နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေစကြိုမှာ တိုက်နယ်ပအဖဆီကနေ လေလံစနစ်နဲ့ဝယ်လာတဲ့ သစ်တွေကို ဒေသထဲတပ်ပေါင်းစုက ဖမ်းဆီး

အောက်တိုဘာလ (၂)ရက်။

စက်တင်ဘာလ (၂၆)ရက်နေ့ နေ့လယ် (၃)နာရီအချိန်က ရေစကြိုမြို့ရှိ တောလမ်းတနေရာမှာ ကျောတိုက်နယ်ပအဖဆီက ဝယ်လာတဲ့ သစ်ကားကို Southern Yesagyo Local တပ်ပေါင်းစုက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

“ ကျောတိုက်နယ်ပအဖဆီကနေ လေလံတင်ရောင်းလိုကတဲ့ ကျွန်းပျဉ်တွေတင်လာတဲ့ (၁၀)ဘီးကားကို ရေစကြိုမြို့နယ်ထဲက တောလမ်းတနေရာမှာ ဖမ်းဆီးလိုက်တာပါ။ ဒါက သတင်းကြိုရတာမျိုး ကြိုပြင်ထားတာမျိုးမဟုတ်ဘဲ လုံခြုံရေးယူထားတဲ့ ဧရိယာထဲ ဝင်လာလို့ ဖမ်းမိတာပါ” လို့ Southern Yesagyo PDF တာဝန်ခံ ကိုအောင်မောင်းက ဆိုပါတယ်။

ဖမ်းမိခဲ့တဲ့ (၁၀)ဘီးကားကနေ သစ်တန်ချိန် (၈.၁၅၃)တန်ရှိ ကျွန်းပျင်တွေကို ‌စစ်ဆေးတွေ့ရှိခဲ့ပြီး အဲ့ဒီသစ်တွေကို ကျောတိုက်နယ်ပအဖက ဦးအောင်ကိုလတ်ဆိုသူထံ လေလံတင်ရောင်းချခဲ့တာလို့ သိရပါတယ်။

ဆက်လက်စစ်ဆေးခဲ့ရာ သယ်ဆောင်ရာ လမ်းတလျှောက်မှာ ပုလဲမြို့နယ်ပအဖ၊ မြိုင်မြို့နယ်ပအဖနဲ့ ပခုက္ကူမြို့နယ်ပအဖတွေရဲ့ အခွန်ဖြတ်ပိုင်းကိုလဲ တွေ့ရှိရတယ်လို့ သူက ဆက်ပြောပါတယ်။

နောက်ပြီး အဲ့ဒီသစ်ကားဟာ ရေစကြိုမြို့ထဲဝင်ရောက်ပြီး စစ်တပ်အထိုင်ချတဲ့ မြောက်လူးကန်ရွာကို မောင်းနှင်ကာ ပခုက္ကူမြို့ရှိ လေယာဉ်ကွင်း ပြုပြင်တည်ဆောက်ဖို့အတွက် ပို့ပေးရမှာဖြစ်တယ်ဆိုလို့ ထွက်ဆိုထားပါသေးတယ်။

“ စစ်ခွေးတွေအထိုင်ချတဲ့ မြောက်လူးကန်ရွာနဲ့ ပခုက္ကူလေယာဉ်ကွင်းက အရှေ့ဘက်နဲ့ အနောက်ဘက်မှာ တည်ရှိတာ။ ယာခင်းတကွက်ဘဲခြားတယ်။ အဲ့ဒီသစ်တွေက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ အသက်ဘဝကို လေကြောင်းနဲ့ သတ်ဖြတ်ဖျက်ဆီးနေတဲ့ အာဏာရူးမအလရဲ့ လေယာဉ်ကွင်းတည်ဆောက်ဖို့ အကျိုးပြုနေတယ်ဆိုတာကို တွေ့ရပါတယ်” လို့ သူက ပြောပါတယ်။

အခုလို ဖမ်းဆီးရမိခဲ့တဲ့ ကျွန်းသစ်တွေနဲ့ ကားကို တော်လှန်ရေးအကျိူးပြုလုပ်ငန်းတွေမှာ အသုံးပြုသွားမှာဖြစ်တယ်လို့လဲ Southern Yesagyo PDF ရဲ့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း အမေရိကန်

အမေရိကန်ပဲပုပ်ဖတ် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေ သဘောတူလက်မှတ်ရေးထိုး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အမေရိကန်ရဲ့ ပဲပုပ်ဖတ်တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အရှေ့တောင်အာရှကို
မြန်မာသတင်း

ကြီးမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 20 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အခုအချိန်အထိ ကြမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ
မြန်မာသတင်း

သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် မိုင်းခွဲခံရတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 19 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်က သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် ထပ်မံမိုင်းခွဲခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ထပ်မံမိုင်းခွဲခံရတာကြောင့် တံတားရဲ့ အနောက်ဘက် ရေလည်တိုင်တွေဖြစ်တဲ့ တိုင်အမှတ် P-5 နဲ့ P-7
မြန်မာသတင်း

ခင်ဦးမြို့ပေါ် ပြည်သူပိုင်ဈေးတန်းအိမ်တွေကို မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 27 Views
တိုက်ပွဲထဲ မီးရှို့ကိုကိုဆိုပြီး နာမည်ဆိုးထွက်နေတဲ့ စစ်ကောင်စီဗိုလ်တဦး သေဆုံးခဲ့ ဖေဖော်ဝါရီလ (၂၅)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ ခင်ဦးမြို့ပေါ် ပြည်ပိုင်ဈေးတန်းအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

ရေးမြို့တိုက်ပွဲထဲ နှစ်ဖက် ထိခိုက်ကျဆုံးတာတွေရှိခဲ့တယ်လို့ YGF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 28 Views
ဖေဖော်ဝါရီလ (၂၃)ရက်။ ဖေဖော်ဝါရီလ (၂၃)ရက်နေ့က ရေးမြို့ အောင်သပြေရွာအနီး စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေးပြောက်ကျားတပ်(YGF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အောင်သပြေရွာနားကို ရောက်လာတဲ့ စကစစစ်ကြောင်း အင်အား(၁၅၀)နဲ့ တော်လှန်ရေးမဟာမိတ်တွေ တိုက်ပွဲဖြစ်ပွားတာပါ။ အဲ့ဒီတိုက်ပွဲက
မြန်မာသတင်း

အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်မယ်လို့ MDY-PDF ကတိပြုထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 28 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာကျရောက်တဲ့ ဖွဲ့စည်းတည်ထောင်တဲ့ (၅)နှစ်ပြည့်မှာ ကတိပြုထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ MDY-PDF အနေနဲ့ လက်နက်ကိုင်တော်လှန်ရေး စတင်လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ကို
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် HDCO ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 32 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ပုဏ္ဏားကျွန်းမြို့ကို စစ်တပ်က လေကြောင်းဗုံးကြဲတာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချတယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က ပုဏ္ဏားကျွန်းမြို့ ယိုးငူရွာရှိ ဈေးဆိုင်တန်းကို အကြမ်းဖက်စစ်တပ်က
မြန်မာသတင်း

ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က နောင်ဝိုး၊ ကျိုင်းခမ်းနဲ့ မိုင်းပျဉ်းတပ်နယ် တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်တင်မြှောက်ပြီး အစိုးရသစ်တရပ် ဖွဲ့စည်းကာ နိုင်ငံရဲ့တာဝန်ကို