ဒီဇင်ဘာလ (၄)ရက်။
မနေ့က နေ့လယ် (၁၂)နာရီအချိန်က ပဲခူးတိုင်း ကျောက်ကြီးမြို ညောင်ပင်သာရွာရှိ ဆေးပေးခန်းကို စစ်တပ်က စက်တက်လေထီးနဲ့ ဗုံးကြဲခဲ့တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။
“ မနေ့က တောင်ငူလေတပ်ကနေ စက်တပ်လေထီးတစီးနဲ့ ရွာဆေးပေးခန်းပေါ်ကို ဗုံး (၂)လုံးကြဲသွားတာ။ အဲ့ဒီမှာ CDM ဆရာဝန်နဲ့ ဆေးခန်းအကူဝန်ထမ်း (၂)ဦး သေဆုံးခဲ့တယ်” လို ဆိုပါတယ်။
စစ်တပ်က တောင်ငူလေတပ်ကနေ စက်တပ်လေထီးနဲ့ ကျေးရွာဆေးပေးခန်းပေါ်ကို ဗုံး (၂)လုံး ကြဲချခဲ့တာကြောင့် CDM ဆရာဝန် ဒေါက်တာ ဆန်းလွင်အပြင် ဆေးအကူဝန်ထမ်း အမျိူသား (၂)ဦး သေဆုံးခဲ့တယ်လို သိရပါတယ်။
နောက်ပြီး စစ်တပ်ဟာ ကျေးရွာထဲ လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်ခဲ့တာကြောင့် ရွာခံအမျိုးသား (၂)ဦး သေဆုံးခဲ့ကာ အဲ့ဒီဖြစ်စဉ်တွေထဲ ထိခိုက်ဒဏ်ရာရသူ (၈)ဦးရှိခဲ့ပြီး တောင်ငူဆေးရုံကို ပိုဆောင်ခဲ့တယ်လို သူက ဆက်ပြောပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ ကျေးရွာထဲ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ထိခိုက်ဒဏ်ရာရသူတွေထဲ ကိုယ်လက်အင်္ဂါပျက်စီးခဲ့ရသူ (၅)ဦးရှိခဲ့ပါတယ်။
ကျောက်ကြီးမြိုနယ်ဟာ KNU တပ်မဟာ (၄)နယ်မြေဖြစ်ပြီး ရွေးကောက်ပွဲအကြောင်းပြကာ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲတာတွေကို ပိုမိုပြုလုပ်လာခဲ့တယ်လို ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။








