ဩဂုတ်လ (၃၀)ရက်။
မနေ့က ည (၇)နာရီ (၂၀)မိနစ်အချိန်က မင်းလှမြို့ ဗိုလ်ရုံတန်းရပ်ကွက်ရှိ ကြံ့ခိုင်ရေးပါတီရုံးကို မိုင်းခွဲခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ဗိုလ်ရုံတန်းရပ်ကွက်က ကြံ့ခိုင်ရေးပါတီရုံးရဲ့ ဝင်ပေါက်အနီးကို မိုင်းခွဲခဲ့တာ။ အဲ့ဒီမှာ ရုံးစောင့် စကစအချို့ ဒဏ်ရာရတာတွေရှိတယ်ဆိုပြီး သိရတယ်” လို့ ဆိုပါတယ်။
ဗိုလ်ရုံတန်းရပ်ကွက်ရှိ ကြံ့ခိုင်ရေးပါတီရုံးရဲ့ ဝင်ပေါက်အနီး မိုင်းခွဲခံရကာ အဲ့ဒီတိုက်ခိုက်ခံရတဲ့အထဲ ရုံးစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီလို ကြံ့ခိုင်ရေးပါတီကို မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
အခုတိုက်ခိုက်တာဟာ အကြမ်းဖက်စစ်တပ်က ပြုလုပ်မယ့် တရာမဝင်ရွေးကောက်ပွဲကို လက်မခံဘူးဆိုတာကို သတိပေးတာသာဖြစ်ပြီး ရွေးကောက်ပွဲမှာ ပါဝင်ကူညီမယ့်သူတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့ သတိပေးထားချက်အရ သိရပါတယ်။
