နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကောလင်းမှာ NUG ရဲ့ သယံဇာတကော်မတီ အတွင်းရေးမှူးတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ

ဇန်နဝါရီလ (၃)ရက်။

ကောလင်းမြိုမှာ NUG လက်အောက်ရှိ သယံဇာတကော်မတီရဲ့ အတွင်းရေးမှူးဖြစ်သူ ကိုအရိန္ဒာမာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။

“ ကောလင်းမြိုနယ် သယံဇာတကော်မီတီ အတွင်းရေးမှူး ဆရာအရိန္ဒာမာ မနေ့က လုပ်ကြံသတ်ဖြတ်ခံရပါတယ်။ အစပိုင်းမှာတော့ ဆိုင်ကယ်အက်စီးဒင့်ကြောင့်လို သတင်းပိုလာပေမယ့် စစ်ဆေးချက်အရ သေနတ်ပစ်ခံထားရတာ ဖြစ်ကြောင်းအတည်ပြုပါတယ်” လို ဆိုပါတယ်။

မနေ့က နေ့လယ် (၂)နာရီခန့်က သယံဇာတကော်မတီရဲ့ အတွင်းရေးမှူးဖြစ်သူ ကိုအရိန္ဒာမာဟာ ရှမ်းကလုံးကျေးရွာနဲ့ ရွှေတွင်းကျေးရွာကြားမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး လုပ်ကြံသတ်ဖြတ်ခံရတာလို သိရပါတယ်။

အခုလို သယံဇာတကော်မတီရဲ့ အတွင်းရေးမှူးဖြစ်သူ ကိုအရိန္ဒာမာ လုပ်ကြံသတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး MONERC ရုံးအဖွဲသားတွေနဲ့ မိတ်ဆွေတွေအနေနဲ့ မိသားစုနဲ့ထပ်တူ ဝမ်းနည်းရတယ်လို ဖော်ပြထားပါတယ်။

လုပ်ကြံသတ်ဖြတ်ခံရတဲ့ ကိုအရိန္ဒာမာဟာ CDM ပြုလုပ်ထားတဲ့ ECD ဦးစီးအရာရှိတစ်ဦးဖြစ်ပြီး မိသားစုထဲ သမီးလေးတစ်ဦးကျန်ရှိခဲ့ကာ ဖြစ်စဉ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို ရေးသားထားပါတယ်။

“ ခေတ်စနစ်ဆိုးထဲမှာ အလင်းတန်းတဖွယ် လင်းလက်နေပေမယ့် အလင်းဒဏ်မခံနိုင်တဲ့ လူတချိုကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့ ဝန်ထမ်းကောင်းတစ်ယောက် ဆုံးရှုးရတာဟာ တော်လှန်ရေးအစိုးရတရပ်အတွက် ဆုံးရှုးမှုကြီးဖြစ်ပါတယ်” လို ဝန်ကြီးက ဆက်ပြောပါတယ်။

ဒါ့အပြင် CDM ပြုလုပ်ထားတဲ့ ECD ဦးစီးအရာရှိ ကိုအရိန္ဒာမာ အသတ်ခံရတာဟာ‌ ရွှေတွင်းကိစ္စရပ်တွေကြောင့်ဖြစ်ပြီး PDF တွေက လုပ်ကြံသတ်ဖြတ်ခဲ့တာလိုလဲ စစ်လော်ဘီချန်တွေက ‌ထုတ်ပြန်ထားကြပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလဆန်းပိုင်းကလဲ NUG ရဲ့ ပညာရေးဘုတ်အဖွဲဝင်တာဝန်ခံ ဆရာဦးဝင်းဌေးအပါအဝင် မိသားစုဝင် (၃)ဦး လုပ်ကြံသတ်ဖြတ်ခံရကာ အမှုမှန်ပေါ်ဖို လှုပ်ရှားတောင်းဆိုထားကြပေမယ့် တရားခံမမိသေးဘူးလို သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်က ဆေးဘက်ဆိုင်ရာကျောင်းတွေမှာပါ စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်နေ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 26 Views
မေလ (၁၂)ရက်။ ရန်ကုန် မှော်ဘီမြို့အခြေစိုက် စစ်တပ်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်း(တဆက)မှာပါ စစ်မှုထမ်းသင်တန်း ဖွင့်လှစ်သင်ကြားနေတယ်လို့ MDSI ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တဆကဟာ
မြန်မာသတင်း

