နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

(၄)နှစ်တာထဲ စစ်ကောင်စီက စာသင်ကျောင်းနဲ့ ဆေးရုံဆေးခန်းပေါင်း (၅၈၀)ကျော်ကို လေကြောင်းတိုက်ခိုက်ခဲ့

ဖေဖော်ဝါရီလ (၄)ရက်။

(၄)နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုက စာသင်ကျောင်းတွေနဲ့ ဆေးရုံဆေးခန်းပေါင်း (၅၈၅)ခုထက်မနည်းကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ NUG ရဲ့ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။

“ အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူ့အာဏာကို မတရားသိမ်းယူခဲ့တဲ့ (၄)နှစ်တာကာလမှာ စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ (၂၄၅)ကျောင်းထက်မနည်းရှိခဲ့ပြီး ဆေးရုံဆေးခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ (၃၄၀)ကျော် ရှိခဲ့ပါတယ်” လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ ပညာရေးဆိုင်ရာနေရာတွေကို တိုက်ခိုက်တာတွေကြောင့် ကျောင်းသား၊ ကျောင်းသူနဲ့ ဆရာ၊ဆရာမ စုစုပေါင်း (၂၅၀)ကျော် သေဆုံးခဲ့ပြီး အဲ့ဒီအထဲ (၁၈)နှစ်အောက်ကလေးငယ် (၈၈)ဦး ပါဝင်တယ်လို့ သိရပါတယ်။

နောက်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်တာတွေကြောင့် CDM ကျန်းမာရေးဝန်ထမ်း (၁၃၃)ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကျန်းမာရေးဝန်ထမ်း (၁၃၅)ဦး ရှိခဲ့တယ်လို့ ‌သူက ဆက်ပြောပါတယ်။

နိုင်ငံရေး၊ စစ်ရေး၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး၊ အုပ်ချုပ်ရေးနဲ့ လူထုဆက်ဆံရေး အစရှိတဲ့ ကဏ္ဍအစုံမှာ အရှုံးနဲ့ကြုံတွေ့နေရတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ လူထုကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုတွေကို ထပ်တိုးကျူးလွန်လာနေတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံအာဏာကို နည်းမျိုးစုံနဲ့ ထိန်းသိမ်းနိုင်ဖို့ စဉ်ဆက်မပြတ် ကြိုးပမ်းနေပေမယ့် ဥပဒေမဲ့ သက်တမ်းတိုးတာဟာ နိုင်ငံကို မထိန်းချုပ်နိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်တယ်လို့လဲ ပြောဆိုထားပါတယ်။

နောက်ပြီး စစ်အုပ်စုရဲ့ စစ်မှုထမ်းစုဆောင်းတာ မခံရဖို့ အတတ်နိုင်ဆုံး ရှောင်ရှားကြဖို့၊ တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်သွယ်ဖို့နဲ့ မလွှဲမရှောင်သာ ပါသွားခဲ့ပြီး ရှေ့တန်းရောက်ပါက လက်နက်ချ အလံဖြူထောင်ဖို့ NUG က အကြံပြုပြောဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အခုနှစ်ဝက်ထဲ တော်လှန်ရေးရဲဘော် (၅၀၀)ကျော် ကျဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 12 Views
ဇူလိုင်လ (၁၄)ရက်။ အခုနှစ် (၆)လတာထဲ တိုက်ပွဲတွေမှာ တော်လှန်ရေးရဲဘော် (၅၄၄)ဦး ကျဆုံးခဲ့တယ်လို့ Spring Revolution Database(SRD)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ချင်းပြည်ရှိ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ရင့်ကျက်ပြီး စည်းကမ်းရှိဖို့ CNF ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 16 Views
ဇူလိုင်လ (၁၄)ရက်။ ချင်းပြည်ထဲရှိ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအားလုံး ရင့်ကျက်ပြီး စည်းကမ်းရှိဖို့ ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောခွင့်ရ ဆလိုင်းထက်နီက မနေ့က ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

ဥကရစ်ထစခန်းသိမ်းတိုက်ပွဲထဲ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 11 Views
ဇူလိုင်လ (၁၄)ရက်။ ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းသိမ်းတိုက်ပွဲကနေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို KNU က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ကော့ကရိတ်မြို့ ဥကရစ်ထကျေးရွာအနီး ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို KNLA၊ KNDO နဲ့ PDF
မြန်မာသတင်း

တောင်ခမ်းကနေ နောင်ချိုထိုးစစ်ထဲ စစ်ကောင်စီတပ်သား အများအပြား အလင်းဝင်လာခဲ့တယ်လို့ DPLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 17 Views
ဇူလိုင်လ (၁၄)ရက်။ ဇွန်လ (၂၄)ရက်နေ့ကစပြီး ဒီကနေ့အထိ  နောင်ချိုမြို့အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇွန်လ (၂၄)ရက်ကစပြီး အခုအချိန်အထိ နောင်ချိုမြို့အနီးတဝိုက်မှာ
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

ထရန့်၏ အခွန်စည်းကြပ်မှု သတိပေးချက်သည် မြန်မာစစ်အစိုးရအတွက် သတင်းကောင်း ဖြစ်ပြီး တပ်မတော်အစိုးရကို “အသိအမှတ်ပြုမှု” အဖြစ် ကြိုဆို

  • 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 33 Views
ဇူလိုင်လ (၁၃) ရက်။ ကမ္ဘာ့ခေါင်းဆောင်များစွာအတွက် အမေရိကန်သမ္မတ ထရန့်ထံမှ အကောက်ခွန်ဆိုင်ရာ စာတစ်စောင်သည် ခေါင်းကိုက်စရာ ဖြစ်သည်။ သို့သော်လည်း နိုင်ငံတကာမှ ဝေဖန်ခံနေရသည့် အထီးကျန်ဆန်နေသည့် တပ်မတော်အစိုးရအား အသိအမှတ်ပြုလိုက်သည့်စာအဖြစ် ကြိုဆိုလိုက်ပါသည်။ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သော
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 26 Views
စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် ဇူလိုင်လ (၁၂)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်က စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကောင်စီက ဝါဒဖြန့်ချီထားတဲ့ ဥကရစ်ထဗျူဟာစခန်းကုန်းကို KNLA
မြန်မာသတင်း

အခုနှစ် (၅)လထဲ စစ်ကောင်စီတပ်က ပြည်သူ (၂၉၀၀)နီးပါးအထိ ဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 30 Views
ဇူလိုင်လ (၁၂)ရက်။ အခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ စစ်ကောင်စီတပ်က ပြည်သူ (၂၈၇၆)ဦးကို ဖမ်းဆီးခဲ့တယ်လို့ Spring Revolution Database ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအထဲ ကျေးရွာတွေမှာ ဖမ်းဆီးခံရသူ (၁၃၀၆)ဦး၊
မြန်မာသတင်း

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချတယ်လို့ TNP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 23 Views
ဇူလိုင်လ (၁၂)ရက်။ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချတယ်လို့ တအာင်း(ပလောင်)အမျိုးသားပါတီ(TNP)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ TNP က ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ (၃)ရက်ကြာပြုလုပ်ခဲ့တဲ့ (၆)လပတ် ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးကနေ ထုတ်ပြန်တဲ့ သဘောထားကြေညာချက်ထဲ ‌ပြောဆိုထားပါတယ်။ အဲ့ဒီကြေညာချက်ထဲ