နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းကင်းမှာ CDM ဆရာဝန်အမျိုးသမီးကို မြို့နယ်ပလဖက အကြမ်းဖက်ဖမ်းဆီးတဲ့ရုပ်သံ လူမှုကွန်ရက်မှာ ပျံ့နှံ့နေ

မင်းကင်းမှာ CDM ဆရာဝန်အမျိုးသမီးကို မြို့နယ်ပလဖက အကြမ်းဖက်ဖမ်းဆီးတဲ့ရုပ်သံ လူမှုကွန်ရက်မှာ ပျံ့နှံ့နေ

ဒီဇင်ဘာလ (၁)ရက်။

စစ်ကိုင်းတိုင်းရှိ မင်းကင်းမြို့နယ်က CDM ဆရာဝန် ဒေါက်တာဒေါ်ခင်သူသူလွင်ကို မြို့နယ်ပလဖက အကြမ်းဖက်ဖမ်းဆီးတဲ့ရုပ်သံဖိုင် ဒီကနေ့ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့တယ်လို့ သိရပါတယ်။

“ အဲ့ဒီဗီဒီယိုဖိုင်ထဲမှာ ဆရာမကို ပလဖက လာဖမ်းတာပေါ့။ ဘယ်လိုအကြောင်းအရင်းကြောင့် ဖမ်းတယ်ဆိုတာတော့ သေချာမသိဘူး။ ဆရာမကို လာဖမ်းတဲ့အချိန် အမျိုးသမီးရဲမေပါလာတာလဲ မတွေ့ရဘူး။ ဖမ်းတဲ့အချိန်မှာလဲ ကာယိန္ဒြေပျက်လောက်တဲ့အထိ ဥပဒေမဲ့ ဖမ်းတာတွေ့ရတယ်” လို့ လူမှုကွန်ရက်အသုံးပြုသူတဦးက ဆိုပါတယ်။

CDM ဆရာဝန် ဒေါက်တာဒေါ်ခင်သူသူလွင်ကို မြို့နယ်ပလဖက လာရောက်ဖမ်းဆီးတဲ့အချိန်မှာ အမျိုးသမီးရဲမေ ပါဝင်လာတာမတွေ့ရသလို ကာယိန္ဒြေပျက်တဲ့အခြေအနေထိ အကြမ်းဖက်ဖမ်းဆီးခဲ့တာကို တွေ့ရပါတယ်။

ဒေါက်တာဒေါ်ခင်သူသူလွင်ကို မြို့နယ်ပလဖအဖွဲ့က နိုဝင်ဘာလ (၃၀)ရက်နေ့က နေ့အိမ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးရတဲ့အကြောင်းအရင်းကိုတော့ သက်ဆိုင်ရာအဖွဲ့တွေက ထုတ်ပြန်ထားတာမရှိသေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းက မင်းကင်းမြို့နယ်ထဲ လောင်းပြည့်ရွှေမျှောစီမံကိန်းနဲ့ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြတာမှာ ဒေါက်တာဒေါ်ခင်သူသူလွင် ပါဝင်တာကြောင့် အခုလို ဖမ်းဆီးခံရတာလို့ ဒေသထဲသတင်းတွေက ဖော်ပြထားပါတယ်။

ဒါ့အပြင် အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရှိသူ ဦးနေဘုန်းလတ်က သူမဟာ ပအဖအနေနဲ့ တာဝန်ယူချိန်မှာ မရှင်းလင်းရသေးတဲ့ တပ်ဖွဲ့ဆိုင်ရာကိစ္စတွေကြောင့် ဖမ်းဆီးတာဆိုပြီး ပြောဆိုထားပါတယ်။

“ ဒေါ်ခင်သူသူလွင်က ပအဖတာဝန်ယူခဲ့ချိန် ပကဖဆီကနေ ငှားထားတဲ့သေနတ်တွေ ပြန်မပေးတဲ့ကိစ္စ၊ အခွန်ခွဲတမ်းတွေ ပေးသွင်းတာမရှိတဲ့ကိစ္စကြောင့် အမှုဖွင့်ခံထားရပြီး မြို့နယ်ပလဖအဖွဲ့က လုပ်ထုံးလုပ်နည်းနဲ့အညီ ဖမ်းဆီးတာ” လို့ သူက ဆိုပါတယ်။

ဒေါက်တာဒေါ်ခင်သူသူလွင်ဟာ ၂၀၁၆ခုနှစ်ကထဲက မင်းကင်းမြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးရုံအုပ်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် CDM ဝင်ထားသူတစ်ဦးဖြစ်ပါတယ်။

