နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်

အတွေးအမြင်ကဏ္ဍ

အတွေးအမြင်ကဏ္ဍ

အာရပ်-အစ္စရေးစစ်ပွဲ ဘာကြောင့် ဖြစ်လာရသလဲ? (ပထမပိုင်း)

အာရပ်-အစ္စရေးစစ်ပွဲ ဘာကြောင့် ဖြစ်လာရသလဲ?

မြန်မာနိုင်ငံကတချို့သူတွေက အာရပ်တွေက မွတ်ဆလင်တွေ ဖြစ်တဲ့အတွက် အစ္စရေးကို ထောက်ခံကြတယ်။ မြန်မာဗုဒ္ဓဘာသာဝင်တွေ အထူးသဖြင့် မဘသတွေက မွတ်ဆလင်တွေ ကို မုန်းတီးကြတယ်။ ရန်သူလို့သတ်မှတ်တယ်။ ဒါကြောင့် အစ္စရေးကို ထောက်ခံကြတယ်။ ပါလက်စတိုင်းတွေကို လူသားတွေအဖြစ် မမြင်ကြတော့ဘူး။ အစ္စရေးတွေက ဂါဇာကမ်းမြှောင် တခုလုံးကို ဖွတ်ဖွတ်ညက်ညက်ကြေအောင် ဗုံးကြဲနေတာတွေ ကလေးတွေ အမျိုးသမီးတွေကို ရက်ရက်စက်စက် သတ်နေတာတွေကို မသနားကြတော့ဘူး။ အများစုသိတာက ဟားမတ်စ်တွေက အစ္စရေးတွေကို သူတို့ပွဲတော် ကျင်းပနေတာကို တိုက်ခိုက်သတ်ဖြတ်ပြီး ဓားစာခံ ၂၀၀ ကျော်လောက်ကို ဖမ်းသွားတာကြောင့် အစ္စ‌ရေးက ပြန်တိုက်တာဖြစ်တယ်။ အာရပ်တွေကို အကြမ်းဖက်တာလို့မြင်နေကြတယ်။ အဲဒီအဖြစ်အပျက် မဖြစ်ခင် ဘာတွေ ဖြစ်ခဲ့လဲ ဘာကြောင့် ဒီလိုရက်စက်မှုတွေကို ကျူးလွန်လာရလဲဆိုတာကို မလေ့လာကြဘူး။ ဒါကြောင့် ကိုယ်သိတဲ့ အသိလေးနဲ့ ပါလက်စတိုင်းတွေကို အပစ်ပုံချပြီး အစ္စရေးကို ထောက်ခံလိုက်ကြတယ်။  အခုတင်ပြမဲ့အကြောင်းက အရင်က ဘာတွေဖြစ်ခဲ့လဲဆိုတာကို သိဖို့တင်ပြ လိုက်တာပါ ဒါမှဘာကြောင့်ဆိုတာ သိရှိ ဆင်ခြင်နိုင်မှာဖြစ်ပါတယ်။ အဓိက လူသားဆန်ဖို့ တရားမျှတမှုကို မြတ်နိုးတတ်ကြဖို့ပါ။ အမေရိကန်နဲ့ ဥရောပက တက္ကသိုလ်တွေက ပညာတတ် ကျောင်းသားတွေ ဘာကြောင့် ပါလက်စတိုင်းသားတွေကို ထောက်ခံပြီး အမေရိကန်အစိုးရကို အစ္စရေးကို လက်နက်မရောင်းဖို့ ဆန္ဒပြခဲ့ကြသလဲဆိုတာ ကြည့်ရင် သူတို့မှာ လေ့လာမှုရှိတယ်၊ အမှားအမှန်ကို ခွဲခြားနိုင်တယ်၊ တရားမျှတမှုကို လိုလားကြတယ်၊ ပညာတတ်တယ်၊ ဆင်ခြင်နိုင်တယ်၊ ဒါကြောင့် သူတို့က မတရားခံနေရတဲ့ ပါလက်စတိုင်းသားတွေကို ထောက်ခံခဲ့ကြတာပါ။

