နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

သင်္ကြန်ကာလကို နိုင်ငံလုံးဆိုင်ရာ ဝမ်းနည်းကြေကွဲတဲ့ ရက်သတ္တပတ်အနေနဲ့ NUG သတ်မှတ်ကြေညာ

ဧပြီလ (၂)ရက်။

ပူဆွေးနေရတာတွေအတွက် ပြည်သူကနေ ပြည်သူကို အားပေးနှစ်သိမ့်ဖို့ ဧပြီလ (၁၃)ရက်ကနေ (၂၀)ရက်နေ့အထိ နိုင်ငံလုံးဆိုင်ရာ ဝမ်းနည်းကြေကွဲတဲ့ ရက်သတ္တပတ်အနေနဲ့ NUG က ဒီကနေ့မှာ သတ်မှတ်ကြေညာခဲ့တယ်လို့ သိရပါတယ်။

အခု ဝမ်းနည်းကြေကွဲတဲ့ ရက်သတ္တပတ်အနေနဲ့ သတ်မှတ်တဲ့ကာလထဲ ပြည်တွင်းပြည်ပနေ ပြည်သူတွေအနေနဲ့ နှစ်သိမ့်အားပေးတာတွေကို တစ်ဦးထဲအနေနဲ့ဖြစ်စေ၊ အစုအဖွဲ့နဲ့ဖြစ်စေ ငလျင်ဒဏ်သင့် ပြည်သူတွေကို စာနာရိုင်းပင်းကြောင်း ပြသတဲ့ လုပ်ဆောင်တာတွေ ဆောင်ရွက်ဖို့ ‌တိုက်တွန်းထားပါတယ်။

ငလျင်ဒဏ်နဲ့ စစ်အာဏာရှင် ညှင်းပန်းခံ ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး စာနာတဲ့အပေါ် ပြသတဲ့အနေနဲ့ NUG ရဲ့ ကိုယ်စားလှယ်ရုံးတွေ၊ သံတမန်ရုံး ဒါမှမဟုတ် သတ်မှတ်ထားတဲ့ နေရာတွေမှာ ဝမ်းနည်းမှတ်တမ်း ရေးထိုးတာ၊ ဝမ်းနည်းခြင်း ပန်းပွင့်၊ ပန်းစည်း၊ ပန်းခြင်းတွေ ပေးပို့တာနဲ့ စုဝေးဆုတောင်းမေတ္တာပို့တာတို့ လုပ်ဆောင်ဖို့ ဖော်ပြထားပါတယ်။

နောက်ပြီး သေဆုံးသွားတဲ့ ပြည်သူတွေနဲ့ ကျန်ရစ်တဲ့ မိသားစုတွေအတွက် ဆုတောင်းပွဲပြုလုပ်တာ၊ ရေစက်ချအမျှဝေတာ၊ ကောင်းမှုကုသိုလ် ရည်စူးပြုလုပ်တာနဲ့ ထိခိုက်ခံစားရသူတွေကို နားလည်စာနာအားပေးတာကို နိုင်ငံထဲနဲ့ နိုင်ငံပြင်ပမှာ နည်းအမျိုးမျိုးနဲ့ ပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မြန်မာအရေး စိတ်ကောင်းစေတနာကောင်းနဲ့ ကူညီနေတဲ့ နိုင်ငံတကာရှိ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ နိုင်ငံတကာအစိုးရတွေနဲ့အတူ ဝမ်းနည်းကြောင်းပြသတာ၊ နှစ်သိမ့်တာနဲ့ ဆုတောင်းတာတွေကို အတူတကွလုပ်ဖို့ ‌အသိပေးထားပါတယ်။

