နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြင်သစ်သမ္မတရဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့တဲ့စာ သားဖြစ်သူ ကိုထိန်လင်း လက်ခံရရှိခဲ့

‌နိုဝင်ဘာလ (၄)ရက်။

ပြင်သစ်သမ္မတ မက်ခရွန်ရဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့တဲ့ ပုဂ္ဂိုလ်ရေးစာကို သားဖြစ်သူ ကိုထိန်လင်းက လက်ခံရရှိခဲ့တယ်လို့ ဒီကနေ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

မကြာသေးခင်က ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ ခရစ္စတန် လရှယ်ဗီနဲ့ တွေ့ဆုံချိန် ပြင်သစ်သမ္မတရဲ့ ပေးပို့တဲ့စာကို လက်ခံရရှိခဲ့တာလို့ ဆိုပါတယ်။

ပြင်သစ်သမ္မတ ပေးပို့တဲ့စာထဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို စိုးရိမ်တာအပါအဝင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ချွင်းချက်မရှိ ချက်ခြင်းလွှတ်ပေးဖို့ ထပ်မံတောင်းဆိုထားပါတယ်။

“ အသက်ကြီးလာပြီဖြစ်တဲ့ ကျွန်တော့မေမေဟာ အချုပ်အနှောင်ထဲမှာ ကျန်းမာရေးမကောင်းတော့ပါ။ မေမေဟာ နိုင်ငံလွတ်လပ်ဖို့အတွက် သူ့ဘဝ အသက်တလျှောက် ကြိုးစားဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ မေမေလွတ်မြောက်တာဟာ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာအတွက်သာမက မြန်မာပြည် လွတ်မြောက်ဖို့နဲ့ ငြိမ်းချမ်းဖို့အတွက် အရေးပါဆုံးဖြစ်ပါတယ်” လို့ သားဖြစ်သူ ကိုထိန်လင်းက ပြောဆိုထားပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်သူတွေကို ပြင်သစ်နိုင်ငံ့ခေါင်းဆောင်နဲ့ ပြည်သူတွေက ဂရုဏာထားပြီး အမြဲတမ်း ထောက်ခံအားပေးတဲ့အတွက် အထူးကျေးဇူးတင်တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး ပြင်သစ်နိုင်ငံရဲ့ ဂရုဏာတရား၊ အားပေးမှုနဲ့ မိတ်ဆွေကောင်းပီသတာတို့အပေါ် လှိုက်လှိုက်လှဲလှဲ ခံစားရပြီး ဒါဟာ အမှန်တရား၊ ငြိမ်းချမ်းရေးနဲ့ လွတ်မြောက်ရေးတို့ကို နှုတ်ပိတ်လို့မရဘူးဆိုတာ ကမ္ဘာတဝန်းကလူတွေကို အသိပေးလိုက်တဲ့ စိတ်ရေးဆိုင်ရာ ခေါင်းဆောင်မှုလို့ သူက ဆက်ပြောပါတယ်။

ပြင်သစ်သမ္မတရဲ့စာထဲ မြန်မာပြည်သူတွေရဲ့ သုခချမ်းသာကို ဦးစားပေးပြီး မြန်မာနိုင်ငံကို ငြိမ်းချမ်းဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ တည်ငြိမ်တဲ့ နိုင်ငံတနိုင်ငံဖြစ်လာနိုင်တဲ့ အခွင့်အရေးရရှိအောင် ကြိုးပမ်းဖို့ အသင့်ပြင်ဆင်ထားတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စိတ်ချစေဖို့ ရေးသားထားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျန်းမာရေးကောင်းမွန်ပြီး လွတ်လပ်မှုကို ပြန်လည်ရရှိကာ မကြာခင် မိသားစုအပါအဝင် ချစ်ခင်ရသူတွေနဲ့ ပြန်လည်ဆုံတွေ့နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 26 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 27 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့