နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေစကြိုမြို့ပေါ်မှာ လှည့်ကင်းပတ်တဲ့ စစ်ကားရဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ပြည်သူတစ်ဦး ထိမှန်သေဆုံးခဲ့

အောက်တိုဘာလ (၃)ရက်။

အောက်တိုဘာလ (၁)ရက်နေ့ ညနေ (၆)နာရီအချိန်က ရေစကြိုမြို့ပေါ်မှာ လှည့်ကင်းပတ်တဲ့ စစ်ကားရဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ပြည်သူတစ်ဦး ထိမှန်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ ဖြစ်တာက ညနေ (၆)နာရီလောက် ရုံးပေါင်းစုံကနေ Alphard ကားနဲ့ လှည့်ကင်းပတ်တဲ့ စစ်ကားက ဆိုင်ကယ်စီးတဲ့သူတွေကို လိုက်ပစ်တာ။ အဲ့လိုရမ်းသန်းပစ်တဲ့အချိန် လမ်းဘေးမှာ ဆိုင်ကယ်စီးဖို့ပြင်နေတဲ့သူ‌ကို ထိပြီး နေရာမှာပဲ သေဆုံးသွားတာ” လို့ ဆိုပါတယ်။

မြို့ပေါ် လှည့်ကင်းပတ်တဲ့ စစ်ကားဟာ ဆိုင်ကယ်ကို (၂)ယောက်စီးတယ်ဆိုပြီး အရပ်သားတွေကို လိုက်လံပစ်ခတ်ရာက လမ်းဘေးမှာရှိတဲ့ ပြည်သူတစ်ဦးကို ထိမှန်ကာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးခဲ့သူဟာ အမှတ်(၁) ထန်းတင်းရပ်ကွက်နေ ကိုဖြိုးဆိုသူဖြစ်ပြီး အမှတ်(၈) အောင်မင်္ဂလာရပ်ကွက်ကနေ နေအိမ်ကို ပြန်ဖို့ ပြင်ဆင်နေချိန် အခုလို ပစ်ခတ်ခံရကာ သူ့မှာ ဇနီးသည်နဲ့ လူမမယ် သားသမီး (၂)ဦး ကျန်ရစ်ခဲ့ပါတယ်။

“ မြို့ပေါ်မှာ စခတွေက PDF တွေကို ကြောက်လို့ ဆိုင်ကယ် (၂)ယောက်မစီးရဆိုပြီး အမိန့်ထုတ်ထားတာ နှစ်နဲ့ချီနေပြီ။ ဒါကို မလိုက်နာလို့ဆိုပြီး တွေ့တာနဲ့ လိုက်ပစ်တာတွေကြောင့် ပြည်သူတွေ သေဆုံးတာ မကြာခဏရှိတယ်။ အခုဖြစ်တာကလဲ ခရီးသည်လာခေါ်တဲ့ ဆိုင်ကယ်စီးတဲ့ ပြည်သူတွေဆိုတာကို သိရက်နဲ့ အတွဲလိုက်ပစ်သွားတာ” လို့ သူက ဆက်ပြောပါတယ်။

စစ်တပ်ရဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် သေဆုံးသွားတဲ့ ကိုဖြိုးရဲ့ရုပ်အလောင်းကို မိသားစုဝင်တွေဆီ ချက်ချင်းမပေးဘဲ ဆိုင်ကယ် (၃)ယောက်စီးတဲ့အတွက် ပစ်တယ်ဆိုပြီး မဟုတ်မမှန် မိဘတွေကို လက်မှတ်ထိုးခိုင်းခဲ့ပါသေးတယ်။

အဲ့ဒီနောက် ဒီကနေ့ နံနက်ပိုင်းအချိန်မှသာ ဆေးရုံရင်ခွဲရုံကနေ ရုပ်အလောင်းကို စစ်တပ်က ထုတ်ပေးခဲ့ကာ နာရေးကိုတော့ ဇနီးဖြစ်သူနေထိုင်တဲ့ ရွှေချောင်းရွာမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 28 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့