နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ တော်လှန်ရဲဘော် (၂)ဦး ဖမ်းဆီးခံရ

အောက်တိုဘာလ (၂)ရက်။

ရန်ကုန်မှာ စစ်အာဏာရှင်စနစ်ကို တော်လှန်တဲ့ သပိတ်စစ်ကြောင်းက တော်လှန်ရဲဘော် (၂)ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ရဲဘော် (၂)ဦးက ဇွန်လ (၃)ရက်နေ့မှာ မြေပြင်ကိစ္စသွားရင်း အဆက်အသွယ်ပြတ်တောက်သွားတာ။ အဲ့ဒီနေ့ ညနေပိုင်းမှာ အဆက်အသွယ်ရခဲ့ပြီးတော့မှ စစ်ကောင်စီရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာ” လို့ ဆိုပါတယ်။

စမ်းချောင်းပင်မသပိတ်စစ်ကြောင်းရဲ့ ရဲဘော် (၂)ဦးဖြစ်တဲ့ ဟိန်းနိုင်ဇော်(ခ)အိုမီနဲ့ သိမ့်သီရိဝေ(ခ)မမြင်ရင်တို့ဟာ ဇွန်လ (၃)ရက်နေ့က ဖမ်းဆီးခံရတာဖြစ်ပြီး လုံခြုံရေးအခြေအနေတွေကြောင့် ချက်ချင်းသတင်းထုတ်ပြန်ခွင့် မရခဲ့တာလို့ သိရပါတယ်။

“ သူတို့(၂)ဦး ဖမ်းဆီးခံရတဲ့အချိန်မှာ ကျန်တဲ့ရဲဘော်တွေရဲ့ လုံခြံရေးအခြေအနေကြောင့် ချက်ချင်းသတင်းမထုတ်ပြန်ခဲ့တာ။ အခုတော့ သပိတ်ရဲဘော်(၂)ဦးကို စစ်ကောင်စီက အကျဉ်းထောင်မှာ မတရားဥပဒေနဲ့ ဖမ်းဆီးအကျဉ်းချထားတယ်” လို့ သူက ဆက်ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ သပိတ်ရဲဘော် (၂)ဦးဟာ ရန်ကုန်မြို့ရဲ့ အကြမ်းမဖက် လူထုလှုပ်ရှားတွေမှာ ဦးဆောင်ပါဝင်သူတွေဖြစ်ပြီး ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးငရဲခန်း ဖြတ်သန်းရသလို လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီရဲဘော် (၂)ဦးဟာ မြန်မာပြည်မှာ ဆိတ်သုဉ်းနေတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပါအဝင် လူ့အခွင့်အရေး၊ တန်းတူညီမျှရေးနဲ့ ဒီမိုကရေစီအရေးတို့ ပြန်လည်ရရှိဖို့ ငြိမ်းချမ်းစွာ လူထုတိုက်ပွဲနည်းလမ်းနဲ့ ပြည်သူနဲ့ တသားထဲရပ်တည်နေသူတွေလို့ ဆိုပါတယ်။

ဒါ့ကြောင့် စစ်အာဏာရှင်အမြစ်ပြတ်ချုပ်ငြိမ်းဖို့ ရဲဝံ့စွာ အံတုတိုက်ခိုက်ခဲ့တဲ့ ရဲဘော် ကိုအိုမီနဲ့ မမြရင်တို့ရဲ့ ဆုံးရှုံးမှုကို ထပ်မံကြိုးပမ်းပြီး ကျန်ရှိတဲ့ရဲဘော်တွေက စည်းစည်းလုံးလုံးနဲ့ တော်လှန်ရေးအောင်မြင်တဲ့အထိ လူထုနဲ့အတူ ပိုမိုကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 28 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့