နိုဝင်ဘာလ (၃)ရက်။
မြန်မာမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စာနယ်ဇင်းသတင်းသမား (၇)ဦးဟာ စစ်အာဏာရှင်ရဲ့ သတ်ဖြတ်တာခံခဲ့ရတယ်လို့ ယူကေသံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းသမား (၂၀၀)ကျော် ဖမ်းဆီးခံခဲ့ရကာ အခုအခါ သတင်းသမား (၅၁)ဦး ဆက်လက်ဖမ်းဆီးခံထားရပြီး အဲ့ဒီထဲ အမျိုးသမီးသတင်းသမားတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ယူကေသံရုံးရဲ့ ထုတ်ပြန်ချက်ထဲ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းထောက်တွေကို ဖမ်းဆီးအကျဉ်းချမှု အများဆုံးနိုင်ငံတွေထဲက တနိုင်ငံအပါအဝင်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ယူကေအစိုးရအနေနဲ့ မီဒီယာလွတ်လပ်ခွင့်အပေါ် ချိုးဖောက်တာမှန်သမျှကို ရှုတ်ချပြီး မီဒီယာလွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်တာ ဒါမှမဟုတ် ကန့်သတ်ချုပ်ချယ်သူတွေကို အရေးယူရမယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ကမ္ဘာတဝန်းရှိ သတင်းသမားတွေနဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ ဘေးကင်းလုံခြုံစေဖို့အတွက် အကူအညီတွေ ဆက်လက်ထောက်ပံ့သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီနောက် မြန်မာနိုင်ငံရှိ သတင်းသမားတွေရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုတယ်လို့ ယူကေသံရုံးရဲ့ နိုင်ငံတကာသတင်းထောက်များအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်နေတာတွေ အဆုံးသတ်ရေးနေ့မှာ ထည့်သွင်းပြောဆိုထားတယ်လို့ သိရပါတယ်။








