နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

MOD က အကူအညီပေးမယ်ဆိုပြီးပြောပေမယ့် (၉)လကျော်ကြာတဲ့အထိ မရရှိသေးဘူးလို့ မိုးဗြဲ-PDF ပြော

ဇန်နဝါရီလ (၃)ရက်။

MOD က စစ်ရေးမဟုတ်တဲ့ အကူအညီတွေပေးမယ်လို့ ပြောဆိုထားပေမယ့် (၉)လကျော်ကြာတဲ့အထိ တစုံတရာ လက်ခံရရှိတာ မရှိသေးဘူးလို့ တပ်ရင်းအမှတ်(၁၀၀၇)(မိုးဗြဲ-PDF(၂))ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

“ MOD စစ်ရေးချုပ် ဒေါက်တာယင်းမာကိုယ်တိုင် မြေပြင်လာပြီးတော့ ကျနော်တို့အပါအဝင် မြေပြင်တပ်ရင်းတွေကိုတွေ့ဆုံပြီး စစ်ရေးမဟုတ်တဲ့တခြားအကူအညီဆိုလို့ တပ်ရင်းရဲ့ဆေးတပ်တွေအတွက် ကား (၁)စီး အကူညီတောင်းခံရာမှာ (၃) လအတွင်းချပေးမည်ဖြစ်ကြောင်း၊ ပိုက်ဆံ ချေးလို့ရရင် အရင်ချေးပြီး ဝယ်ယူနိုင်ကြောင်း NUG စစ်ရေးချုပ်ကိုယ်တိုင် ကျနော်တို့ရှေ့မှောက်မှာ အာမခံပြောသွားခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ (၉)လကျော်ခဲ့ပေမဲ့ အခုအချိန်ထိ တပြားတချပ်မှ လက်ခံရရှိတာမရှိသလို ဘာအကျိုးအကြောင်းမှမသိရပါဘူး” လို့ ရဲဘော် ခွန်သိန်းဦးက မနေ့က ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လ (၁၅)ရက်နေ့က MOD ရဲ့ ဒုစစ်ရေးချုပ် ဒေါက်တာ ယင်းမာဟာ ကရင်နီပြည်တနေရာကို သွားရောက်ကာ မြေပြင်တပ်ရင်းတွေနဲ့တွေ့ဆုံချိန် စစ်ရေးမဟုတ်တဲ့အကူအညီတွေ ပေးသွားမယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ဒုစစ်ရေးချုပ်ရဲ့ ပြောဆိုချက်ကြောင့် တပ်ရင်းအမှတ်(၁၀၀၇)အနေနဲ့ ဆေးတပ်အတွက် ကားတစ်စီး အကူအညီတောင်းခဲ့ရာ (၃)လအတွင်း ချပေးမှာဖြစ်ပြီး အရင်ပိုက်ဆံချေးကာ ဝယ်ယူထားဖို့ ကိုယ်တိုင်အာမခံပြောဆိုသွားခဲ့တာပါ။

အခုလို MOD ဒုစစ်ရေးချုပ်ကိုယ်တိုင် အာမခံပြောဆိုသွားခဲ့ပေမယ့် (၉)လကျော်ကြာတဲ့အထိ တပြားတချပ်မှ လက်ခံရရှိတာမရှိဘဲ အကျိုးအကြောင်းလဲ မသိရကာ တာဝန်ရှိသူတွေအနေနဲ့ ပေးထားတဲ့ကတိတည်ဖို့ တိုက်တွန်းထားပါတယ်။

“ စစ်အာဏာရှင်ချုပ်ငြိမ်းရေးမှာ ကျနော်တို့လူငယ်ဟာ တတ်အားတမျှ တိုက်ပွဲဝင်တယ်၊ တာဝန်ကျေတယ်၊ ကတိတည်တယ်။ အပြောနဲ့အလုပ် တထပ်တည်းဖြစ်အောင်ကြိုးစားနေတယ်။ လက်ရှိ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ ဝေဟင်က တာဝန်ရှိသူတွေကို လူကြီးပီသစွာ ပေးတဲ့ကတိကို တည်စေချင်ပါတယ်။ အကယ်၍ ဆေးတပ်အတွက် ကားဝယ်ဖို့ ငွေချပေးရဲ့သားနဲ့ မရောက်ဘူးဆိုရင် ဘာတွေလွဲမှားမှုရှိလဲ ဆန်းစစ်စေချင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

အမှတ်(၃)စစ်ဒေသရဲ့ ရှမ်းတောင်၊ တပ်ရင်းအမှတ်(၁၀၀၇)(မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(၂))အနေနဲ့ တော်လှန်ရေး (၄)နှစ်နီးပါးကြာ မဟာမိတ်တပ်တွေနဲ့အတူ တိုက်ပွဲဝင်နေကာ ရဲဘော် (၂၁)ဦးအထိ ကျဆုံးခဲ့ပြီး ခြေလက်အင်္ဂါဆုံးရှုံးသူ (၁၀)ဦးရှိခဲ့တယ်လို့ သိရပါတယ်။