နောက်ပြီး သူမဟာ မင်းကင်းမြို့နယ်ပအဖမှာ ၂၀၂၄ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ကာ ဒဏ်ရာရပြည်သူတွေကို ဆေးဝါကုသပေးနေပြီး ဖမ်းဆီးခံရတဲ့အပေါ် ဒေသခံတွေကြား မကျေနပ်မှုတွေရှိနေသလို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ဖို NUG ယာယီသမ္မတ တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 31 Views
မတ်လ (၁၆)ရက်။ ရှေ့ကာလတွေမှာ တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ကြဖို NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ
မြန်မာသတင်း

စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဦးခင်ရီကို ခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 18 Views
မတ်လ (၁၆)ရက်။ ဒီကနေ့ ‌နံနက် (၁၀)နာရီအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပနေပြီဖြစ်တယ်လို သိရပါတယ်။ အဲ့ဒီ ပြည်သူ့လွှတ်တော်အစည်းအဝေး
မြန်မာသတင်း

ရေစကြိုမှာ PDF စခန်း (၂)ခု စီးနင်းခံရပြီး ရဲဘော် (၃)ဦးကျဆုံးကာ (၃)ဦး အရှင်ဖမ်းဆီးခံရ

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 17 Views
မတ်လ (၁၆)ရက်။ ရေစကြိုမြိုနယ်ထဲမှာ PDF စခန်း (၂)ခုကို အင်အား (၁၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့တယ်လို အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။ “ အင်အား (၁၅၀)လောက်ပါတဲ့ စခစစ်ကြောင်းက (၁၃)ရက်နေ့မှာ ရေစကြိုကနေ စထွက်လာတာ။ (၁၄)ရက်နေ့မှာ
မြန်မာသတင်း

ိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA ကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အနေနဲ့ KNU သတ်မှတ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 16 Views
မတ်လ (၁၆)ရက်။ KNU ရဲ့ တပ်မဟာ (၄)နယ်မြေမှာ ဝင်ရောက်လှုပ်ရှားတဲ့ ဆာကဆောစစ်ကြောင်းမှူး ဗိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA ကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အဖွဲလို KNU က မနေ့က သတ်မှတ်ကြေညာခဲ့တယ်လို သိရပါတယ်။ ၂၀၂၁ခုနှစ်
မြန်မာသတင်း

ဝမ်ပေါင်ကြေးနီစက်ရုံစစ်ဆင်ရေးမှာ NUG ခိုင်းစေတဲ့ ဒေသကာကွယ်ရေးအဖွဲ့ (၁၁) ဦး လူမသိသူမသိ ကျဆုံးခဲ့ရ

  • 2026 ခုနှစ်၊ မတ်လ 15 ရက်
  • 36 Views
မတ်လ (၁၄) ရက်။ စစ်ကိုင်းရှိ ဝမ်ပေါင်ကြေးနီစက်ရုံကို ပစ်ခတ်ဖို့ KIA က NUG ကနေတဆင့် ဒေသကာကွယ် ရေးတပ်ဖွဲ့တခုကို လက်နက်ကြီး ပံ့ပိုးပေးခဲ့တယ်လို့ မြေပြင် ခေါင်းဆောင်တစ်ယောက်နဲ့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။ “ စစ်ကိုင်းက
မြန်မာသတင်း

ပုလောမှာ စစ်တပ် တပ်စွဲထားတဲ့ စခန်းတခုကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 41 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ပုလောမြို့ တောင်ယာကမ်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစခန်းကို မတ်လ (၁၁)ရက်နေ့ နံနက် (၅)နာရီ (၄၅)မိနစ်အချိန်မှာ
မြန်မာသတင်း

မန္တလေးမှာ KBZ ဘဏ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း(၂၃၀၀)ကျော်ပါသွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 44 Views
မတ်လ (၁၄)ရက်။ မနေ့က နေ့လယ် (၃)နာရီကျော်အချိန်က မန္တလေး ပြည်ကြီးတံခွန်မြို့ရှိ KBZ ဘဏ် ဓါးပြတိုက်ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “ (၃)နာရီကျော်လောက် (၁၃၃)လမ်းနဲ့ (၁၃၄)လမ်းကြား (၇၈)လမ်း ရန်ကုန်-မန္တလေးလမ်းဟောင်းက KBZ စက်မှုပန်းခြံဘဏ်ခွဲ
မြန်မာသတင်း

ကွတ်ခိုင်မြို့မှာ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 38 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီအချိန်ကစပြီး ကွတ်ခိုင်မြို့မှာ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စတိုက်တာက ကိုးကန့်တပ်ဘက်က စတာ။ မနက် (၁ဝ)နာရီလောက်ကထဲက လက်နက်ကြီးသံကြားရတာ။ မြို့ထဲမှာ ဆိုင်တွေလဲပိတ်ထားရတယ်။