နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်တပ်ရဲ့ ဟုမ္မလင်းလေတပ်စခန်းက ဗိုလ်အဆင့်ရှိသူတဦး သေနတ်နဲ့ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့

စက်တင်ဘာလ (၄)ရက်။

မနေ့က စစ်တပ်ရဲ့ ဟုမ္မလင်းလေတပ်စခန်းက ဗိုလ်အဆင့်ရှိတဲ့ မြတ်ကိုကိုဆိုသူဟာ သေနတ်နဲ့ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။

“ သူက ဟုမ္မလင်း ချင်းတွင်းမြစ်ကူးတံတားထိပ် ကတ်သာရွာဘက်ခြမ်းမှာ လုံခြုံရေးကျနေတဲ့အချိန် သူ့ကိုယ်သူ သေနတ်နဲ့ပစ်သတ်ပြီး အဆုံးစီရင်သွားတာ” လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ ဗိုလ်အဆင့်ရှိတဲ့ မြတ်ကိုကိုဟာ ဟုမ္မလင်းမြို့ဘက်ခြမ်း ချင်းတွင်းမြစ်ကူးတံတားထိပ်က ကတ်သာရွာမှာ လုံခြုံရေးတာဝန်ကျနေချိန် သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တာလို့ သိရပါတယ်။

မြတ်ကိုကိုဟာ အဆုံးမစီရင်ခင် စင်တင်ဘာလ (၂)ရက်နေ့ ညပိုင်းမှာ စစ်တပ်အရာရှိတဦးရောက်လာပြီး ဖိအားပေးစေခိုင်းတာတွေရှိခဲ့ပြီး နောက်တရက်မှာ အခုလို သူ့ကိုယ်သူ သေနတ်နဲ့ ပစ်ခတ်ကာ အဆုံးစီရင်ခဲ့တာပါတယ်။

“ သူက မသေခင် တပ်ထဲမှာ အလုပ်ဆက်မလုပ်ချင်တော့တာ၊ အထက်က ဖိအားများတာတွေနဲ့ CDM မလုပ်နိုင်တဲ့အကြောင်းတွေကို ရင်ခွင့်တာတွေရှိခဲ့တယ်လို့ သိရတယ်။ စကမက သူ့ရဲ့တပ်သားတွေကို မိသားစုတွေနဲ့ ချုပ်ကိုင်ထားတာ၊ အဲ့ဒီမှာ မိသားစုတွေရဲ့ ထောက်ခံအားပေးတာတွေ မရတဲ့ တပ်သားတွေက ထွက်ပေါက်ပိတ်ပြီး အဆုံးစီရင်တာတွေနဲ့ တိုက်ပွဲထဲ အသေခံတာတွေ အများအပြားရှိနေတယ်” လို့ သူက ဆက်ပြောပါတယ်။

နောက်ပြီး စစ်တပ်ရဲ့ ခြေလျင်နဲ့ ခြေမြန်တပ်ရင်းတွေက အရာရှိစစ်သည်တွေအနေနဲ့ အဆုံးစီရင်တာတွေနဲ့ အချင်းချင်း သတ်ဖြတ်တဲ့ဖြစ်စဉ်တွေဟာ လူမသိသူမသိ အများအပြားရှိနေတယ်လို့ သိရပါတယ်။

“ စကမတွေအနေနဲ့ ကိုယ်လိပ်ပြာ ကိုယ်မလုံတော့တဲ့အခါ အဆုံးသတ်လိုက်ချင်စိတ်‌ ဖြစ်ပေါ်လာခဲ့တာ ဖြစ်နိုင်သလို ပြည်သူ မေတ္တာဆူးတွေ ဆူးကုန်လေသလား ထင်မှတ်ရပါတယ်။ စကမ တပ်သားတွေ ကိုယ်ကိုယ်ကို သတ်သေနေတာက စကမတပ်ထဲ ပြိုကျပျက်စီးနေပြီဆိုတာ မီး‌မောင်းထိုးပြလာတဲ့ အချက်တွေဖြစ်တယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လကလဲ ခင်ဦးမြို့ ပျဉ်ထောင်ပျူခြံမှာ တပ်သားတစ်ဦးက ဗိုလ်ကြီးတစ်ဦးကို ပစ်ခတ်သတ်ဖြတ်တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူကို အသတ်ခံရတဲ့သူရဲ့ တပည့်တွေက အထက်အမိန့်ဆိုပြီး သတ်ဖြတ်ခဲ့ပါတယ်။

