နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာစစ်ပြေးဒုက္ခသည်တွေကို စစ်ကောင်စီထံ ပြန်ပို့်မယ်ဆိုပြီး အိန္ဒိယက ခြိမ်းခြောက်နေ

မတ်လ (၄)ရက်။

အိန္ဒိယရှိ ပြည်နယ်အချို့မှာ မြန်မာစစ်ပြေးဒုက္ခသည်တွေကို ဖမ်းဆီးပြီး စစ်ကောင်စီထံ ပြန်ပို့မယ်ဆိုကာ ခြိမ်းခြောက်တာတွေ ခံ‌နေရတယ်လို့ India for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အခုအခါ အိန္ဒိယနိုင်ငံမှာ မြန်မာစစ်ပြေးဒုက္ခသည်တွေကို မီဇိုရမ်ပြည်နယ်အစိုးရနဲ့ ပြည်သူတွေက ကူညီစောင့်ရှောက်ပေးနေတာကလွဲပြီး အခြားပြည်နယ်တွေက ဖမ်းဆီးတာနဲ့ မြန်မာနိုင်ငံကို ပြန်ပို့ဖို့ ခြိမ်းခြောက်ခံနေရတယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံကို ခိုလှုံလာသူတွေထဲ (၂၅၀)ကျော်ဟာ မဏိပူရ်နဲ့ အာသံပြည်နယ်တို့မှာ ဖမ်းဆီးထောင်ချခံရပြီး အဲ့ဒီထဲက (၁၁၅)ဦးကို မဏိပူရ်ပြည်နယ်အစိုးရက လုံခြုံရေး‌အာမခံချက်အရှိဘဲ စစ်ကောင်စီထံ ပြန်ပို့ခဲ့ပါသေးတယ်။

အံ့ဒီဖမ်းဆီးခံရသူတွေထဲ (၁)ဦးဟာ ထောင်ထဲ အသက်ဆုံးရှုံးခဲ့ရပေမယ့် ဒီကနေ့အထိ တရားမျှတမှု မရသေးဘူးလို့ ဖော်ပြထားပါတယ်။

အခုအခါ မဏိပူရ်ပြည်နယ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အသက် (၅၀)ကျော်အရွယ် ဦးအောင်မြင့်ဟာ ကျန်းမာရေးဆိုးရွားနေသလို သူ့လို နာတာရှည်ရောဂါ ခံစားနေရသူ (၁၀)ဦးထက်ရှိပြီး ကျန်းမာရေးအတွက် လွန်စွာ စိုးရိမ်နေရတယ်လို့ ပြောဆိုထားပါတယ်။

အိန္ဒိယနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ မြန်မာစစ်ပြေးဒုက္ခသည်တွေဟာ ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ကျခံပြီးဖြစ်ပေမယ့် နှစ်နဲ့ချီ ဆက်လက်ထိန်းသိမ်းခံနေရကာ လွတ်လပ်ခွင့်မရသလို အသက်လုံခြုံမှုမရှိတဲ့ မြန်မာနိုင်ငံကို ပြန်ပို့ဖို့ မကြာခဏ ခြိမ်းခြောက်ခံနေရတယ်လို့ ထုတ်ပြန်ထားတာပါ။

ဒါ့ကြောင့် မြန်မာစစ်ပြေးဒုက္ခသည်တွေကို နိုင်ငံရေးတည်ငြိမ်မှု မရှိသေးချိန် စစ်ကောင်စီလက်ထဲ ပြန်ပို့တာနဲ့ ခြိမ်းခြောက်တာတွေ ရပ်တန့်ပြီး အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကောင်း ပီသစွာနဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရုရှားသမ္မတ ပူတင်က ခရစ်ယန်ရှေးရိုးအော်သိုဒေါ့စ် အီစတာပွဲတော်အတွက် ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေး ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 11 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင် သည် အော်သိုဒေါ့စ် အီစတာ
မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့ နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 23 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကို ကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်။ ခေတ်မျက်လုံးရဲ့ပရိသတ်အပေါင်းဘေးရန်ကင်းရှင်းပြီး ချမ်းသာသုခနဲ့ပြည့်စုံနိုင်ကြပါစေ။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား?

