စက်တင်ဘာလ (၂)ရက်။
ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်က ထားဝယ်မြို့ကနေတက်လာတဲ့ စစ်တပ်စစ်ကြောင်းက တပ်သား (၄)ဦးကို ဖမ်းမိခဲ့တယ်လို့ KNU ရဲ့ မြိတ်-ထားဝယ်ခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“ ထားဝယ်ကနေ တက်လာတဲ့ စစ်တပ်စစ်ကြောင်းကနေ ခလရ(၂၈၂)တပ်ရင်းက တပ်သား (၄)ဦးကို ဝကုန်းရွာအနီးမှာ လက်နက်ခဲယမ်းတွေနဲ့ ဖမ်းမိခဲ့တာ” လို့ ဆိုပါတယ်။
ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်သား (၄)ဦးဟာ ခလရ(၂၈၂)တပ်ရင်းကဖြစ်ပြီး KNLA တပ်မဟာ(၄) တပ်ရင်း(၁၂)ရဲ့ တပ်ခွဲ(၄)က ဝကုန်းရွာအနီးမှာ ဖမ်းမိခဲ့တာလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဖမ်းမိခဲ့တဲ့ တပ်သားတွေဆီကနေ MA-1 (၄)လက်၊ ကျည်ဆန် (၁၀၃၀)တောင့်နဲ့ ကျည်ဘောက် (၁၆)ခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့လဲ ဖော်ပြထားပါတယ်။
အခုအခါ စစ်မြေပြင်မှာ ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို KNLA က စည်းမျဉ်းစည်းကမ်း၊ စစ်မြေပြင် စည်းမျဉ်းစည်းကမ်းနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
