နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

MOD က အကူအညီပေးမယ်ဆိုပြီးပြောပေမယ့် (၉)လကျော်ကြာတဲ့အထိ မရရှိသေးဘူးလို့ မိုးဗြဲ-PDF ပြော

ဇန်နဝါရီလ (၃)ရက်။

MOD က စစ်ရေးမဟုတ်တဲ့ အကူအညီတွေပေးမယ်လို့ ပြောဆိုထားပေမယ့် (၉)လကျော်ကြာတဲ့အထိ တစုံတရာ လက်ခံရရှိတာ မရှိသေးဘူးလို့ တပ်ရင်းအမှတ်(၁၀၀၇)(မိုးဗြဲ-PDF(၂))ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

“MOD စစ်ရေးချုပ် ဒေါက်တာယင်းမာကိုယ်တိုင် မြေပြင်လာပြီးတော့ ကျနော်တို့အပါအဝင် မြေပြင်တပ်ရင်းတွေကိုတွေ့ဆုံပြီး စစ်ရေးမဟုတ်တဲ့တခြားအကူအညီဆိုလို့ တပ်ရင်းရဲ့ဆေးတပ်တွေအတွက် ကား (၁)စီး အကူညီတောင်းခံရာမှာ (၃) လအတွင်းချပေးမည်ဖြစ်ကြောင်း၊ ပိုက်ဆံ ချေးလို့ရရင် အရင်ချေးပြီး ဝယ်ယူနိုင်ကြောင်း NUG စစ်ရေးချုပ်ကိုယ်တိုင် ကျနော်တို့ရှေ့မှောက်မှာ အာမခံပြောသွားခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ (၉)လကျော်ခဲ့ပေမဲ့ အခုအချိန်ထိ တပြားတချပ်မှ လက်ခံရရှိတာမရှိသလို ဘာအကျိုးအကြောင်းမှမသိရပါဘူး”လို့ ရဲဘော် ခွန်သိန်းဦးက မနေ့က ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လ (၁၅)ရက်နေ့က MOD ရဲ့ ဒုစစ်ရေးချုပ် ဒေါက်တာ ယင်းမာဟာ ကရင်နီပြည်တနေရာကို သွားရောက်ကာ မြေပြင်တပ်ရင်းတွေနဲ့တွေ့ဆုံချိန် စစ်ရေးမဟုတ်တဲ့အကူအညီတွေ ပေးသွားမယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ဒုစစ်ရေးချုပ်ရဲ့ ပြောဆိုချက်ကြောင့် တပ်ရင်းအမှတ်(၁၀၀၇)အနေနဲ့ ဆေးတပ်အတွက် ကားတစ်စီး အကူအညီတောင်းခဲ့ရာ (၃)လအတွင်း ချပေးမှာဖြစ်ပြီး အရင်ပိုက်ဆံချေးကာ ဝယ်ယူထားဖို့ ကိုယ်တိုင်အာမခံပြောဆိုသွားခဲ့တာပါ။

အခုလို MOD ဒုစစ်ရေးချုပ်ကိုယ်တိုင် အာမခံပြောဆိုသွားခဲ့ပေမယ့် (၉)လကျော်ကြာတဲ့အထိ တပြားတချပ်မှ လက်ခံရရှိတာမရှိဘဲ အကျိုးအကြောင်းလဲ မသိရကာ တာဝန်ရှိသူတွေအနေနဲ့ ပေးထားတဲ့ကတိတည်ဖို့ တိုက်တွန်းထားပါတယ်။

“စစ်အာဏာရှင်ချုပ်ငြိမ်းရေးမှာ ကျနော်တို့လူငယ်ဟာ တတ်အားတမျှ တိုက်ပွဲဝင်တယ်၊ တာဝန်ကျေတယ်၊ ကတိတည်တယ်။ အပြောနဲ့အလုပ် တထပ်တည်းဖြစ်အောင်ကြိုးစားနေတယ်။ လက်ရှိ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ ဝေဟင်က တာဝန်ရှိသူတွေကို လူကြီးပီသစွာ ပေးတဲ့ကတိကို တည်စေချင်ပါတယ်။ အကယ်၍ ဆေးတပ်အတွက် ကားဝယ်ဖို့ ငွေချပေးရဲ့သားနဲ့ မရောက်ဘူးဆိုရင် ဘာတွေလွဲမှားမှုရှိလဲ ဆန်းစစ်စေချင်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။

အမှတ်(၃)စစ်ဒေသရဲ့ ရှမ်းတောင်၊ တပ်ရင်းအမှတ်(၁၀၀၇)(မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(၂))အနေနဲ့ တော်လှန်ရေး (၄)နှစ်နီးပါးကြာ မဟာမိတ်တပ်တွေနဲ့အတူ တိုက်ပွဲဝင်နေကာ ရဲဘော် (၂၁)ဦးအထိ ကျဆုံးခဲ့ပြီး ခြေလက်အင်္ဂါဆုံးရှုံးသူ (၁၀)ဦးရှိခဲ့တယ်လို့ သိရပါတယ်။

MOD ဒုစစ်ရေးချုပ် ဒေါက်တာယင်းမာအပါအဝင် ဝန်ကြီးချုပ်နဲ့အဖွဲ့ PDF တပ်ရင်းတွေရဲ့ ရှေ့တန်းနယ်‌မြေတွေနဲ့ သင်တန်းကျောင်းတွေကို သွားရောက်ခဲ့စဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 82 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို