ဇူလိုင်လ (၄)ရက်။
မနေ့က ညနေပိုင်းအချိန်က တောင်သာမြို့ရှိ အမှတ်(၁)စွပ်ကျယ်စက်ရုံက စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးကို ဖမ်းမိခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ အမှတ်(၁) စွပ်ကျယ်စက်ရုံမှာ လုံခြုံရေးတာဝန်ကျနေတဲ့ စကစတပ်ဖွဲ့ဝင် (၂)ဦးက အရက်ထွက်ဝယ်ဖို့ မြို့ပြင်ကို ကျွံလာတဲ့အချိန် ပကဖရဲဘော်တွေက ဖမ်းမိခဲ့တာ” လို့ ဆိုပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးဟာ အမှတ်(၁) စွပ်ကျယ်စက်ရုံမှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေကာ အရက်ဘီယာဝယ်ဖို့ မြို့ပြင်ထွက်လာချိန် ဖမ်းဆီးခံရတာလို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ရန်ကုန် မှော်ဘီရဲတပ်ရင်း(၅)က ရဲတပ်သား အောင်သီဟ(ကိုယ်ပိုင်အမှတ် လ-၃၀၆၉၁၇)နဲ့ ဒုတပ်ကြပ် ဟန်ဝေအောင်(ကိုယ်ပိုင်အမှတ် လ-၂၆၄၅၈၈)တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အခုလိုဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးဆီက ဆိုင်ကယ်တစ်စီးအပါအဝင် သူတို့ကိုင်ဆောင်တဲ့ ဖုန်း (၂)လုံးနဲ့ လက်ပစ်ဗုံး (၁)လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
