စက်တင်ဘာလ (၃)ရက်။
ဒီကနေ့ နေ့လယ် (၁)နာရီခွဲအချိန်က သီပေါမြို့ ဘော်ကြိုရွာကို စစ်ကောင်စီတပ်က ပေါင်(၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ စစ်ကောင်စီတပ်က ဘော်ကြိုရွာက ပြည်သူတွေရှိတဲ့နေရာကို ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး လာကြဲသွားတာ။ လူထိခိုက်တာ းနဲ့ နေအိမ်အချို့ ပျက်စီးတာရှိခဲ့တယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ဘော်ကြိုရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် (၄၅)နှစ်အရွယ် အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ် (၃)လုံး ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လ (၁၈)ရက်နေ့ကလဲ သီပေါမြို့ရဲ့ အနောက်ရပ်ကွက်နဲ့ တောင်ရပ်ကွက်ကို လေကြောင်းဗုံးကြခဲ့တာကြောင့် ပြည်သူ (၃)ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိအမြဲရှိဖို့နဲ့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဖို့ TNLA က တိုက်တွန်းထားတယ်လို့ သိရပါတယ်။