အုတ်ဖိုမှာ စစ်တပ်ကင်းပုန်းတပ်ဖွဲ့နဲ့ ပျူစောထီးစခန်း တိုက်ခိုက်ခံရ၊ စစ်တပ်ဘက်က (၆)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 27 Views
မေလ (၁၂)ရက်။ အုတ်ဖိုမြို့မှာ စစ်တပ် ကင်းပုန်းဝပ်တပ်ဖွဲ့တွေနဲ့ ပျူစောထီးစခန်းတို့ကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မေလ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ တာဝန်ထမ်းဆောင်မယ်လို့ LPDF တွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 26 Views
မေလ (၁၂)ရက်။ မေလ (၇)ရက်နေ့က မကွေးဖက်ဒရယ်ယူနစ်အစိုးရနဲ့ ဒေသထဲအခြေစိုက် LPDF အဖွဲ့တွေအကြား တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို မကွေးယူနစ်အစိုးရရဲ့ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်၊ ဒုဝန်ကြီးချုပ် ကိုချစ်ဝင်းမောင်နဲ့ ကာကွယ်ရေးဝန်ကြီး
မြန်မာသတင်း

လမိုင်းမြို့ရဲစခန်းအနီးတိုက်ပွဲထဲ စစ်ကော်မရှင်ရဲ့ ဒုရင်းမှူးတဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 31 Views
မေလ (၁၂)ရက်။ မနေ့က ညနေ (၆)နာရီခွဲအချိန်မှာ လမိုင်းမြို့ရဲစခန်းအနီး ‌စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ရေးဘီလူးတပ်ရင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညနေ (၆)နာရီခွဲလောက် လမိုင်းမြို့ရဲစခန်းနားမှာ ခလရ(၁၀၆)က အားကိုးရတဲ့ ဒုရင်းမှူး ထွန်းရာကျော်ကို ကျွန်တော်တို့
မြန်မာသတင်း

အာဆီယံနဲ့ နိုင်ငံတကာကို ဝေဖန်တဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို NUG ပြင်းပြင်းထန်ထန် ရှုတ်ချ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 32 Views
မေလ (၁၁)ရက်။ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဝေဖန်ထားတဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို NUG က ဒီကနေ့မှာ ပြင်းပြင်းထန်ထန် ရှုတ်ချထားတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုထားတယ်ဆိုကာ စွပ်စွဲပြီး ဒေသထဲ ထိတွေ့ဆက်ဆံတာတွေကို ဖယ်ကြည်ထားတယ်လို့ အာဆီယံနဲ့
မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်း အရေးပေါ်ပိတ်ပင်

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 31 Views
မေလ (၁၁)ရက်။ ဒီကနေ့ကစပြီး စစ်ရေးအခြေအနေတွေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်းကို အရေးပေါ်ပိတ်ပင်လိုက်တယ်လို့ CDF-Tonzang ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်စစ်ကြောင်းဟာ တွန်းဇံမြို့ဘက်ကို ဦးတည်လာတာကြောင့် ပြည်သူတွေ အန္တရာယ်မဖြစ်အောင် ရာ်ရွယ်ပြီး ဖြတ်သန်းသွားလာတာ မလုပ်ဖို့ တားမြစ်တာလို့ ဆိုပါတယ်။
မြန်မာသတင်း

မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 31 Views
မေလ (၁၁)ရက်။ ဧပြီလထဲ မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့တယ်လို့ အရေးပေါ်အခြေအနေ ကာကွယ်ရေးနဲ့ စီမံခန့်ခွဲမှုကော််မတီ(မန္တလေး)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မြင်းခြံခရိုင်ထဲ စစ်အုပ်စုကြောင့် အရပ်သား သေဆုံးတာဟာ
မြန်မာသတင်း

အီရန်စစ်ပွဲက ပြောင်းလဲသွားပြီဖြစ်သော်လည်း ထရမ့်၏ ပြောဆိုချက်များမှာ ပြောင်းလဲခြင်းမရှိပေ။

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁၀)ရက်။ ဘောလုံးကို အမြဲတမ်းလှည့်စားပြီး ပြန်ဆွဲယူတတ်သည့် လူစီ (Lucy) ကဲ့သို့ပင်၊ သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နှင့် စစ်ပွဲအဆုံးသတ်ရန် သဘောတူညီချက်ရရှိတော့မည် ဖြစ်ကြောင်း လပေါင်းများစွာကြာအောင် ထပ်တလဲလဲ ပြောဆိုနေခဲ့သည်။ စစ်ပွဲ၏