နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ဆိုပြီး ကြံ့ဖွတ်ပါတီက အစွန်းရောက် အမျိုးသားရေးသမားတွေနဲ့ တွေ့ဆုံ

ဩဂုတ်လ (၄)ရက်။

ဩဂုတ်လ (၁)ရက်နေ့က ရန်ကုန်ရှိ ကြံဖွတ်ပါတီ(USDP)ရုံးခွဲမှာ ပါတီဥက္ကဋ္ဌ ဦးခင်ရီက အစွန်းရောက် အမျိုးသားရေးသမားတွေနဲ့ တွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီတွေ့ဆုံပွဲကို ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုက္ကဋ္ဌ ဦးမျိုးဇော်သိမ်းနဲ့ ဦးမောင်မြင့်အပါအဝင် ရန်ကုန်တိုင်းပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနဲ့ တိုင်းပါတီကော်မတီဝင်တွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အစွန်းရောက် အမျိုးသားရေးသမားတွေဖြစ်တဲ့ ခင်ဝိုင်းကြည်၊ ဝင်းကိုကိုလတ်နဲ့ တင်အောင်စန်းတို့အပါအဝင် အစွန်းရောက် ဘုန်းကြီး၊ သံဃာအချို့တို့လဲ ပါဝင်တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တွေ့ဆုံပွဲထဲ ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ဦးခင်ရီက ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့ ဝိုင်းဝန်းကူညီဆောင်ရွက်ဖို့အပြင် အမျိုးသားရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

နောက်ပြီး တက်ရောက်လာသူတွေက ဆွေးနွေးခဲ့ကြတဲ့ ဆွေးနွေးချက်တွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဇူလိုင်လ (၃၁)ရက်နေ့ကလဲ ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ဦးခင်ရီက နေအောင်၊ ရန်အောင်၊ မိုးဒီ၊ ဌက်ပျောကြော်၊ စိုးမြတ်သူဇာတို့ စတဲ့ စစ်တပ်ထောက်ခံတဲ့ အနုပညာ‌ရှင်တွေနဲ့ တွေ့ဆုံကာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဝိုင်းဝန်းကူညီဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဆင်ဖြူကျွန်းမြို့က စစ်တပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်မယ်လို့ စလင်းပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 4 Views
ဒီဇင်ဘာလ (၂၅)ရက်။ စလင်းမြို့နယ်၊ ဆင်ဖြုကျွန်းမြို့ရှိ စစ်ကော်မရှင်ရဲ့ တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေက အပြီးသတ်သိမ်းပိုက်သွားမယ်လို့ စလင်းပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

မိုးကုတ်ရှိ ကျေးရွာတရွာနဲ့ စစ်တပ်စိုးမိုးကုန်း(၁)ခုကို ထပ်မံသိမ်းပိုက်ထားတယ်လို့ MOD ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 6 Views
ဒီဇင်ဘာလ (၂၅)ရက်။ စစ်တပ်ခြေကုပ်ယူထားတဲ့ မိုးကုတ်မြို့နယ်ထဲက ကျေးရွာတရွာနဲ့ စိုးမိုးကုန်း(၁)ခုကို ထပ်မံသိမ်းပိုက်ထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

စစ်တပ် ရွေးကောက်ပွဲနေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF-Hakha ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 32 Views
စစ်တပ် ရွေးကောက်ပွဲနေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF-Hakha ထုတ်ပြန် ဒီဇင်ဘာလ (၂၄)ရက်။ စစ်တပ်ရဲ့ ရွေးကောက်ပွဲပြုလုပ်မယ့်နေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF-Hakha ဗဟိုကောင်စီက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ (၂၈)ရက်နေ့မှာ စစ်တပ်က
မြန်မာသတင်း

စစ်အုပ်စု အသစ်ဖွင့်ထားတဲ့ MRTV Page ကို Facebook ထပ်မံဖယ်ရှား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 26 Views
ဒီဇင်ဘာလ (၂၄)ရက်။ အခုလထဲ စစ်အုပ်စုက အသစ်ဖွင့်ထားတဲ့ MRTV ‌စာမျက်နှာကို Facebook က ထပ်မံဖယ်ရှားလိုက်တယ်လို့ Justice for Myanmar(JFM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ Facebook က ထပ်မံဖယ်ရှားတာမှာ စစ်အုပ်စုရဲ့
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ် ရွေးကောက်ပွဲ မကျင်းပနိုင်ဖို့ အဖွဲ့တွေစေလွှတ်ထားတယ်လို့ မြိုင်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 31 Views
လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြားထဲက ကပစ(၂၄) ရရှိဖို့ ကြိုးပမ်းနေတယ်လို့ဆို ဒီဇင်ဘာလ (၂၄)ရက်။ မြိုင်နယ်ထဲ စစ်တပ်အနေနဲ့ ရွေးကောက်ပွဲ မကျင်းနိုင်ဖို့ အဖွဲ့အသီးသီးကို စေလွှတ်ထားပြီးဖြစ်တယ်လို့ မြိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်တပ်က
မြန်မာသတင်း

ပေါက်မြို့နယ်မြောက်ပိုင်းတိုက်ပွဲထဲ စစ်တပ်ဘက်က (၁၂)ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 24 Views
ဒီဇင်ဘာလ (၂၄)ရက်။ ဒီဇင်ဘာလ (၉)ရက်နေ့ကစပြီး ပေါက်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၉)ရက်နေ့ နံနက်ပိုင်းကစပြီး ပေါက်မြို့နယ်မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စခစစ်ကြောင်းနဲ့
မြန်မာသတင်း

NUG ရဲ့ အောင်မြင်မှုနဲ့ ကျရှုံးမှုကို သင်ခန်းစာယူဖို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရကို ယာယီသမ္မတ တိုက်တွန်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 24 Views
ဒီဇင်ဘာလ (၂၄)ရက်။ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအနေနဲ့ NUG ရဲ့ အောင်မြင်မှုတွေနဲ့ ကျရှုံးမှုတွေကို သင်ခန်းစာယူဖို့ ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ကျွန်တော်အနေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရကို အထူးတိုက်တွန်းလိုတာက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အောင်မြင်မှုတွေနဲ့
မြန်မာသတင်း

အောက်တွင်ဖော်ပြထားသောဆောင်းပါးမှာ ချင်းမိုင်တက္ကသိုလ်၊ နယ်စပ်လုံခြုံရေးရာစီမံကိန်း (Border Security Affairs Project) မှ တင်ပြထားသည့် သဘောထားအမြင်ဆောင်းပါး၏ မြန်မာဘာသာ ပြန်ဖြစ် ပါသည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 20 Views
မြန်မာနိုင်ငံ၏ ၂၀၂၅ ဒီဇင်ဘာ ရွေးကောက်ပွဲ ရလဒ်အပေါ် ထိုင်းနိုင်ငံ၏ လုံခြုံရေး အဘယ်ကြောင့် မူတည်နေသနည်း The Nation –၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်၊ သောကြာနေ့ စစ်ဘေးရှောင်များအတွက် ကုန်ကျစရိတ်။- ရွေးကောက်ပွဲရလဒ်သည်