NUG အနေနဲ့ စိုးမိုးနယ်မြေတွေမှာ ငလျင်ဒဏ်သင့်လူထုကို (၇၂)နာရီထဲ ကယ်ဆယ်တာတွေ အပြည့်အဝလုပ်ဆောင်နိုင်ပေမယ့် စစ်ကောင်စီစိုးမိုးဒေသတွေမှာ ဝင်မကူနိုင်တဲ့အပေါ် များစွာ စိတ်မကောင်းဖြစ်ရပြီး တောင်းပန်စကား ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ညံ့ဖျင်းတဲ့ စီမံတာကြောင့် ကိုဗစ်တတိယလှိုင်းမှာ ပြည်သူ ထောင်နဲ့ချီ သေဆုံးခဲ့သလို မုန်တိုင်းနဲ့ ရေကြီးတာတွေမှာလဲ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရကာ ငလျင်ဒဏ်ခံရချိန်မှာ လေကြောင်းတိုက်ခိုက်တာကို နေ့တိုင်းလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

NUG အနေနဲ့ အဲ့ဒီဖြစ်ရပ်တွေကို ဘယ်တော့မှ မေ့ပျောက်မှာမဟုတ်သလို အဲ့ဒီဖြစ်ရပ်တွေအတွက် တရားမျှတမှု ပြန်လည်ရရှိဖို့အတွက်ကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လဲ အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 26 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ မြိုင်နဲ့ ပေါက်မြို့နယ်ထဲရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး NUG နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မိတ္ထီလာလေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 29 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က စစ်ကော်မရှင်ရဲ့ မိတ္ထီလာလေတပ်စခန်း ဌာနချုပ်ထဲကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM ရဲ့
မြန်မာသတင်း

မင်းအောင်လှိုင်အပါ ဒုသမ္မတ (၃)ဦးကို အရည်အချင်းပြည့်မီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 113 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ ပြုလုပ်တဲ့ သမ္မတအရည်အချင်း စိစစ်ရေးကော်မတီရဲ့ ဒုသမ္မတ (၃)ဦးဟာ အရည်အချင်းကိုက်ညီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့တယ်လို့ သိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တွေက တင်ပြတဲ့ ဒုသမ္မတတွေနဲ့ပတ်သက်ပြီး သမ္မတ‌အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်စုံမှု
မြန်မာသတင်း

သံတွဲမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 24 Views
စစ်ကော်မရှင်ရဲ့ တပ်ချုပ်သစ်လက်ထက် မိသားစုလိုက် စစ်ရာဇဝတ်မှုကျူးလွန်သတ်ဖြတ်ခံရတာလို့ AA ပြော ဧပြီလ (၂)ရက်။ မနေ့က နေ့လယ် (၁၁)နာရီကျော်အချိန်က သံတွဲမြို့ကို လေကြောင်းဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

“YDF နောက်ကွယ်က NUG ရဲ့ ခြေလှမ်းများ”

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 20 Views
၂၀၂၆ ခုနှစ် မတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ယောကာကွယ်ရေးတပ် YDF ရဲ့ သူ့တပ်ပြေးရာဇဝတ်သားတွေကို လိုက်လံနှိမ်နင်းမှုအပေါ် YDF က တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းအပေါ် သေနတ်ဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ယောကာကွယ်ရေးတပ်ကို ပုံမှားရိုက် နာမည်ဖျက်တိုက်ခိုက် ဘက်လိုက်ရေးသားမှုတွေကို သတင်းဌာနတချို့က
မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်တပ်ဂိတ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 34 Views
ဧပြီလ (၁)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန်မှာ လယ်ဒိုမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA ဦးဆောင်တဲ့ ပူးပေါင်းစစ်ကြောင်းက သာယာကုန်းနဲ့ ခြံကြီးကြား မီးရထားလမ်းက စစ်တပ်ဂိတ်စခန်းကို
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ငပလီကမ်းခြေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 30 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က သံတွဲမြို့ရှိ ငပလီကမ်းခြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ငပလီကမ်းခြေတလျှောက်ကို စကစက လေယာဉ် (၅)စီးလောက်နဲ့ ဆက်တိုက်ဗုံးလာကြဲသွားတာ။ အဲ့ဒီနေရာမှာ စစ်ရေးလှုပ်ရှားတာလဲမရှိဘဲ
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုနဲ့ မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းဘက် NUG ပြန်လွှဲပြောင်းခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 34 Views
ဧပြီလ (၁)ရက်။ ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ စောကဲလဲ (၃၇)နှစ်ဟာ