နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ဂျပန်နိုင်ငံသားများအတွက် သတိပေးချက် ထုတ်ပြန်

++++++++++++++++++++++++++++++++++++++++++++++++

မေလ (၃၁) ရက်။

ကမ္ဘာ့ဘောလုံးပြိုင်ပွဲ အာရှတတိယအဆင့် ခြေစစ်ပွဲ အုပ်စု B အတွက် မြန်မာနိုင်ငံမှာ ကျင်းပမယ့် ဂျပန်-မြန်မာ လက်ရွေးစင်အသင်း ယှဉ်ပြိုင်ကစားပွဲအတွက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက မေလ ၃၀ ရက်တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ဂျပန်လက်ရွေးစင်အသင်းနဲ့ မြန်မာလက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစား၊မယ့် ဘောလုံးပြိုင်ပွဲကို ဇွန်လ (၆) ရက်နေ့မှာ ရန်ကုန်မြို့ သုဝဏအားကစားကွင်းမှာ ကျင်းပမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အခြေအနေအရ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားနိုင်ခြေရှိတဲ့အတွက် မြန်မာနိုင်ငံကို သွားရောက်မယ့်ဂျပန်နိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံမှာ နေထိုင်နေတဲ့ ဂျပန်နိုင်ငံသားအားလုံးလုံခြုံရေးကို သတိပြုကြဖို့ သတိပေးထားပါတယ်

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးရဲ့ ထုတ်ပြန်ချက်တွေက အောက်ပါအတိုင်းဖြစ် ပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားနိုင်ခြေရှိခြင်း

++++++++++++++++++

စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ၊ ရဲစခန်းများနှင့် အစိုးရနှင့်ပတ်သက်သည့် အဆောက်အအုံများနှင့် ဝေးဝေးနေပါ။ အနီးတစ်ဝိုက်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပါက အခင်းဖြစ်ပွားရာနေရာသို့ ချဉ်းကပ်ခြင်းမှ ရှောင်ကြဉ်ပါ။ ပေါက်ကွဲစေတတ်သော ပစ္စည်းများသည် ယင်းဧရိယာအတွင်း မတူညီသောအချိန်များတွင် ပေါက်ကွဲနိုင်သောကြောင့် အခင်းဖြစ်ပွားရာနေရာမှ ချက်ချင်းထွက်ခွာပါ။ ထို့အပြင်၊ လမ်းပေါ်တွင် သံသယဖြစ်ဖွယ်အရာတစ်ခုကို တွေ့ရှိပါက အနီးသို့ မသွားဘဲ ချက်ခြင်း အဝေးကို ထွက်သွားပါ။

ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးခြင်းကို တားမြစ်ခြင်း

+++++++++++++++++++++++++++++

တပ်မတော်သားများ၊ ရဲအရာရှိများ၊ နိုင်ငံတော် စစ်တပ်/လုံခြုံရေး အာဏာပိုင်များ၏ အဆောက်အဦများ သို့မဟုတ် လုံခြုံရေးဆိုင်ရာ လှုပ်ရှားမှုများကို ဓာတ်ပုံရိုက်ယူသော နိုင်ငံခြားသားများအနေနှင့် ဖမ်းဆီးခြင်းခံရနိုင်ပြီး အချို့ကိစ္စများတွင် ထောင်ဒဏ်ကျခံရနိုင်သည်။ သင့်ကင်မရာ သို့မဟုတ် ဆဲလ်ဖုန်းတို့ဖြင့် ဓာတ်ပုံမရိုက်ပါနှင့်။

အထွေထွေ ရာဇ၀တ်မှုများ တိုးများလာနေခြင်း

++++++++++++++++++++++++++

ရန်ကုန်မြို့၏ နေရာအနှံ့အပြားတွင် လမ်းများပေါ်၌ နေ့ရောညပါ လုယက်မှုများ ဖြစ်ပွားနေပြီး လမ်းပေါ်တွင် ဂျပန်နိုင်ငံသားများအား ဓားပြတိုက်ကာ လုယက်မှုများ ဖြစ်ပွားလျက်ရှိသည်။ နေ့ခင်းဘက်အချိန်များပင်လျှင် လမ်းလျှောက်သွားလာခြင်းကို တတ်နိုင်သမျှ ရှောင်ပါ။

ညမထွက်ရ

++++++

လက်ရှိအချိန်တွင် ရန်ကုန်မြို့၌ နံနက် ၁၀ နာရီမှ နံနက် ၃ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါသည်။ ညဘက်အချိန်များတွင် လမ်းမတွေပေါ်၌ လူနည်းပြီး တက္ကစီများ ငှားရခက်သည့်အတွက် မလိုအပ်ဘဲ အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ပါ။ ထို့အပြင် တက္ကစီ အသုံးပြုသည့်အခါ၊ တက္ကစီကို စောင့်ဆိုင်းခြင်းမှ ရှောင်ကြဉ်ပြီး တက္ကစီစီးနင်းရန် စီစဉ်ပေးသည့်အက်ပ်ကို အသုံးပြုပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 31 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 24 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 18 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊
မြန်မာသတင်း

ဆောမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်သူကို NUG သေဒဏ်ချမှတ်

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 21 Views
ဧပြီလ (၆)ရက်။ ဆောမြို့နယ်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ကြ လူသတ်အလောင်းဖျောက်တဲ့ (၂၁)နှစ်အရွယ် မင်းမင်းစိုးဆိုသူကို NUG မြို့နယ်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖြစ်စဉ်ဟာ ၂၀၂၅ခုနှစ် အောက်တိုဘာလက ဆောမြို့ သီရိရတနာရပ်ကွက်နေ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်ကို မိသားစုနဲ့
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 30 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆွေးနွေးပွဲထဲ မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားဖို့ အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 28 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာနမခကနေ ပေါက် ကပစ(၂၄)နဲ့ ပင်ထောင်ပျုစောထီးရွာကို ခေါက်တုန့်ခေါက်ပြန်ကူးနေတဲ့ MI-17
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 31 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 30 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