နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

ခင်ဦးနယ်ထဲ စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၂)လုံးကြဲချ၊ ပြည်သူ (၂)ဦး ထိမှန်ဒဏ်ရာရရှိခဲ့

‌မတ်လ (၃)ရက်။

မနေ့က ည (၁၂)နာရီခွဲဝန်းကျင်ခန့်က ခင်ဦးနယ် အနောက်တောင်ခြမ်းရှိ ညောင်ပင်ကြီးစုရွာကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။

“ ခင်ဦးနယ်အနောက်တောင်ခြမ်း အိမ်ခြေ (၃၀၀)ကျော်ရှိတဲ့ ညောင်ပင်ကြီးစုရွာကို စကစက မနေ့က ညဘက် လူအိပ်ချိန်မှာ ပေါင် (၅၀၀)ဗုံးသီး (၂)လုံးကို အကြောင်းမဲ့ ပစ်ချခဲ့တာပါ” လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ခင်ဦးနယ်အနောက်တောင်ခြမ်း အိမ်ခြေ (၃၀၀)ကျော်ရှိတဲ့ ညောင်ပင်ကြီးစုရွာကို ပေါင် (၅၀၀)ဗုံးနဲ့ ကြဲချခဲ့တာကြောင့် အသက် (၇၀)အရွယ် လင်မယား (၂)ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ခင်ဦးနယ်အပါအဝင် စစ်ကိုင်းတိုင်းထဲ မြို့နယ်အများစုမှာ ခြေလျင်စစ်ကြောင်း မပြုလုပ်နိုင်တော့တဲ့အတွက် လေကြောင်း အားကိုးပြီး ရမ်းသန်း ပစ်ခတ်တိုက်ခိုက်နေတာလို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ အခုကာလဟာ လူစုလူဝေးတွေဖြစ်တဲ့ အလှူပွဲနဲ့ ပျော်ပွဲ ရွှင်ပွဲတွေကို တတ်နိုင်သလောက် ရှောင်ကြဖို့နဲ့ ကျေးရွာတိုင်း တနိုင်တပိုင် ဗုံးခိုကျင်းတွေ တူးထားဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်မှာ ကိုဗစ်(၁၉) အတည်ပြုလူနာသစ် (၁၇)ဦး ထပ်မံတွေ့ရှိတယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 6 Views
‌ဇွန်လ (၃)ရက်။ အခုတပတ်တာထဲ ရန်ကုန်တိုင်းမှာ ကိုဗစ်(၁၉) အတည်ပြုလူနာသစ် (၁၇)ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မေလ
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေက ပြည်သူ (၂)ဦးကို သတ်ဖြတ်ပြီး ကလေးငယ်တွေအပါအဝင် (၁၆)ဦးကို ဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 4 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၁)ရက်နေ့ နံနက် (၉)နာရီအချိန်က ကန့်ဘလူမြို့မှာ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၀၀)ခန့်က ကံကြီးရွာရှိ
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေက ပြည်သူ (၂)ဦးကို သတ်ဖြတ်ပြီး ကလေးငယ်တွေအပါအဝင် (၁၆)ဦးကို ဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 18 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၁)ရက်နေ့ နံနက် (၉)နာရီအချိန်က ကန့်ဘလူမြို့မှာ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၀၀)ခန့်က ကံကြီးရွာရှိ ပြည်သူ (၂)ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

အပစ်ရပ်ထားတဲ့ စစ်ကောင်စီက ဗန်းမတ်ဒေသထဲ လက်နက်ကြီးတွေ (၁၀)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 6 Views
ဇွန်လ (၃)ရက်။ မနေ့က PNLO ဌာနချုပ်ကို ဦးတည်ပြီး ဗန်းမတ်ဒေသထဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ (၁၀)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မောက်မယ်မြို့ ကဒူးကြီးဒေသ PNLO
မြန်မာသတင်း

ပန်ဆယ်လိုအပါအဝင် NUG/PDF ကို ထောက်ပံ့နေသူတွေ ရောင်းချတာကို ဝယ်ယူရင် အကြမ်းဖက်ဥပဒေနဲ့ အရေးယူမယ်ဆိုပြီး စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 21 Views
‌ဇွန်လ (၃)ရက်။ NUG/PDF တွေကို ထောက်ပံ့နေသူတွေက ရောင်းချတဲ့ ပစ္စည်းတွေကို ဝယ်ယူတာနဲ့ တဆင့်ခံ ပြန်ရောင်းချတာတွေပြုလုပ်ရင် အရေးယူမယ်ဆိုပြီး စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG/PDF ကို ထောက်ပံ့နိုင်ဖို့အတွက် ပန်ဆယ်လို၊ အိုင်းရင်း၊
မြန်မာသတင်း

မိုးရာသီရောက်လာတာကြောင့် ငှက်ဖျားရောဂါ ပိုမိုဖြစ်ပွားလာပြီး ဆေးဝါးတွေလိုအပ်နေတယ်လို့ CDF-ASHO ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 18 Views
‌ဇွန်လ (၂)ရက်။ မိုးရာသီရောက်လာတာကြောင့် စစ်ဆင်ရေးဒေသတွေမှာ ငှက်ဖျားရောဂါ ပိုမိုဖြစ်ပွားတာတဲ့အတွက် ဆေးဝါးတွေ လိုအပ်နေတယ်လို့ CDF-ASHO ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးဦးကာလ ရောက်လာပြီဖြစ်တဲ့အတွက် ရဲဘော်တွေသာမက စစ်ဆင်ရေးလှုပ်ရှားတဲ့ နယ်မြေဒေသတွေက ပြည်သူတွေပါ
မြန်မာသတင်း

KNDF အနေနဲ့ ကရင်နီလူမျိုးတွေရဲ့ ဘိုးဘွားပိုင်နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ရရှိထားပြီးဖြစ်

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 20 Views
ဇွန်လ (၂)ရက်။ KNDF အနေနဲ့ ကရင်နီလူမျိုးတွေရဲ့ ဘိုးဘွားပိုင်နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ (၄)နှစ်ပြည့် ဂုဏ်ပြုသဝဏ်လွှာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေး (၄)နှစ်ကျော်ကာလထဲ ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့ဟာ တော်လှန်ရေးထဲ မရပ်တည်နိုင်ကြတော့ဘဲ တော်လှန်ရေးပြေးလမ်းပေါ်ကနေ လွင့်စင်တာတွေရှိခဲ့သလို
မြန်မာသတင်း

တလတာထဲ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူ (၁၅၂)ဦးရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 19 Views
ဇွန်လ (၂)ရက်။ ပြီးခဲ့တဲ့ မေလထဲ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူ (၁၅၂)ဦးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူတွေထဲ အမျိုးသမီး (၈၆)ဦးနဲ့ အမျိုးသား (၆၆)ဦးဖြစ်ကာ (၃)လအရွယ်