ဒါ့အပြင် ကောလင်းမြို့နယ်မှာ တပ်ကြပ်ကြီးအပါအဝင် (၄)ဦးကို တပ်သားတစ်ဦးက သတ်ဖြတ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ အလင်းဝင်ရောက်လာခဲ့တာ ရှိတယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း အမေရိကန်

အမေရိကန်ပဲပုပ်ဖတ် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေ သဘောတူလက်မှတ်ရေးထိုး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အမေရိကန်ရဲ့ ပဲပုပ်ဖတ်တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အရှေ့တောင်အာရှကို
မြန်မာသတင်း

ကြီးမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 24 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အခုအချိန်အထိ ကြမားတဲ့ ကန့်ကွက်တာတွေ မရှိတာကြောင့် အောင်မြင်တဲ့ ရွေးကောက်ပွဲဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ
မြန်မာသတင်း

သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် မိုင်းခွဲခံရတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်က သံလွင်တံတား(ဖားဆောင်း) ဒုတိယအကြိမ် ထပ်မံမိုင်းခွဲခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ထပ်မံမိုင်းခွဲခံရတာကြောင့် တံတားရဲ့ အနောက်ဘက် ရေလည်တိုင်တွေဖြစ်တဲ့ တိုင်အမှတ် P-5 နဲ့ P-7
မြန်မာသတင်း

ခင်ဦးမြို့ပေါ် ပြည်သူပိုင်ဈေးတန်းအိမ်တွေကို မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 31 Views
တိုက်ပွဲထဲ မီးရှို့ကိုကိုဆိုပြီး နာမည်ဆိုးထွက်နေတဲ့ စစ်ကောင်စီဗိုလ်တဦး သေဆုံးခဲ့ ဖေဖော်ဝါရီလ (၂၅)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ ခင်ဦးမြို့ပေါ် ပြည်ပိုင်ဈေးတန်းအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

ရေးမြို့တိုက်ပွဲထဲ နှစ်ဖက် ထိခိုက်ကျဆုံးတာတွေရှိခဲ့တယ်လို့ YGF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 32 Views
ဖေဖော်ဝါရီလ (၂၃)ရက်။ ဖေဖော်ဝါရီလ (၂၃)ရက်နေ့က ရေးမြို့ အောင်သပြေရွာအနီး စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေးပြောက်ကျားတပ်(YGF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အောင်သပြေရွာနားကို ရောက်လာတဲ့ စကစစစ်ကြောင်း အင်အား(၁၅၀)နဲ့ တော်လှန်ရေးမဟာမိတ်တွေ တိုက်ပွဲဖြစ်ပွားတာပါ။ အဲ့ဒီတိုက်ပွဲက
မြန်မာသတင်း

အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်မယ်လို့ MDY-PDF ကတိပြုထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာကျရောက်တဲ့ ဖွဲ့စည်းတည်ထောင်တဲ့ (၅)နှစ်ပြည့်မှာ ကတိပြုထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ MDY-PDF အနေနဲ့ လက်နက်ကိုင်တော်လှန်ရေး စတင်လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ကို
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် HDCO ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 34 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ပုဏ္ဏားကျွန်းမြို့ကို စစ်တပ်က လေကြောင်းဗုံးကြဲတာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချတယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က ပုဏ္ဏားကျွန်းမြို့ ယိုးငူရွာရှိ ဈေးဆိုင်တန်းကို အကြမ်းဖက်စစ်တပ်က
မြန်မာသတင်း

ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 24 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က နောင်ဝိုး၊ ကျိုင်းခမ်းနဲ့ မိုင်းပျဉ်းတပ်နယ် တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်တင်မြှောက်ပြီး အစိုးရသစ်တရပ် ဖွဲ့စည်းကာ နိုင်ငံရဲ့တာဝန်ကို