နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်မှုထမ်းသင်တန်းကို ပုံမှန်ဖွင့်လှစ်ဖို့ဆိုပြီး စစ်ကောင်စီညွှန်ကြား၊ တိုင်ကြားတာတွေရှိရင် အရေးယူမယ်လို့ဆို

ဇူလိုင်လ (၄)ရက်။

စစ်မှုထမ်းသင်တန်းကို ပုံမှန်ဖွင့်လှစ်ဖို့ဆိုပြီး စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက မနေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ စစ်မှုထမ်းသင်တန်းတွေကို ပုံမှန်ဖွင့်လှစ်နိုင်ရင် နိုင်ငံကာကွယ်ရေးအတွက်၊ နိုင်ငံနဲ့ပတ်သက်တဲ့ ကာကွယ်ရေးစွမ်းအားတွေနဲ့ လုံခြုံရေးဆိုင်ရာတွေ ပိုမိုကောင်းမွန်လာမှာဖြစ်တယ်” လို့ ဆိုပါတယ်။

စစ်မှုထမ်းသင်တန်းသားတွေ ဆင့်ခေါ်တဲ့အခါမှာ ဆင့်ခေါ်ရေးအဖွဲ့က ဆင့်ခေါ်ပြီး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားဖို့နဲ့ တိုင်းစစ်ဌာနချုပ်တွေက စိစစ်လက်ခံဖို့ ညွှန်ကြားထားပါတယ်။

နောက်ပြီး စစ်မှုထမ်းဆင့်ခေါ်ရာမှာ ဥပဒေပြဋ္ဌာန်းချက်တွေနဲ့ မကိုက်ညီသူတွေကို အရေးယူနေသလို လုပ်ငန်းစဉ်ကို ထိခိုက်စေတဲ့ မမှန်မကန် တိုင်ကြားတာတွေနဲ့ လုပ်ကြံဝါဒဖြန့်သူတွေကို ဖော်ထုတ်အရေးယူမယ်ဆိုပြီးလဲ အစည်းအဝေးမှာ စစ်ကောင်စီကာကွယ်ရေးဝန်ကြီးက ပြောဆိုခဲ့ပါသေးတယ်။

ဒါ့အပြင် ရပ်/ကျေးအဖွဲ့တွေနဲ့ မြို့နယ်အဖွဲ့တွေအနေနဲ့ ငွေကြေးမသမာတာမရှိစေဖို့၊ အဂတိမဖြစ်ပေါ်စေဖို့နဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ဖို့တို့ကို အဆင့်ဆင့်က ကြပ်မတ်ဖို့ သတိပေးထားပါတယ်။

စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေက တင်ပြထားတဲ့ စစ်မှုထမ်းဖို့ ရွှေ့ဆိုင်းခွင့်ပြုထားသူတွေကို စနစ်တကျ မှတ်တမ်းရေးသွင်းပြီး ပြန်ခေါ်ရမယ့်အချိန်မှာ ရာနှုန်းပြည့်ပြန်ခေါ်နိုင်အောင် ဆောင်ရွက်ဖို့ သူက ထည့်သွင်းပြောဆိုထားပါတယ်။

အခုအခါ စစ်ကောင်စီဟာ စစ်မှုထမ်းသင်တန်းအတွက် သင်တန်းသားအရေအတွက် ပြည့်မီအောင် အတင်းအဓမ္မကြိုးစားနေသလို တဖက်မှာလဲ တော်လှန်ရေးတပ်တွေထံ အလင်းဝင်လာတဲ့သူတွေထဲ စစ်မှုထမ်းသင်တန်းသားတွေ အများအပြား ပါရှိလာတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျွန်းစုမြို့မှာ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ ပျူစောထီးကားတွေ တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးကာ (၂)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 52 Views
နိုဝင်ဘာလ (၂၄)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်မှာ ကျွန်းစုမြို့မှာ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ ပျူစောထီးကား (၂)စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့
မြန်မာသတင်း

