နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘောကို သူရဘွဲ့ချီးမြှင့်ခဲ့တယ်လို့ KNU ထုတ်ပြန်

ဖေဖော်ဝါရီလ (၂)ရက်။

ကရင့်တော်လှန်ရေးနေ့အခမ်းအနားမှာ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘောကို သူရဘွဲ့တံဆိပ် ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကရင့်တော်လှန်ရေးနေ့အခမ်းအနားကို ဇန်နဝါရီလ (၃၁)ရက်နေ့က ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် အာရှလမ်းမကြီးရဲ့ စစ်မြေပြင်တစ်နေရာမှာ ကျင်းပခဲ့ပြီး ဂုဏ်ပြုဆုချီးမြှင့်ခဲ့တာလို့ ဆိုပါတယ်။

ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘောဟာ ရှေ့တန်းစစ်မြေပြင်မှာ မကြောက်မရွံ့ဘဲ စစ်ကောင်စီရဲ့ နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်ဖျက်ဆီးရိုက်ချိုးနိုင်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ဗိုလ်မှူး စောဒါဘောကို ရဲစွမ်းသတ္တိအပြည့်နဲ့ ခေါင်းဆောင်မှုအရည်အချင်းပြည့်မီတဲ့ ဗိုလ်မှူးတယောက်အနေနဲ့ သူရဘွဲ့တံဆိပ်ကို KNLA စစ်ဌာနချုပ်က စစ်ဦးစီးပထမတန်း (G1) ဗိုလ်မှူးချုပ် စောတာမလာသောကိုယ်တိုင် သွားရောက်ဂုဏ်ပြုချီးမြှင့်ခဲ့တာလို့ ရေးသားထားပါတယ်။

ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို KNLA ရဲ့ စစ်ဦးစီးပထမတန်း (G1) ဗိုလ်မှူးချုပ် စောတာမလာသော၊ တပ်မဟာ(၆)ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးနဲ့ တပ်ရင်း(၂၇)တပ်ရင်းမှူးအပြင် တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ စစ်သားတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

ထရန့်၏ အခွန်စည်းကြပ်မှု သတိပေးချက်သည် မြန်မာစစ်အစိုးရအတွက် သတင်းကောင်း ဖြစ်ပြီး တပ်မတော်အစိုးရကို “အသိအမှတ်ပြုမှု” အဖြစ် ကြိုဆို

  • 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 5 Views
ဇူလိုင်လ (၁၃) ရက်။ ကမ္ဘာ့ခေါင်းဆောင်များစွာအတွက် အမေရိကန်သမ္မတ ထရန့်ထံမှ အကောက်ခွန်ဆိုင်ရာ စာတစ်စောင်သည် ခေါင်းကိုက်စရာ ဖြစ်သည်။ သို့သော်လည်း နိုင်ငံတကာမှ
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 10 Views
စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် ဇူလိုင်လ (၁၂)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်က စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့
မြန်မာသတင်း

အခုနှစ် (၅)လထဲ စစ်ကောင်စီတပ်က ပြည်သူ (၂၉၀၀)နီးပါးအထိ ဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 21 Views
ဇူလိုင်လ (၁၂)ရက်။ အခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ စစ်ကောင်စီတပ်က ပြည်သူ (၂၈၇၆)ဦးကို ဖမ်းဆီးခဲ့တယ်လို့ Spring Revolution Database ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအထဲ ကျေးရွာတွေမှာ ဖမ်းဆီးခံရသူ (၁၃၀၆)ဦး၊
မြန်မာသတင်း

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချတယ်လို့ TNP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 14 Views
ဇူလိုင်လ (၁၂)ရက်။ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချတယ်လို့ တအာင်း(ပလောင်)အမျိုးသားပါတီ(TNP)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ TNP က ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ (၃)ရက်ကြာပြုလုပ်ခဲ့တဲ့ (၆)လပတ် ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးကနေ ထုတ်ပြန်တဲ့ သဘောထားကြေညာချက်ထဲ ‌ပြောဆိုထားပါတယ်။ အဲ့ဒီကြေညာချက်ထဲ
မြန်မာသတင်း

တိုက်ပွဲတွေကြောင့် စစ်ကိုင်းမြို့ရှိ ကျေးရွာ (၇)ရွာက ပြည်သူ (၁၀၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 20 Views
ဇူလိုင်လ (၁၂)ရက်။ ပြီးခဲ့တဲ့ ဇွန်လ (၁၇)ရက်နေ့ကစပြီး စစ်ကိုင်းမြို့နယ်ထဲမှာ စစ်အုပ်စုနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေကြောင့် စစ်ကိုင်းမြို့နယ်ထဲရှိ ကျေးရွာ (၇)ရွာက ပြည်သူ
မြန်မာသတင်း

ရန်ကုန်မှာ ရွေးကောက်ပွဲကိစ္စ ဆောင်ရွက်နေတဲ့ ကြံ့ခိုင်ရေးရုံး အဝေးပစ်လောင်ချာနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 20 Views
ဇူလိုင်လ (၁၂)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန် ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ကြံ့ခိုင်ရေးရုံးကို အဝေးပစ်လောင်ချာနဲ့ ပစ်ခတ်ခဲ့တယ်လို့ အနောက်ပိုင်းခရိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြောက်ဥက္ကလာပက ကြံ့ဖွတ်ရုံးမှာ ရွေးကောက်ပွဲကိစ္စတွေ လုပ်နေတာကြောင့် အဝေးပစ်လောင်ချာ
မြန်မာသတင်း

ဇွန်လထဲ အလင်းဝင်၊ လက်နက်ချ၊ ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၇၀)ဦးရှိခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 27 Views
ဇူလိုက်လ (၁၁)ရက်။ ပြီးခဲ့တဲ့ ဇွန်လထဲ စစ်ကောင်စီဘက်က လက်နက်ချ၊ အလင်းဝင်၊ ဖမ်းဆီးခံရသူ (၂၇၀)ဦးရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအထဲ အလင်းဝင်လာသူ (၁၁၁)ဦးရှိခဲ့ပြီး တနင်္သာရီ၊ မွန်၊ ရန်ကုန်၊ မကွေး၊
မြန်မာသတင်း

(၂)ပတ်တာထဲ TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်အချို့ကို စစ်ကောင်စီ လေကြောင်းနဲ့ (၇)ကြိမ် ဗုံးကြဲ၊

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 20 Views
ကလေးငယ်အပါအဝင် ပြည်သူ (၆)ဦးသေဆုံးပြီး (၃၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ဇူလိုင်လ (၁၁)ရက်။ အခု (၂)ပတ်တာထဲ TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်အချို့ကို စစ်ကောင်စီက လေကြောင်းကနေ (၇)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