား/သူ (၇၀၀၀)ကျော်ကို စစ်ကော်မရှင် ပြန်လွှတ်ပေး

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 14 Views
မတ်လ (၁)ရက်။ အကြမ်းဖက်ပုဒ်မနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/သူ (၇၃၃၇)ဦးကို စစ်ကော်မရှင်က လွတ်ငြိမ်းအမိန့်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်က လွတ်ငြိမ်းမိန့်နဲ့ ပြန်လွှတ်ပေးတဲ့သူတွေဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နဲ့ ၅၂(က)တိုနဲ့ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့
မြန်မာသတင်း

“နျူဂျီဦးဆောင်တဲ့တော်လှန်ရေးမအောင်မြင်နိုင်တဲ့အကြောင်းရင်းများ”

  • 2026 ခုနှစ်၊ မတ်လ 1 ရက်
  • 26 Views
အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၃၆) ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးသုံးသပ်ချက်များတနင်္ဂနွေနေ့အစီအစဥ်ကို တင်ပြကြမှာဖြစ်ပါတယ်၊ ဒီအပတ်အထူးအစီအစဥ်အနေနဲ့ တင်ပြမှာကြတော့ တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းလို့ခံယူထားတဲ့ နျူဂျီအနေနဲ့ တော်လှန်ရေး အောင်မြင်ရေးအတွက် စွမ်းဆောင်နိုင်စွမ်းမရှိတဲ့အပေါ်မှာ ဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က အချက်အလက်များနဲ့ထောက်ပြပြီး ပြတ်ပြတ်သားသား နျူဂျီ ဦးဆောင်မှုနဲ့ တော်လှန်ရေးမအောင်မြင်နိုင်ကြောင်းကိုဝေဖန်ဆွေနွေးသွားကြမှာဖြစ်ပါတယ်၊ တော်လှန်ရေးအောင်မြင်လိုသူများအားလုံးသိသင့်သိထိုက်တာတွေသိပြီး
မြန်မာသတင်း

မိုးကုတ်-မိုးမိတ်ဒေသစစ်ဆင်ရေးထဲ စစ်တပ်ဘက်က (၁၂)ဦးသေဆုံးတယ်လို MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 29 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ အခု (၂)လတာကာလထဲ မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေးမှာ တိုက်ပွဲပေါင်း (၁၇)ကြိမ် ဖြစ်ပွားခဲ့တယ်လို MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေနဲ့ စစ်ဆင်ရေးထဲ စစ်တပ်ဘက်က (၂၁)ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတွေလဲ
မြန်မာသတင်း

CDM ဝန်ထမ်းတွေကို သစ္စာမဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေဆိုပြီး ဒုစစ်ခေါင်းဆောင် စွပ်စွဲ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 27 Views
ဖေဖော်ဝါရီလ (၂၈)ရက်။ စစ်တပ်ရဲ့ အာဏာသိမ်းတာကြောင့် CDM လုပ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို သစ္စာမဲ့တဲ့ ဝန်ထမ်းတွေဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က ရပ်စောက်မြို့တွေ့ဆုံပွဲမှာ စွပ်စွဲပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်က နိုင်ငံ့အာဏာကို အတင်းအဓမ္မ သိမ်းယူဖို့ ကြိုးစားတာကြောင့်
မြန်မာသတင်း

အထက်မင်းလှရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)တို့ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 32 Views
အထက်မင်းလှရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)တို့ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ ဖေဖော်ဝါရီလ (၂၈)ရက်။ မနေ့က နံနက် (၁)နာရီကျော်အချိန်က အထက်မင်းလှမြို့ရှိ စစ်တပ်ရဲ့ ရေနံချက်စက်ရုံနဲ့ ကပစ(၂)ကို ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အကြမ်းဖက်တိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

NUG နဲ့ SRA တို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 35 Views
နှစ်ဖက်အပြန်အလှန် အသိအမှတ်ပြုနိုင်ဖို့ သဘောတူခဲ့တယ်လို့ဆို ဖေဖော်ဝါရီလ (၂၈)ရက်။ မနေ့က နေ့လယ် (၂)နာရီအချိန်က နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ဦးဆောင်ကော်မတီနဲ့ NUG တို့ Zoom Platform ကတဆင့် ဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