နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းလက်ပံဒေသ ကျားဖြန့်ခြံဝင်းထဲ မထွက်ခွာလိုတဲ့ နိုင်ငံခြားသား (၉၀၀)ကျော် ကျန်ရှိနေတယ်လို့ဆို

ဒီဇင်ဘာလ (၃)ရက်။

မင်းလက်ပံဒေသ Shunda Park Scam Compound ထဲက မထွက်ခွာလိုတဲ့ နိုင်ငံခြားသား (၉၄၂)ဦး ကျန်ရှိနေသေးတယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

KNU ရဲ့ မြေပြင်အကဲဖြတ်အဖွဲ့ဟာ Shunda Park ကျားဖြန့်ခြံဝင်းထဲ ကျန်ရှိသူတွေရဲ့စာရင်းကို အပြီးသတ်ကောက်ယူခဲ့ရာ နိုဝင်ဘာလ (၃၀)ရက်အထိ (၁၀၁၆)ဦး ကျန်ရှိနေတာလို့ ဆိုပါတယ်။

အဲ့ဒီထဲက မထွက်ခွာချင်တဲ့သူ (၉၄၂)ဦးရှိပြီး ထွက်ခွာဖို့ ဆန္ဒရှိသူ (၇၅)ဦးကို ကျားဖြန့်ခြံဝင်းပြင်ပကို ဘေးကင်းစွာ ရွှေ့ပြောင်းပေးခဲ့ကာ သောရင်းမြစ်ကမ်းနံဘေးကို ပို့ဆောင်ပေးထားတယ်လို့ ဖော်ပြထားပါတယ်။

ကျားဖြန့်ခြံဝင်းထဲက မထွက်ခွာလိုသူ (၉၄၂)ဦးဟာ ကာဇက်စတန်နိုင်ငံသူ (၁)ဦး၊ အင်ဒိုနီးရှားနိုင်ငံသူ (၁)ဦး၊ တရုတ်၊ထိုင်ဝမ်နိုင်ငံသူ (၁)ဦး၊ ဗီယက်နမ်နိုင်ငံသူ (၄)ဦးနဲ့ လာအိုနိုင်ငံသူ (၁)ဦးတို့ဖြစ်ပြီး ကျန်သူတွေဟာ တရုတ်နိုင်ငံသားတွေလို့ ရေးသားထားပါတယ်။

နောက်ပြီး သောင်ရင်းမြစ်ကမ်းနံဘေးမှာ (၉၆)နာရီကျော် သောင်တင်နေတဲ့ နိုင်ငံခြားသား (၃၇၂)ဦးကို ထိုင်းအာဏာပိုင်တွေဆီ ဘေးကင်းစွာ လွှဲပြောင်းပေးနိုင်ခဲ့တယ်လို့ ‌ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မနေ့ကအထိ ကျားဖြန့်ခြံဝင်းပြင်ပကို ခေါ်ထုတ်ပေးခဲ့တဲ့ (၁၇၇)ဦးဟာ နေရပ်ပြန်နိုင်ဖို့ ထိုင်းအာဏာပိုင်တွေရဲ့ လက်ခံတာကို စောင့်ဆိုင်းနေဆဲဖြစ်ကာ လိုအပ်တာတွေကို ပံ့ပိုးပေးထားတယ်လို့လဲ ပြောဆိုထားပါတယ်။

အခုအခါ မင်းလက်ပံဒေသအပါအဝင် မြဝတီတောင်ပိုင်းမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး စစ်တပ်နဲ့ ပူးပေါင်းတပ်တွေဟာ မင်းလက်ပံဒေသဘက်ကို စစ်ကြောင်းနှစ်ကြောင်းနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေပြီး လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ (၃၀)ရက်နေ့တိုက်ပွဲထဲ စစ်တပ်က ပစ်လိုက်တဲ့ ၁၂၀မမ လက်နက်ကြီးကျည် (၃)လုံးဟာ သောင်ရင်းမြစ်သဲသောင်ပြင်ပေါ်နဲ့ ကျားဖြန့်ခြံဝင်းထဲ ကျရောက်ခဲ့ပြီး အဆောက်အအုံအချို့ ထိမှန်ခဲ့ကာ လူထိခိုက်တာမရှိဘူးလို့ ဆိုပါတယ်။

မင်းလက်ပံဒေသရဲ့ လုံခြုံရေးအခြေအနေဟာ ပိုမိုဆိုးရွားလာတာကြောင့် ကျားဖြန့်ခြံဝင်းထဲ ကျန်ရှိသူတွေ ဘေးကင်းဖို့အတွက် အာမခံနိုင်ဖို့ အလွန်ခဲယင်းလာတာကြောင့် ဦးစားပေးဆောင်ရွက်ရမှာဖြစ်တယ်လို့လဲ ဖော်ပြထားပါတယ်။

ဒါ့အပြင် KNU ရဲ့ ထုတ်ပြန်ချက်ထဲ ကျားဖြန့်ခြံဝင်းထဲက နိုင်ငံခြားသားတွေကို နေရပ်ပြန်နိုင်ဖို့ ထိုင်းနိုင်ငံကနေတဆင့် ‌လွှဲပြောင်းပေးနိုင်ဖို့အတွက် သက်ဆိုင်ရာနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်တာတွေကို ကျေးဇူးတင်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 15 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 15 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 34 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 24 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 34 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့