နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဘောလခဲမြို့ကနေ ပြည်သူတွေ (၁၀)ရက်အတွင်း ရှောင်ရှားကြဖို့ ကရင်နီတပ်ပေါင်းစု ထုတ်ပြန်

ဖေဖော်ဝါရီလ (၂)ရက်။

ဘောလခဲမြို့ကနေ ပြည်သူတွေ (၁၀)ရင်အတွင်း ရှောင်ရှားကြဖို့ KNDF အပါအဝင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ဘောလခဲမြို့ထဲ စစ်ကောင်စီက စစ်အင်အားဖြည့်တင်းတာနဲ့ ရိက္ခာဆေးဝါးတွေ ဖြည့်တင်းတာတွေ နေ့တိုင်း ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အဲ့ဒီအတွက်ကြောင့် ဘောလခဲမြို့နယ်ထဲ ထိတွေ့တိုက်ပွဲတွေ အချိန်မ‌ရွေး ဖြစ်လာနိုင်တာကြောင့် တော်လှန်ရေးတပ်ပေါင်းစုက ပြည်သူတွေလိုက်နာဖို့ အသိပေးထုတ်ပြန်တာလို့ ဖော်ပြထားပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီအပါအဝင် စစ်ကောင်စီယန္တရားထောက်တိုင်တွေနဲ့ မပတ်သက်၊ မပူးပေါင်းဖို့နဲ့ စစ်ကောင်စီတပ်စခန်းအနီး သွားလာနေထိုင်တာ မလုပ်ဖို့ ရေးသားထားပါတယ်။

နောက်ပြီး စစ်ရေးအရှိန် မြင့်တက်လာတာနဲ့အတူ ဘောလခဲမြို့ထဲနေ ပြည်သူတွေအနေနဲ့ ထုတ်ပြန်ကြေညာတဲ့နေ့ကစပြီး (၁၀)ရက်အတွင်း အမြန်ဆုံးရှောင်ရှားဖို့နဲ့ မလိုက်နာပါက နောက်ဆက်တွဲကိစ္စတွေကို တာဝန်ယူ ဖြေရှင်းပေးမှာမဟုတ်ဘူးလို့ အသိပေးထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီယန္တရားလည်ပတ်ဖို့ ထောက်တိုင်တွေဖြစ်တဲ့ Non-CDM ဝန်ထမ်းတွေ၊ စစ်မှုထမ်းဟောင်းတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ဘောလခဲမြို့ထဲ ယန္တရားလည်ပတ်တာတွေ မပြုလုပ်ဖို့ ထပ်မံသတိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ ဆက်သွယ်ခွင့် သားဖြစ်သူတောင်းဆို

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 12 Views
စက်တင်ဘာလ (၁၀)ရက်။ ဒေါ်အောင်ဆန်းစုကြည် နေမကောင်းဘူးဆိုတာကို စစ်တပ်က သတင်းအမှားလို့ ပြောဆိုတဲ့အတွက် အတည်ပြုနိုင်အောင် ဆက်သွယ်ခွင့်ရဖို့ သားဖြစ်သူ ကိုထိန်လင်းက ဒီကနေ့မှာ
မြန်မာသတင်း

ရွေးကောက်ပွဲ ပျက်ပြားအောင်လုပ်တယ်ဆိုပြီး အမျိုးသားတစ်ဦးကို စစ်တပ်က ဖမ်းဆီးထောင်ချ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 10 Views
စက်တင်ဘာလ (၁၀)ရက်။ တောင်ကြီးမြို့က အမျိုးသားတစ်ဦးကို ရွေးကောက်ပွဲပျက်ပြားအောင် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လှုံ့ဆော်ဝါဒဖြန့်တယ်ဆိုပြီး စစ်တပ်က ဖမ်းဆီးထောင်ချခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဘုံနိုင်ငံရေးသဘောတူညီချက်အတွက် လုပ်ငန်းစဉ် နောက်ဆုံးအဆင့် ဆောင်ရွက်ဖို့ NUCC နဲ့ NUG တွေ့ဆုံ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 13 Views
စက်တင်ဘာလ (၁၀)ရက်။ မနေ့က ဘုံနိုင်ငံရေးသဘောတူညီချက်ရရှိအောင် လုပ်ငန်းစဉ် နောက်ဆုံးအဆင့် ဆောင်ရွက်နိုင်ဖို့ NUCC နဲ့ NUG တို့ တွေ့ဆုံခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုတွေ့ဆုံတာဟာ တော်လှန်ရေးအင်အားစုတွေအကြား နိုင်ငံရေးဆိုင်ရာ သဘောတူညီမှုတွေ ရရှိဖို့ကို ရည်ရွယ်ကြိုးပမ်းသွားမယ့်
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