MOD ဒုစစ်ရေးချုပ် ဒေါက်တာယင်းမာအပါအဝင် ဝန်ကြီးချုပ်နဲ့အဖွဲ့ PDF တပ်ရင်းတွေရဲ့ ရှေ့တန်းနယ်‌မြေတွေနဲ့ သင်တန်းကျောင်းတွေကို သွားရောက်ခဲ့စဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပြည်သူ့အကျိုးကိုသာ ရှေးရှုဆောင်ရွက်ပေးနေတယ်ဆိုပြီး ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 4 Views
ဇန်နဝါရီလ (၁၅)ရက်။ ပြည်သူ့အကျိုးကိုသာ ရှေးရှုပြီး ရည်မှန်းချက်ထား ဆောင်ရွက်ပေးနေတယ်လို့ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ကယားပြည်နယ်နေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ
မြန်မာသတင်း

ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ခင်ပွန်းကို မူးယစ်ဆေးဝါးတွေနဲ့အတူ PDF ဖမ်းမိ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 6 Views
ဇန်နဝါရီလ (၁၅)ရက်။ မနေ့က မြင်းခြံမြို့က ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ခင်ပွန်း စိန်လွင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ပြည်ပသံရုံးတရုံးနဲ့ တွေ့ဆုံတာကြောင့် ဒေါ်သက်သက်ခိုင်နဲ့ ပါတီဝင်တဦးကို ဖမ်းဆီးတာလို့ စစ်တပ် ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 6 Views
ဇန်နဝါရီလ (၁၅)ရက်။ PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ ပါတီဝင် ဒေါ်ထက်ထက်လှိုင်တို့ဟာ ပြည်ပသံရုံးတရုံးနဲ့ လျှို့ဝှက်စွာတွေ့ဆုံတာကြောင့် ဖမ်းဆီးတာဆိုပြီး စစ်တပ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်သက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ဟာ ဒီဇင်ဘာလ (၁၈)ရက်နေ့က ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ
မြန်မာသတင်း

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 33 Views
ဇန်နဝါရီလ (၁၄)ရက်။ မနေ့က ညနေပိုင်းအချိန်က ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ပါတီနဲ့နီးစပ်သူတွေထံက သိရပါတယ်။ “ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က လာဖမ်းသွားတယ်ဆိုတာ ဟုတ်ပါတယ်။ မနေ့ ညနေကပဲ ဗဟန်းက သူ့ရဲ့နေအိမ်မှာ လာဖမ်းသွားတာ။
မြန်မာသတင်း

တနှစ်တာထဲ KNU တပ်မဟာ(၅)မှာ တိုက်ပွဲပေါင်း (၁၀၀၀)ကျော် ဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 24 Views
ဇန်နဝါရီလ (၁၄)ရက်။ ပြီးခဲ့တဲ့ (၁)နှစ်တာကာလထဲ KNU တပ်မဟာ(၅)မှာ စစ်တပ်နဲ့ တိုက်ပွဲပေါင်း (၁၁၁၃)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေထဲ စစ်တပ်ဘက်က (၂၈၄)ဦးသေဆုံးပြီး (၄၅၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူတွေထဲ G-3
မြန်မာသတင်း

PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် ဖိတ်ခေါ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 25 Views
ဇန်နဝါရီလ (၁၄)ရက်။ PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှာ ထပ်မံဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးဆိုတာဟာ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မှသာ ရရှိမှာဖြစ်တာကြောင့် ဖြစ်ချင်တာကို ပြောနေမယ့်အစား ဖြစ်သင့်တာကို
မြန်မာသတင်း

UDLA က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 43 Views
ဇန်နဝါရီလ (၁၃)ရက်။ ပြည်ထောင်စု ကာကွယ်ရေးနဲ့ လွတ်မြောက်ရေးမဟာမိတ်တပ်ပေါင်းစု(UDLA)က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ UDLA က ပေးပို့တဲ့ ပြစ်တင်ရှုတ်ချလွှာမှာ အချက် (၄)ချက်နဲ့ ဖော်ပြထားပြီး NUG
မြန်မာသတင်း

ရက်မြို့ကို မဲပုံးတွေလာပို့တဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၄)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 36 Views
ဇန်နဝါရီလ (၁၃)ရက်။ မနေ့က နံနက် (၁၁)နာရီကျော်အချိန်က သရက်မြို့ကို မဲပုံးတွေလာပို့တဲ့ အင်အား (၂၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်းတုန်းမြို့ကနေ သရက်မြို့ကို မဲပုံးတွေလာပို့တဲ့