အထက်ပါအကြောင်းအရာများသည် ဦးထွန်းအောင်ကျော်၏အာဘော်သာ ဖြစ်ပါသည်။

ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ

မြန်မာနိုင်ငံကို ဒေါက်တာ ဒေးဗစ် ဟော့ကင်းစ် (Dr. David R. Hawkins, M.D., Ph.D. (1927-2012)) ၏ Power vs Force နှင့် သုံးသပ်ကြည့်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 203 Views
Grace ရေးသားသည်။ ကျမငယ်ငယ်တုန်းက ၁၀ နှစ်ကနေ ၁၄ နှစ်လောက်မှာ ကျမအဖိုးဆီကို သွားတိုင်း ဒလကနေ ကော့မှူးကို ကားနဲ့သွားရင်း
ဆောင်းပါးများ ဘာသာပြန်ဆောင်းပါး အတွေးအမြင်ကဏ္ဍ

ဘဝကို ပြောင်းလဲပေးနိုင်သော ဗုဒ္ဓ၏ ဟောကြားချက်များ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 6 ရက်
  • 586 Views
Grace ဘာသာပြန် ရေးသားသည်။ ဤအကြောင်းအရာများကို ဂျပန်လူငယ် YouTuber ကူရိုမာရု၏ ပြောထားချက်များကို Grace မှ ဘာသာပြန် ဖော်ပြထားခြင်း
ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ

အာရုံစူးစိုက်မှု ပြန်လည်ကောင်းမွန်လာစေဖို့ ဗုဒ္ဓဂေါတမရဲ့ ကျင့်စဉ်အပေါ်မှာ အခြေခံထားတဲ့ Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 1.82K Views
Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်နဲ့ အာရုံစူးစိုက်မှု ပြန်လည်ကောင်းမွန်လာစေရန် နည်းလမ်း ၃ ချက် ဗုဒ္ဓဂေါတမရဲ့ ကျင့်စဉ်အပေါ်မှာ အခြေခံထားတဲ့ Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်ကို ဗုဒ္ဓဘာသာဝင်တွေအပြင် ဘာသာမဲ့တွေ၊ တခြားဘာသာဝင်တွေလည်း လုပ်ကြည့်နိုင်ပါတယ်။
အတွေးအမြင်ကဏ္ဍ

ဘုံရန်သူပျောက်ပြီးအချင်းချင်းသတ်ကြတော့မှာလား။

  • 2025 ခုနှစ်၊ ဇူလိုင်လ 18 ရက်
  • 1.29K Views
ဘုံရန်သူပျောက်ပြီးအချင်းချင်းသတ်ကြတော့မှာလား။ ဇူလိုင်၁၅ရက်နေ့က ဆိုင်ကယ်စီး ခရီးထွက်လာတဲ့ GZA ခေါင်းဆောင် ကိုဂျီဇက်နဲ့ ရဲဘော် ၄ ယောက်တို့ကို ဂန့်ဂေါ်မြို့နယ်ထီးလင်းနားမှာ ဂန့်ဂေါခရိုင်တပ်ရင်း(၁၀)တပ်ခွဲ(၇)က ပစ်ခတ် ခဲ့တဲ့အတွက် GZAက တပ်ရင်းမှူးတယောက်နဲ့ ကိုယ်ရံတော်ရဲဘော်တယောက် ကို ကျဥ်ထိမှန်ခဲ့ပြီးဖမ်းဆီးခံခဲ့ရပါတယ်။ မော်တော်ဆိုင်မောင်းတဲ့
အစ္စရေး အတွေးအမြင်ကဏ္ဍ အရှေ့အလယ်ပိုင်း

အာရပ်-အစ္စရေးစစ်ပွဲ ဘာကြောင့်ဖြစ်ခဲ့တာလဲ? (ဒုတိယပိုင်းနိဂုံး)