ဘန်ကောက်အကျဉ်းထောင်တွင် အလွန့်အလွန်အရေးကြီးသောပုဂ္ဂိုလ်များ(“VVIPs”) အဖြစ် ဇိမ်ကျနေသည့် “မီးခိုးရောင်တရုတ်” ရာဇဝတ်ဂိုဏ်းခေါင်းဆောင်များ ဖော်ထုတ်ခံရမှုက အရေးပေါ်ပြုပြင်ပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 54 Views
The Nation- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၁ရက် လျှို့ဝှက်စီးနင်းမှုတစ်ခုက ချမ်းသာကြွယ်ဝသော တရုတ်အကျဉ်းသားများက ဘန်ကောက် ထိန်းသိမ်းရေးအကျဉ်းထောင်၏ အစိတ်အပိုင်းအချို့ကို ပုဂ္ဂလိကနိဗ္ဗာန်ဘုံအဖြစ်
မြန်မာသတင်း

ခင်ဦးမြို့မှာ အင်အား (၁၈၀)ခန့်ပါ စစ်တပ်နဲ့ ပျူစောထီးစစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်ကြောင်းတခုလုံးပျက်ခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 46 Views
နိုဝင်ဘာလ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီအချိန်က ခင်ဦးမြို့နယ်မှာ အင်အား (၁၈၀)ခန့်ပါတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံလှရွာထဲ (၄)ရက်လောက်
မြန်မာသတင်း

ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို တာဝန်ကနေ ယာယီရပ်နားထားပြီး စစ်ဆေးနေတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 51 Views
နိုဝင်ဘာလ (၂၄)ရက်။ ‌NUG ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို တိုင်ကြားထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး စတင်စုံစမ်းစစ်ဆေးနေပြီလို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို စစ်ဆေး‌အရေးယူပေးဖို့ နိုဝင်ဘာလ
မြန်မာသတင်း

ကံထူးမရွာဆေးရုံ ဗုံးကြဲခံရတာကြောင့် ပြည်သူ (၆)ဦးသေဆုံးပြီး (၄)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 40 Views
နိုဝင်ဘာလ (၂၄)ရက်။ ဒီကနေ့ နံနက် (၁)နာရီ (၁၀)မိနစ်အချိန်က တန့်ဆည်မြို့ ကံထူးမရွာ ဆေးရုံးနဲ့ ကားပြင်ဆိုင်တို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နံနက် (၁)နာရီ (၁၀)မိနစ်လောက်က စစ်ကစရဲ့
မြန်မာသတင်း

“ဝန်ကြီးချုပ်ရုံးအတွင်းဝန်က သံမဏိနှင်းဆီတဲ့လား?အမေရိကန်လွှတ်အမတ်တွေရဲ့အားပေးမှုဘယ်လောက်ထိရောက်နိုင်မလဲ?

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 62 Views
ဆိုတဲ့ ခေါင်းစဥ်နဲ့ အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်ခြင်း (၂၂) မှာ ခေတ်မျက်လုံးပင်တိုင်ဆွေးနွေးသူ ဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က ဒီကနေ့ နိုဝင်ဘာလ ၂၃ ရက် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန်ည (၇) နာရီခွဲမှာ ခေတ်မျက်လုံး YouTube
မြန်မာသတင်း

ပေါက်နဲ့ မြိုင်နယ်အစပ်ကို ဗုံးကြဲပြီးပြန်လာတဲ့ စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 66 Views
ပေါက်နဲ့ မြိုင်နယ်အစပ်ကို ဗုံးကြဲပြီးပြန်လာတဲ့ စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျ နိုဝင်ဘာလ (၂၂)ရက်။ ဒီကနေ့ ညနေ (၅)နာရီ (၂၀)မိနစ်အချိန်က ပေါက်မြိုနဲ့ မြိုင်မြိုနယ်အစပ် စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျခဲ့တယ်လို အညာမြေ အရပ်ဖက်လူမှုအဖွဲအစည်း-မြိုင်ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဂွမြိုနယ် ကျိန္တလီမြို ဗုံးကြဲခံရပြီး (၇)နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 64 Views
နိုဝင်ဘာလ (၂၂)ရက်။ မနေ့က နေ့လယ် (၁)နာရီ (၁၅)မိနစ်အချိန်က ဂွမြိုနယ် ကျိန္တလီမြိုကို စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို ‌သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ ကျိန္တလီမြို အမှတ်(၁)ရပ်ကွက်ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး