နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပခုက္ကူ-ရေစကြိုလမ်းမမှာ ကားတွေဆီက ပိုက်ဆံတောင်းနေတဲ့ စစ်ကော်မရှင်ရဲတပ်သား ပစ်ခတ်ခံရပြီး သေဆုံး

‌နိုဝင်ဘာလ (၄)ရက်။

နိုဝင်ဘာလ (၁)ရက်နေ့ နံနက် (၇)နာရီခွဲအချိန်က ပခုက္ကူမြို့ လေယာဉ်ကွင်းထိပ်မှာ ကုန်ကားတွေဆီကနေ ပိုက်ဆံတောင်းနေတဲ့ စစ်ကော်မရှင်ရဲတပ်သားကို ပစ်ခတ်ခဲ့တယ်လို့ Southern YSO PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ အဲ့ဒီရခက သူ့မိန်းမ ကိုယ်ဝန်ဆောင်သည်နဲ့ ပခုက္ကူ-ရေစကြိုလမ်းမပေါ် ‌ပခုက္ကူလေယာဉ်ကွင်းထိပ်မှာ ကုန်ကားတွေဆီကနေ ပိုက်ဆံတောင်းနေတာကို သတင်းရလို့ သွားပစ်ခတ်ခံ့တာ” လို့ ဆိုပါတယ်။

ပခုက္ကူလေယာဉ်ကွင်းထိပ်မှာ ကုန်ကားတွေဆီကနေ စစ်ကော်မရှင်ရဲတပ်သားလင်မယား (၂)ဦး ပိုက်ဆံတောင်းနေတယ်လို့ သတင်းရတာကြောင့် Southern YSO PDF က ရဲဘော် (၂)ဟာ စစ်ကော်မရှင်ယူနီဖောင်းဝတ်ပြီး သွားရောက်ပစ်ခတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီလိုပစ်ခတ်ခံရတာကြောင့် စစ်ကော်မရှင်ရဲတပ်သားဟာ နေရာမှာပဲ သေဆုံးခဲ့ပြီး ကိုယ်ဝန်ဆောင်သည် မိန်းမဖြစ်သူကို အရှင်ဖမ်းဆီးခဲ့ကာ MA-1 (၁)လက်နဲ့ ဆိုင်ကယ်တစ်စီး သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

ပစ်ခတ်ခံရတဲ့ စစ်ကော်မရှင်ရဲတပ်သားဟာ ပခုက္ကူမြို့မရဲစခန်းမှာ တာဝန်ကျပြီး လုပ်သက် (၆)နှစ်ရှိပြီဖြစ်တဲ့ အသက် (၂၈)နှစ်အရွယ် ကိုရည်မွန်ဖြစ်ကာ ပခုက္ကူမြို့ဇာတိနေသူဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး ဖမ်းဆီးရမိခဲ့တဲ့ စစ်ကော်မရှင်ရဲတပ်သားရဲ့ ဇနီးသည်ဟာ ကိုယ်ဝန် (၅)လရှိပြီဖြစ်ကာ လိုအပ်တာတွေ စစ်ဆေးမေးမြန်းပြီး မွေးဖွားလာမယ့်ကလေးအတွက် သက်ညှာတဲ့အနေနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ဆင်ရေးထဲ အခင်းဖြစ်နေရာနဲ့ မီတာ (၂၀၀)အကွာရှိ စစ်ကော်မရှင်တပ်က ပစ်ခတ်တာတွေရှိခဲ့တာကြောင့် တော်လှန်ရေးရဲဘော်တွေက (၄၀)မမနဲ့ ပစ်ခတ်ခဲ့ရာ စစ်ကော်မရှင်တပ်သားတစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီပစ်ခတ်တာကို Southern YSO PDF၊ Yesagyo Revolution Group(YRG)၊ ဒေါင်းညီနောင် PDF-PKU၊ ပြည်သူ့အားမာန်၊ King Cobra နဲ့ ဒေါင်းစစ်သည်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 26 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 27 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့