နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

နိုင်ငံတဝန်း စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ပြည်သူ (၃၀၀၀)ကျော် သေဆုံးခဲ့

အောက်တိုဘာလ (၁)ရက်။

စစ်တပ်အာဏာသိမ်းချိန်ကစပြီး အခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့အထိ နိုင်ငံတဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်တာကြောင့် ပြည်သူ (၃၀၂၃)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်တပ်ရဲ့ တိုက်ခိုက်တာတွေကြောင့် သေဆုံးခဲ့ရသူတွေထဲ အမျိုးသမီး (၁၃၇၀)ဦးနဲ့ အမျိုးသား (၁၆၅၃)ဦးဖြစ်ပြီး (၁၈)နှစ်အောက်ကလေးငယ် (၆၄၇)ဦးပါဝင်တယ်လို့ ဆိုပါတယ်။

အဲ့ဒီလိုတိုက်ခိုက်ခံရတာမှာ ၂၀၂၄ခုနှစ်က အရပ်သားသေဆုံးတာ (၁၁၇၂)ဦးနဲ့ အများဆုံးဖြစ်ပြီး အခုနှစ်ထဲ (၈၉၀)ဦးရှိကာ ၂၀၂၃ခုနှစ်က (၆၉၇)ဦးနဲ့ ၂၀၂၂ခုနှစ်က (၂၂၈)ဦးရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး တိုင်းနဲ့ပြည်နယ်တွေမှာ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်ခံရတဲ့အထဲ စစ်ကိုင်းမှာ သေဆုံးသူ (၈၉၃)ဦး၊ ရခိုင်မှာ (၄၉၃)ဦး၊ မကွေးမှာ (၂၈၅)ဦး၊ ရှမ်းမှာ (၂၇၂)ဦး၊ ပဲခူးမှာ (၂၆၁)ဦး၊ မန္တလေးမှာ (၁၈၄)ဦး၊ ကချင်မှာ (၁၄၆)ဦးနဲ့ ကရင်မှာ (၁၁၁)ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ချင်းမှာ (၁၀၁)ဦး၊ တနင်္သာရီမှာ (၉၄)ဦး၊ ကယားမှာ (၈၈)ဦး၊ မွန်မှာ (၇၈)ဦး၊ ဧရာဝတီမှာ (၁၄)ဦးနဲ့ ရန်ကုန်မှာ (၃)ဦးတို့ပါဝင်တယ်လို့လဲ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ စစ်ပွဲဆိုင်ရာ လိုက်နာရမယ့် ကျင့်ဝတ်တွေကို မစောင့်ထိန်းဘဲ အရပ်သားတွေအပေါ် ပစ်မှတ်ထားကာ တိုက်ခိုက်နေတာကြောင့် နေ့တိုင်း သေဆုံးမှုတွေ မြင့်တက်နေရတယ်လို့ AAPP က ပြောဆိုထားပါတယ်။

ဒါ့ကြောင့် အကြမ်းဖက်တာတွေ ရပ်တန့်ဖို့၊ အပြည်ပြည်ဆိုင်ရာဥပဒေတွေနဲ့ စစ်အုပ်စုရဲ့ ကျူးလွန်တာတွေကို စုံစမ်းစစ်ဆေးပြီး ပြစ်ဒဏ်ကင်းလွတ်နေတာတွေကို အဆုံးသတ်ဖို့နဲ့ ပြည်သူတွေကို ထောက်ပံ့ဖို့ နိုင်ငံတကာက အမြန်ဆုံး အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 28 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့