နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ခင်ဦးနယ်တိုက်ပွဲကနေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေကို ပကဖတွေထံ ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့

ဒီဇင်ဘာလ (၃)ရက်။

မနေ့က နေ့လယ်ပိုင်းအချိန်က ခင်ဦးနယ်တိုက်ပွဲကနေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေကို တိုက်နယ်ပကဖနဲ့ UG ပကဖတွေကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

တိုက်ပွဲကနေ သိမ်းဆည်းရမိခဲ့တဲ့ စစ်လက်နက်တွေထဲက MA-1 သေနတ် (၁၀)လက်နဲ့ G-3 သေနတ် (၄)လက်အပါအဝင် သေနတ် (၁၄)လက်ကို အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။

အခမ်းအနားမှာ မြို့နယ်ပကဖတာဝန်ခံ၊ ပကဖဒုတာဝန်ခံ၊ အင်အားစုဖွဲ့လေ့ကျင့်ရေးတာဝန်ခံ၊ စစ်လက်နက်တာဝန်ခံ၊ ကူကယ်တာဝန်ခံ၊ ဆက်သွယ်ရေးတာဝန်ခံ၊ သတင်းတာဝန်ခံ၊ ပကဖဘဏ္ဍာရေး၊ ပကဖရုံးအဖွဲ့မှူးနဲ့ ပကဖတပ်စိပ်မှူးတို့က အသီးသီး ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး တိုက်နယ်(၁/၂/၃/၄/၅) ပကဖခေါင်းဆောင်၊ ဒုခေါင်းဆောင်နဲ့ အဖွဲ့တွေ၊ UG ပကဖ ခေါင်းဆောင်နဲ့အဖွဲ့တွေအပြင် သက်ဆိုင်ရာ ပကဖရဲဘော်တွေက အသီးသီး လက်ခံရယူခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး အခမ်းအနားကို မြို့နယ် ပအဖခေါင်းဆောင်၊ တရားရေးဥက္ကဋ္ဌ၊ အကျဥ်းတာဝန်ခံ၊ အခွန်တော်အရာရှိ၊ ဘဏ္ဍာရေးတွဲဘက်၊ စည်ပင်၊ လျှပ်စစ်တွဲဘက်၊  သယံဇာတဥက္ကဋ္ဌ၊ သယံဇာတ တွဲဘက်အတွင်းရေးမှူး၊ ပအဖရုံးအဖွဲ့မှူး၊ ရုံးအဖွဲ့မှူးတွဲဘက်နဲ့ မြို့နယ်ပကဖ(EC) အဖွဲ့တွေ/ရဲဘော်၊ရဲမေတွေ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီလက်နက်တွေဟာ နိုဝင်ဘာလ (၂၇)ရက်နေ့က အင်အား (၁၈၀)ခန့်ပါ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် စစ်ကြောင်းတခုလုံး တပ်ပျက်တဲ့အထိ တိုက်ခိုက်ခံရတဲ့ တိုက်ပွဲကနေ ရရှိခဲ့တာပါ။

အဲ့ဒီစစ်ဆင်ရေးထဲ အမှတ်(၂) ရွှေဘိုခရိုင်၊ အမှတ် (၃)တပ်ရင်း၊ ခင်ဦးမြို့နယ်ပကဖ၊ တိုက်နယ် (၁)(၂)(၃)(၄)(၅)ပကဖတွေ၊ ခင်ဦးမြို့နယ်ပလဖအပြင် ရွှေဘို ခရိုင် Drone တပ်ဖွဲ့၊ တပ်ရင်း(၃) Droneအဖွဲ့၊ ရွှေဘိုခရိုင် ပကဖ Drone တပ်ဖွဲ့၊ ခင်ဦးမြို့နယ်ပကဖ Drone အဖွဲ့၊ ပလဖ Drone အဖွဲ့နဲ့ အမှတ်(၁၈၁၁) Northern Tiger Drone တပ်ဖွဲ့ တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 15 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 15 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 34 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 24 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 34 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့