အမေရိကန်နိုင်ငံမှမြန်မာနိုင်ငံရှိ စောချစ်သူဦးဆောင်သည့် ကရင်အမျိုးသား တပ်မတော် (KNA)ကိုအ‌ရေးယူလိုက်ပြီ။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 14 Views
အရှေ့တောင်အာရှရှိ အွန်လိုင်းလိမ်လည်မှုစင်တာများအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်း။ သတင်းထုတ်ပြန်ချက် နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ရက် အရှေ့တောင်အာရှရှိ ရာဇဝတ်မှုကျူးလွန်သူများသည် အမေရိကန်နိုင်ငံသားများ၏ အင်တာနက် အသုံးပြုမှုအားနည်းချက်များကို အခွင့်ကောင်းယူကာ အလွဲသုံးစားလုပ်မှု ပိုများ လာသည်။
မြန်မာသတင်း

NDF အပါအဝင် နိုင်ငံရေးပါတီ (၄)ခုကို စစ်ကော်မရှင်ဖျက်သိမ်း

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 63 Views
စက်တင်ဘာလ (၉)ရက်။ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီအပါအဝင် နိုင်ငံရေးပါတီ (၄)ခုကို ဖျက်သိမ်းလိုက်တယ်ဆိုပြီး စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းခံရတဲ့ ပါတီတွေဟာ NDF အပြင် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)နဲ့ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီတို့ဖြစ်တယ်လို့
မြန်မာသတင်း

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို မယုံကြည်ကြဖို့ နိုင်ငံအချို့ကို NUG သတိပေး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 50 Views
စက်တင်ဘာလ (၉)ရက်။ စစ်အုပ်စုရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံအချို့အနေနဲ့ မယုံကြည်ကြဖို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့မှာပြုလုပ်တဲ့ Press Briefing အစီအစဉ်မှာ သတိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ မြန်မာနိုင်ငံရဲ့ အခြေအနေမှန်တွေနဲ့
မြန်မာသတင်း

ခုခံ‌တွန်းလှန်စစ် (၄)နှစ်တာထဲ စစ်အုပ်စုရဲ့ လေယာဉ် (၁၂)စီးကို ပစ်ချနိုင်ခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 62 Views
စက်တင်ဘာလ (၉)ရက်။ ပြည်သူ့ခုခံတွန်းလှန်စစ် (၄)နှစ်တာကာလထဲ စစ်အုပ်စုရဲ့ လေယာဉ် (၁၂)စီးအထိ ပစ်ချနိုင်ခဲ့တယ်လို့ MOD က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားချက်အရ သိရပါတယ်။ ခုခံတွန်းလှန်စစ်ကာလထဲ တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့တာမှာ စစ်အုပ်စုရဲ့ စစ်လေယာဉ် (၅)စီးနဲ့
မြန်မာသတင်း

ကျောင်းသူ၊ကျောင်းသားနဲ့ ဆရာ၊ဆရာမတွေ တိုက်ခိုက်ခံရတာကြောင့် ထိခိုက်မှုအများဆုံးနိုင်ငံ (၄)နိုင်ငံထဲ မြန်မာပါဝင်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 59 Views
စက်တင်ဘာလ (၉)ရက်။ အခုနှစ်ထဲ ကျောင်းသူ၊ကျောင်းသားနဲ့ ဆရာ၊ဆရာမတွေအပေါ် တိုက်ခိုက်တာကြောင့် ထိခိုက်မှုအများဆုံးနိုင်ငံ (၄)နိုင်ငံစာရင်းထဲ မြန်မာပါဝင်တယ်လို့ ယူကေသံရုံးရံ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုချိုးဖောက်ကျူးလွန်တာတွေက ပညာလေ့လာသင်ယူတာတွေကို နှောင့်နှေးပြတ်တောက်စေရုံသာမက မိသားစုတွေကိုပါ စိတ်ဒဏ်ရာတွေရစေပြီး မြန်မာလူငယ်တွေရဲ့ အနာဂတ်တွေကို