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 26 Views
NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား? မကွေးဖက်ဒရယ်ယူနစ်ဖွဲ့စည်းပြီးတဲ့နောက် ကာကွယ်ရေးဝန်ကြီးဖြစ်လာသူ ဗိုလ်လက်ယာကို သူတိုက်ယူထားတဲ့ ရေနံလုပ်ကွက်တွေကိုသိမ်းယူချင်တာ၊ တော်လှန်ရေးအင်အားစုတွေကို ကူညီတွေတာနဲ့ပတ်သက်ပြီး NUG ရဲ့ MOD ကပြဿနာရှာလာတာကို ဦးထွန်းအောင်ကျော်က လေ့လာသုံးသပ်တင်ပြထားပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 12 ရက်
  • 29 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကိုကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်၊ ဒီည မြန်မာစံတော်ချိန်ည ၇နာရီခွဲမှာ ခေတ်မျက်လုံး Era’s Eye YouTube Channel ကနေစောင့်မျှော်နားဆင်နိုင်ကြပါတယ်။ အချိန်ကျရင်အောက်ကလင့်ကိုကလစ်လုပ်ပြီးကြည့်နိုင်ပါတယ်။ ခေတ်မျက်လုံးရဲ့ပရိဿတ်အပေါင်းဘေးရန်ကင်းရှင်းပြီး ချမ်းသာသုခနဲ့ပြည့်စုံနိုင်ကြပါစေ။ https://www.youtube.com/@eraseyechannel ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

စေတုတ္တရာရှိ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၈)ဦး ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 27 Views
ဧပြီလ (၁၁)ရက်။ မနေ့က နံနက် (၅(နာရီအချိန်က စေတုတ္တရာမြို့ ကင်ပွန်းခြုံရွာရှိ စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ CDF-Asho ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ငဖဲနဲ့ စေတုတ္တရာလမ်းပေါ်မှာ အင်အား (၃၀)ကျော်လောက်နဲ့ တပ်စွဲထားတဲ့ ဂိတ်စန်းကို
မြန်မာသတင်း

အာရက္ခတပ်တော်၏ ၁၇နှစ်မြောက်တည်ထောင်သည့်အထိမ်းအမှတ်ကို ယောကာကွယ်‌ရေး တပ် (YDF) မှသဝဏ်လွှာပေးပို့။

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 29 Views
အာရက္ခတပ်တော်ကြောင့်ယောကာကွယ်ရေးတပ်အနေနှင့် ယောအမျိုးသားရေး လမ်းစဥ် ကိုအောင်မြင်စွာချမှတ်နိုင်ခဲ့သည့်အပြင် တပ်ဖွဲ့စည်းပုံကိုလည်း ခိုင်မာစွာတည်ဆောက် နိုင်ခဲ့ခြင်းသည် အာရက္ခတပ်တော်၏ ညီရင်းအကို စိတ်ဓါတ်ကြောင့်ဖြစ်ကြောင်းဂုဏ်ပြု ရေးသားထားသလိုအာရက္ခတပ်တော်၏မဆုတ်မနစ် မိမိရည်မှန်းချက်ကို မျက်ခြေပြတ် မခံဘဲကြိုးစားမှုကြောင့်ယခုအခါ အာရက္ခတပ်တော်သည်  မိမိရည်မှန်းချက်ကို ရရှိရန် လက်တကမ်းအလိုလောက်သာရှိတော့သည့်အတွက် စိတ်အားတက်မိကြောင်းလည်းဆိုသည်။ ရန်သူစစ်အုပ်စုကိုအမြန်ဆုံးခြေမှုန်းနိုင်စေ‌ကြောင်းလည်းရေးသားဂုဏ်ပြုခဲ့ပါသည်။
မြန်မာသတင်း

‌သင်္ကြန်ကာလ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ယာယီပိတ်မယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 25 Views
ဧပြီလ (၁၁)ရက်။ သင်္ကြန်ကာလထဲ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ဖြတ်သန်းသွားလာခွင့်နဲ့ပတ်သက်ပြီး မြို့နယ်ပကဖက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ လာမယ့် ဧပြီလ (၁၃)ရက်နေ့ကနေ (၁၇)ရက်နေ့ မြန်မာနှစ်ဆန်းတရက်နေ့အထိ မြို့ဝင်/ထွက်လမ်းတွေ အားလုံးကို ယာယီပိတ်ထားမယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်ကောင်စီ SCEF ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 32 Views
ဧပြီလ (၁၁)ရက်။ မနေ့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို အွန်လိုင်းကနေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးကို မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ခေါင်းဆောင်တွေ၊ အတွင်းရေးမှူးအဖွဲ့ဝင်တွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီဝင်တွေ စုံညီစွာ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး