နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

KTV အတူသွားရာက စစ်ကောင်စီအရာရှိ မူးနေချိန် စစ်သားစုဆောင်းခံရသူ (၂)ဦး ခဲယမ်းတွေယူပြီး ထွက်ပြေးအလင်းဝင်

‌မတ်လ (၃)ရက်။

‌ဖေဖော်ဝါရီလ (၂၈)ရက်နေ့က ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီရဲ့ တပ်မ (၁၀၁)က စစ်မှုထမ်းစုဆောင်းခံရသူ (၂)ဦး အလင်းဝင်လာခဲ့တယ်လို့ Burma Revolution Rangers ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ သူတို့ (၂)ယောက်က တပ်မ (၁၀၁)မှာ စစ်မှုထမ်းအနေနဲ့ အတင်းအဓမ္မစုဆောင်းခံရသူတွေပါ။ တပ်မ(၁၀၁)က (၂)ပွင့်ဗိုလ်နဲ့အတူ KTV သွားပြီးတော့ သူမူးနေတဲ့အချိန်မှာ ခဲယမ်းကျည်တွေယူပြီး ထွက်ပြေးအလင်းဝင်လာတာ” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ တပ်မ(၁၀၁)မှာ စစ်မှုထမ်းအနေနဲ့ စုဆောင်းခံရသူ (၂)ဦးဟာ အသက် (၂၇)နှစ်အရွယ်ရှိ ပိုင်သူထွန်းနဲ့ အသက် (၂၅)နှစ်အရွယ်ရှိ ဘိုရဲတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သူတို့ (၂)ဦးက စစ်ကောင်စီအရာရှိ (၂)ပွင့်ဗိုလ်နဲ့ KTV သွားရာက သူမူးနေချိန် ပါလာတဲ့ 5.56 ကျည် (၁၀၀)၊ လက်ပစ်ဗုံး (၂)လုံး၊ MA ကျည်ဘောက် (၃)ခုနဲ့ နင်းမိုင်းအသေး (၁)လုံးတို့ကို ယူဆောင်ထွက်ပြေးခဲ့တာပါ။

အဲ့ဒီလိုထွက်ပြေးခဲ့ပြီးနောက် မဟာမိတ်အဖွဲ့တွေကနေ Burma Revolution Rangers တပ်ဖွဲ့ကို ဆက်သွယ် အကူအညီတောင်းလာတဲ့အတွက် သွားရောက်ခေါ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်မှာ ကိုဗစ်(၁၉) အတည်ပြုလူနာသစ် (၁၇)ဦး ထပ်မံတွေ့ရှိတယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 6 Views
‌ဇွန်လ (၃)ရက်။ အခုတပတ်တာထဲ ရန်ကုန်တိုင်းမှာ ကိုဗစ်(၁၉) အတည်ပြုလူနာသစ် (၁၇)ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မေလ
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေက ပြည်သူ (၂)ဦးကို သတ်ဖြတ်ပြီး ကလေးငယ်တွေအပါအဝင် (၁၆)ဦးကို ဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 18 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၁)ရက်နေ့ နံနက် (၉)နာရီအချိန်က ကန့်ဘလူမြို့မှာ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၀၀)ခန့်က ကံကြီးရွာရှိ
မြန်မာသတင်း

အပစ်ရပ်ထားတဲ့ စစ်ကောင်စီက ဗန်းမတ်ဒေသထဲ လက်နက်ကြီးတွေ (၁၀)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 6 Views
ဇွန်လ (၃)ရက်။ မနေ့က PNLO ဌာနချုပ်ကို ဦးတည်ပြီး ဗန်းမတ်ဒေသထဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ (၁၀)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မောက်မယ်မြို့ ကဒူးကြီးဒေသ PNLO
မြန်မာသတင်း

ပန်ဆယ်လိုအပါအဝင် NUG/PDF ကို ထောက်ပံ့နေသူတွေ ရောင်းချတာကို ဝယ်ယူရင် အကြမ်းဖက်ဥပဒေနဲ့ အရေးယူမယ်ဆိုပြီး စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 21 Views
‌ဇွန်လ (၃)ရက်။ NUG/PDF တွေကို ထောက်ပံ့နေသူတွေက ရောင်းချတဲ့ ပစ္စည်းတွေကို ဝယ်ယူတာနဲ့ တဆင့်ခံ ပြန်ရောင်းချတာတွေပြုလုပ်ရင် အရေးယူမယ်ဆိုပြီး စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG/PDF ကို ထောက်ပံ့နိုင်ဖို့အတွက် ပန်ဆယ်လို၊ အိုင်းရင်း၊
မြန်မာသတင်း

မိုးရာသီရောက်လာတာကြောင့် ငှက်ဖျားရောဂါ ပိုမိုဖြစ်ပွားလာပြီး ဆေးဝါးတွေလိုအပ်နေတယ်လို့ CDF-ASHO ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 18 Views
‌ဇွန်လ (၂)ရက်။ မိုးရာသီရောက်လာတာကြောင့် စစ်ဆင်ရေးဒေသတွေမှာ ငှက်ဖျားရောဂါ ပိုမိုဖြစ်ပွားတာတဲ့အတွက် ဆေးဝါးတွေ လိုအပ်နေတယ်လို့ CDF-ASHO ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးဦးကာလ ရောက်လာပြီဖြစ်တဲ့အတွက် ရဲဘော်တွေသာမက စစ်ဆင်ရေးလှုပ်ရှားတဲ့ နယ်မြေဒေသတွေက ပြည်သူတွေပါ
မြန်မာသတင်း

KNDF အနေနဲ့ ကရင်နီလူမျိုးတွေရဲ့ ဘိုးဘွားပိုင်နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ရရှိထားပြီးဖြစ်

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 21 Views
ဇွန်လ (၂)ရက်။ KNDF အနေနဲ့ ကရင်နီလူမျိုးတွေရဲ့ ဘိုးဘွားပိုင်နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ (၄)နှစ်ပြည့် ဂုဏ်ပြုသဝဏ်လွှာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေး (၄)နှစ်ကျော်ကာလထဲ ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့ဟာ တော်လှန်ရေးထဲ မရပ်တည်နိုင်ကြတော့ဘဲ တော်လှန်ရေးပြေးလမ်းပေါ်ကနေ လွင့်စင်တာတွေရှိခဲ့သလို
မြန်မာသတင်း

တလတာထဲ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူ (၁၅၂)ဦးရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 19 Views
ဇွန်လ (၂)ရက်။ ပြီးခဲ့တဲ့ မေလထဲ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူ (၁၅၂)ဦးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူတွေထဲ အမျိုးသမီး (၈၆)ဦးနဲ့ အမျိုးသား (၆၆)ဦးဖြစ်ကာ (၃)လအရွယ်
မြန်မာသတင်း

အပစ်ရပ်ကာလထပ်တိုးတယ်ဆိုတဲ့ စစ်ကောင်စီက စဉ့်ကူးမြို့ကို လေကြောင်းတိုက်ခိုက်၊ အရပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 21 Views
‌ဇွန်လ (၂)ရက်။ မနေ့က နေ့လယ် (၂)နာရီခွဲအချိန် စဉ့်ကူးမြို့နယ် နတ်တောင်ကျေးရွာရှိ Lucky 7 ဟိုတယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၂)နာရီ (၃၂)မိနစ်လောက်