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 1.21K Views
အာရပ်-အစ္စရေးစစ်ပွဲ ဘာကြောင့်ဖြစ်ခဲ့တာလဲ? (ဒုတိယပိုင်းနိဂုံး) ဒုတိယပိုင်းမှာ စစ်ဖြစ်ရတဲ့အကြောင်းရင်းများနဲ့ ဘယ်နှစ်ကြိမ်ဖြစ်ခဲ့သလဲ ဘယ်သူတွေက အနိုင်ရသလဲ၊  အနိုင်ရသူကဘာအကျိုးအမြတ်တွေရခဲ့သလဲဆိုတာတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဦးထွန်းအောင်ကျော်ကသူဟာလူသားဝါဒီတယောက်ဖြစ်ပြီး ဘယ်ဘက်မှ မလိုက်ပဲ သမိုင်းအထောက်အထားတွေကိုကိုးကားပြီး ပြဿနာရဲ့အရင်းမြစ်ကို လေ့လာ တင်ပြထားတယ်လို့ဆိုပါတယ်။ မြန်မာပြည်သူ ပြည်သားများ
ဆောင်းပါးများ မြန်မာသတင်း အတွေးအမြင်ကဏ္ဍ

မြန်မာ့အိမ်နီးချင်းတွေ ယုတ်မာနေကြပြီလား။

  • 2025 ခုနှစ်၊ မေလ 25 ရက်
  • 1.45K Views
သမိုင်းကို ပြန်လည်တူးဖော်ကြည့်ခြင်း မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံများဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးကို စိတ်မဝင်စားကြပါဘူး။ စိတ်မဝင်စားတဲ့အပြင် သူတို့အကျိုးအမြတ်ရမယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေမှုကို နင်းချဖို့၊ ဖျက်စီးနှောက်ယှက်ဖို့လည်း ဝန်မလေးကြပါဘူး။ ဒီနေ့ကမ္ဘာ့နိုင်ငံရေးအလှည့်အပြောင်းက အလွန်ကြောက်စရာကောင်းပါတယ်။ ဒီမိုကရေစီရေးနဲ့ လူ့လွတ်လပ်ခွင့်တွေထဲက
မြန်မာသတင်း အတွေးအမြင်ကဏ္ဍ

“ဝေဖန်သူတွေကို အမုန်းပွား၊တော်လှန်ရေးကိုဘေးမှာထား၊ နိုင်ငံခြားကိုသွား”

  • 2025 ခုနှစ်၊ မေလ 18 ရက်
  • 1.08K Views
ဒီနေ့ မေလ (၁၈) ရက်နေ့ တနင်္ဂနွေစကားဝိုင်းမှာ ပင်တိုင်ဆွေးနွေးသူများဖြစ်တဲ့ဦးထွန်းအောင်ကျော် နဲ့ ဦးထွန်းကြည်တို့က (၁) မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးကောင်စီ(SAC-M)ရဲ့ ထုတ်ပြန်ချက်အပေါ် အမြင် (၂) NUG ဝန်ကြီးတူးခေါင်ရဲ့ ဝေဖန်ထောက်ပြသူတွေကို ဖက်ဆစ်စစ်တပ်နဲ့ ခိုင်းနှိုင်းစွပ်စွဲတဲ့
မြန်မာသတင်း အတွေးအမြင်ကဏ္ဍ အယ်ဒီတာ့အာဘော် အာရှ

ဝါးလုံးခေါင်းထဲလသာနေတဲ့ မြန်မာစိတ်ဓာတ်နဲ့ မြန်မာအတွေးအခေါ်

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 2.87K Views
++++++++++++++++++++++++++++++++++ အယ်ဒီတာ့အာဘော် ကျွန်တော်တို့ မြန်မာတွေ အတွေးအခေါ်တွေချို့တဲ့၊ ဗဟုသုတလည်းခေါင်းပါး၊ စိတ်ဓါတ်ရေးရာတွေ အောက်တန်းကျ ကိုယ်မသိတာနဲ့ သိသယောင် တတ်သယောင် ဂဃနဏသိတဲ့သူတွေ တင်ပြတာကို ကိုယ့်ဝါးလုံးခေါင်းထဲက အတွေးလေးနဲ့ တိုင်းတာပြီး မိုက်ရိုင်းစွာ ဆဲရေးတာကို တွေ့လိုက်ရတယ်။ ဂျပန်နိုင်ငံ၊