နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

“တရုတ်ဖိအားနဲ့ပြောင်းလဲသွားတဲ့တော်လှန်ရေး”

အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်ကြည့်ခြင်း (၁၉)

ခေတ်မျက်လုံးရဲ့အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်တင်ပြလာတာအခုဆိုရင် (၁၉) ကြိမ်မြောက် ရှိလာပါပြီ။ ဒီအပတ်တနင်္ဂနွေနေ့မှာ ဆွေးနွေးတင်ပြမဲ့ အကြောင်းအရာ ကတော့ နွေဦးတော်လှန်ရေးစစခြင်း တပြည်လုံး စစ်အာဏာ သိမ်းတာကို ဆန့်ကျင်တော်လှန်ကြပေမဲ့ လက်နက်ခဲယမ်း အခက်အခဲကြောင့် တော်လှန်ရေး အီနေရာကနေ ၁၀၁၇ စစ်ဆင်ရေး မြောက်ပိုင်းညီနောင်တွေစတင်လာတဲ့အခါ တော်လှန်ရေး အရှိန်အဟုန် ကောင်းလာခဲ့ပြီး ပြည်သူအများ စိတ်အားတက်ကြွလာခဲ့ရပြန်ပါတယ်။

စစ်အုပ်စုဖရိုဖရဲ အရှုံးကြီးရှုံးနေခဲ့ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကျခဲ့ရပြီး လားရှိုးမြို့၊ မိုးကုတ်မြို့၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ စတဲ့မြို့တွေကို မြောက်ပိုင်းမဟာမိတ် ညီနောင်တွေက ရခဲ့သလို ရခိုင်မှာလည်း အာရက္ခတပ်တော်အေအေက ရခိုင်ပြည်တခုလုံးနီးပါးကို သိမ်းကြုံးရယူနိုင်ခဲ့တဲ့အဖြစ်က တော်လှန်ရေး အောင်ပွဲနီးလာတဲ့သဘောကို ပြသခဲ့ပါတယ်။

ဒါပေမဲ့ မထင်မှတ်ဘဲ တရုတ်ကြီးက ကြားဝင်လာခဲ့ပြီး မြန်မာပြည်တွင်းရေးမှာ ပေါ်ပေါ် ထင်ထင် စွက်ဖက်ပြီး စစ်အုပ်စုဖက်ကို ရပ်လာခဲ့တဲ့အပြင် ‌မြောက်ပိုင်းညီနောင်တွေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကနေ ပြန်ဆုတ်ခွာဖို့ အပြင်းအထန်ဖိ အားတွေပေးလာခဲ့တဲ့အတွက် စစ်အုပ်စုလက်လွှတ်ခဲ့ရတဲ့နယ်မြေတွေကို ပြန်လည်ပေးအပ်ခဲ့ရပါတယ်။ ဒီအကြောင်းအရာတွေအားလုံးကိုခြုံငုံပြီး လာမယ့်စစ်အုပ်စု ကျင်းပမဲ့ရွေးကောက်ပွဲ နဲ့ ဖြစ်နိုင်ခြေအလားအလာများကို ဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က သူတို့အမြင်ကို ခေတ်မျက်လုံး YouTube ချန်နယ်ကနေ LIVE ဆွေးနွေးတင်ပြ ကြမှာ ဖြစ်ပါတယ်။ ဒီနေ့နိုဝင်ဘာလ ၂ရက်နေ့ ည မြန်မာစံတော်ချိန် (၇) နာရီခွဲမှာ ကြည့်ရှုနိုင်ကြကြောင်း အသိပေးအပ်ပါတယ်။

ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 26 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 27 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့