အောက်တိုဘာလ (၃၁)ရက်။
ဒီကနေ့ ရန်ကုန်မြို့ရဲ့ တစ်နေရာမှာ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို တရားစီရင်တဲ့ လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့တယ်လို့ Owl Community ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီလှုပ်ရှားမှုကို ဘုတလင်နဲ့အတူ၊ ပြည်သူနဲ့အတူ ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့ဖြစ်တဲ့ Owl Community၊ Linn Young Ni Youth Organization(LYNYO)၊ Mayangone Democratic Front(MDF)နဲ့ Kyimyidaing Networks KMD18 တို့ ပူးပေါင်းလုပ်ဆောင်တာလို့ ဆိုပါတယ်။
မြန်မာပြည်တဝှမ်းက ပြည်သူတွေကို အနိုင်ကျင့်၊ ဗိုလ်ကျ၊ နှိပ်စက်သတ်ဖြတ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေအားလုံးအတွက် သွေးကြွေးနဲ့ တရားမျှတမှု ပြန်ယူပြီး တရားစီရင်မယ်လို့ ဖော်ပြထားပါတယ်။
မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေအပါအဝင် လူသတ်အကြမ်းဖက်တဲ့ စစ်အုပ်စုကို အားပေးထောက်ပံ့ ဝန်းရံနေတဲ့ ပြည်တွင်းပြည်ပ အဖွဲ့တွေကိုလဲ တရားစီရင်သွားမယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် “ တရားတဲ့သူသာ နိုင်စေရမယ်” ၊ “ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်မယ်” ၊ “ အရေးတော်ပုံ အောင်ကို အောင်ရမယ်” နဲ့ “ ပြည်သူ့တရားစီရင်ဖို့ Justice Lady” လာပြီလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။