နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဖားဆောင်းမြိုတိုက်ပွဲထဲ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်တစင်းကို ပစ်ချနိုင်ခဲ့တယ်လို ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ ထုတ်ပြန်

ဇူလိုင်လ (၃)ရက်။

မနေ့က နေ့လယ် (၁)နာရီအချိန်ခန့်က ဖားဆောင်းမြိုတိုက်ပွဲထဲ ဗုံးကြဲဖိုလာတဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ(JCS)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဖားဆောင်းမြိုတိုက်ပွဲကို ဗုံးကြဲဖိုလာတဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်လေယာဉ် (၄)စင်းကို ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲတွေက တန်ပြန်တိုက်ခိုက်ခဲ့ရာ တရုတ်နိုင်ငံထုတ် FTC-2000G တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့တာလို ဆိုပါတယ်။

ပစ်ခတ်ခံရတာကြောင့် ပျက်ကျသွားတဲ့ တိုက်လေယာဉ်ကို ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲတွေက ဒီကနေ့ နေ့လယ် (၂)နာရီခန့်က ဖားဆောင်းမြိုအနီးဝန်းကျင်မှာ ရှာဖွေတွေ့ရှိခဲ့တာလို ဖော်ပြထားပါတယ်။

နောက်ပြီး ပစ်ချခံရတဲ့ တိုက်လေယာဉ်ရဲ့ ကိုယ်ထည်အပျက်အစီးတွေနဲ့အတူ လေယာဉ်မှူး (၂)ဦးရဲ့ ရုပ်အလောင်းအပိုင်းအစတွေကိုပါ တွေ့ရှိခဲ့တယ်လို JCS က သတင်းဓါတ်ပုံတွေနဲ့ ထုတ်ပြန်ထားပါတယ်။

အခုလို တိုက်လေယာဉ်တစ်စင်း ပစ်ချခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ခရီးဝေးလေ့ကျင့်ပျံသန်းချိန်  နေပြည်တော်ရဲ့ အရှေ့တောင်ဘက် (၁၃၀)ကီလိုမီတာအကွာမှာ ရေဒါမြင်ကွင်းကနေ ပျောက်ကွယ်သွားတာလို ပြောဆိုထားပါတယ်။

ဒါ့အပြင် အဲ့ဒီတိုက်လေယာဉ်ဟာ စက်ချိုယွင်းတာ ဒါမှမဟုတ် ရာသီဥတုဆိုးရွားတာကြောင့် ပျောက်ဆုံးတာဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးကို ရာသီဥတုဆိုးရွားတာကြောင့် မပြုလုပ်နိုင်သေးဘူးဆိုပြီးလဲ စစ်ကောင်စီက ဖော်ပြထားပါသေးတယ်။

ဖားဆောင်းမြိုအခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခလရ(၁၃၄)နဲ့ ခလရ(၁၃၅)တိုကို ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးအဖွဲတွေက ဇွန်လ (၂၅)ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့ကာ ဇွန်လ (၃၀)ရက်နေ့မှာ ခလရ(၁၃၄)ကို သိမ်းပိုက်ရရှိခဲ့တယ်လို JCS က ဆိုပါတယ်။

အဲ့ဒီစစ်ကောင်စီရဲ့ တပ်ရင်း (၂)ခုကို ထိုးစစ်ဆင်တဲ့အချိန်ကစပြီး ဒီကနေ့အထိ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာအမျိုးမျိုးအပြင် Y-12၊ Y-8၊ FTC-2000G၊ Military Transport Aircraft နဲ့ လေကြောင်းစစ်ကူတွေ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 14 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 18 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 13 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 23 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 25 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့