နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

အမေရိကန်အောက်လွှတ်တော်ကြားနာပွဲကို NUG ဝန်ကြီးတွေ တက်ရောက်ခဲ့

ဖေဖော်ဝါရီလ (၅)ရက်။

ဖေဖော်ဝါရီလ (၃)ရက်နေ့က ဝါရှင်တန်ဒီစီမြို့တော်ရှိ လွှတ်တော်အမတ်တွေရဲ့ ရုံးမှာ မြန်မာအရေးနဲ့ပတ်သက်ပြီး ကျင်းပခဲ့တဲ့ အောက်လွှတ်တော်ကြားနာပွဲကို တက်ရောက်ခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီကြားနာပွဲကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဒုဝန်ကြီး ဦးမိုးဇော်ဦးအပါအဝင် သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်နဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာတို့ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ကြားနာပွဲထဲ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ရီပတ်ဘလစ်ကန်ပါတီ အထက်လွှတ်တော်အမတ် Todd Youngနဲ့ ဒီမိုကရက်ပါတီ အထက်လွှတ်တော်အမတ် Chris Van Hollen တို့ အွန်လိုင်းကတဆင့် မိန့်ခွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်အောက်လွှတ်တော်မှာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေနဲ့ ခရစ်ယာန်ဘာသာဝင် လူနည်းစုတွေအပါအဝင် ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်တာတွေကို ကြားနာခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

“ ကျွန်မတို့ ရပ်တည်ချက်ကတော့ ရှင်းပါတယ်။ ဆိုလိုတာက ခရစ်ယာန်ဘာသာဝင် လူနည်းစုအပေါ် ဖိနှိပ်တာတင်မဟုတ်ဘဲ ဘယ်သူ့ကိုမဆို စစ်ကောင်စီက ဖိနှိပ်တယ်။ အကြမ်းဖက်တယ်။ အရပ်ဘက်၊ စစ်ဘက်မခွဲခြားဘဲ ဘယ်ဘာသာတရားကိုမှ မခွဲခြားဘဲ ဖိနှိပ်နေတယ်ဆိုတာ ဒီမှာတင်ပြတာဖြစ်ပါတယ်။ ဒီလိုမျိုး congressional hearing တွေက အမေရိကန်အစိုးရရဲ့ မူဝါဒတွေကို သုံးသပ်တဲ့နေရာမှာ၊ shape လုပ်တဲ့နေရာမှာ အများကြီးအထောက်အကူဖြစ်လိမ့်မယ်လို့ ထင်ပါတယ်” လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုထားပါတယ်။

ကြားနာပွဲကို အမေရိကန်အစိုးရရဲ့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်ဥက္ကဋ္ဌအပါအဝင် မြန်မာတိုင်းရင်းသား ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေ၊ ဗုဒ္ဓဘာသာဆရာတော်တွေ၊ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေနဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တာဝန်ရှိ‌သူတွေအပြင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အာရှ

တရုတ်နိုင်ငံမှာ အိမ်ထောင်ပြုမှု စံချိန်တင် ကျဆင်းခဲ့ပြီး ကွာရှင်းမှုက မြင့်တက်လာခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၀) ရက်။ ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံမှာ လူဦးရေကျဆင်းမှုကို ရပ်တန့်တားဆီးဖို့ လူငယ်တွေကို အိမ်ထောင်ပြုပြီး ကလေးမွေးကြဖို့ အစိုးရရဲ့ကြိုးပမ်းအားထုတ်မှုတွေ ရှိနေပေမဲ့ တရုတ်နိုင်ငံမှာ
နိုင်ငံတကာသတင်း ဥရောပ

ထရန့်ရဲ့ ဥရောပသမဂ္ဂအပေါ်အခွန်စည်းကြပ်မည့်အပေါ် ပြင်သစ်သမတမက်ခရွန်က ဘယ်လိုတုံ့ပြန်မလဲ။

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 2 Views
ထရန့်ရဲ့ ဥရောပသမဂ္ဂအပေါ်အခွန်စည်းကြပ်မည့်အပေါ် ပြင်သစ်သမတမက်ခရွန်က ဘယ်လိုတုံ့ပြန်မလဲ။ ကျွန်တော်တို့မှာ ယူကရိန်းရဲ့ပြဿနာတွေရှိပြီး အရှေ့အလယ်ပိုင်းမှာလည်း ပြဿနာတွေ ရှိနေပါတယ်။ အမေရိကန်နဲ့ တရုတ်အကြားမှာလဲ ပြိုင်ဆိုင်မှုတွေရှိနေပြီး
မြန်မာသတင်း

ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတယ်လို့ စစ်ခေါင်းဆောင်က အိန္ဒိယငြိမ်းချမ်းရေးသံတမန်နဲ့တွေ့ဆုံချိန် ပြောဆိုခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 21 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ မနေ့က နေပြည်တော်မှာ အိန္ဒိယနိုင်ငံရဲ့ လူသားစာနာမှုခေါင်းဆောင်နဲ့ ငြိမ်းချမ်းရေးသံတမန်ဖြစ်တဲ့ Gurudev Sri Sri Ravi Shankar နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲထဲ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲတဲ့ အခြေအနေတွေအပါအဝင်
မြန်မာသတင်း

မြေကြီးက ရွှေသီးအောင်လုပ်ဖို့ဆိုပြီး စစ်ခေါင်းဆောင်က အကယ်ဒမီပေးပွဲမှာပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ တိုင်းပြည်သာယာဝပြောအောင် မြေကြီးက ရွှေသီးအောင်လုပ်ဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ အကယ်ဒမီပေးပွဲမှာပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့အချိန်မှာ စားရေရိက္ခာဖူလုံဖို့အတွက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေကို တိုးတက်ထုတ်လုပ်နိုင်အောင် စီမံဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်တာဟာ နိုင်ငံအတွက်
မြန်မာသတင်း

ရန်ကုန် ဒေါပုံမြို့မရဲစခန်းမှာ အချုပ်သား (၄)ဦး ထွက်ပြေးမှုဖြစ်ပွား

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 8 Views
ဖေဖော်ဝါရီလ (၉)ရက်။ ဒီကနေ့ နံနက် (၂)နာရီအချိန်က ရန်ကုန်တိုင်း ဒေါပုံမြို့နယ် မြို့မရဲစခန်းက အချုပ်သားအချို့ အချုပ်ခန်းဖောက်ပြေးမှုဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေထံက သိရပါတယ်။ “ နံနက်အစောပိုင်း (၂)နာရီလောက် ဒေါပုံရဲစခန်းက အချုပ်သားတွေ သော့ဖျက်ပြီး အချုပ်ခန်းဖောက်ပြေးတာပါ၊ စုစုပေါင်း
နိုင်ငံတကာသတင်း အာရှ

မိုဒီ၏ပါတီသည် ၂၇ နှစ်အတွင်း အိန္ဒိယမြို့တော်တွင် ပထမဆုံးအကြိမ်အနိုင်ရပြီး အာဏာပြန်ရလာသည်။

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၉) ရက်။ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာဒီ၏ ဟိန္ဒူအမျိုးသားရေးဝါဒီပါတီသည် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒေလီမြို့တော်၌ စနေနေ့က ရွေးကောက်ပွဲတွင် ၎င်း၏အထင်ရှားဆုံး ဝေဖန်ရေးသမားများထဲမှတစ်ဦးကို ယမန်နှစ်က ရှုံးနိမ့်ခဲ့သော်လည်း ယခုအခါ အနိုင်ရယူနိုင်ခဲ့သည်။ မိုဒီ၏ ဘာရာတီရာ
နိုင်ငံတကာသတင်း အမေရိကန်

Time မဂ္ဂဇင်းရဲ့ မျက်နှာဖုံးဓာတ်ပုံကြောင့် ဝေဖန်မှု အငြင်းပွားမှုများ ဖြစ်ပွားနေ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၇) ရက်။ အသစ်ထွက်လာတဲ့ Time မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ အိမ်ဖြူတော်ရဲ့ ဘဲဥပုံရုံး စားပွဲခုံမှာ စွန့်ဦးတီထွင်သူ အီလွန်မတ်က ထိုင်နေတဲ့ ဓာတ်ပုံနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ သမ္မတထရန့် အသစ်ဖွဲ့စည်းထားတဲ့ အစိုးရစွမ်းဆောင်ရည်ထိရောက်ရေးဌာန (DOGE)
မြန်မာသတင်း အာရှ

မြန်မာမှာ အကြမ်းဖက်တာတွေ ချက်ချင်းရပ်တန့်ဖို့ ဂျပန်နိုင်ငံခြားရေး ဒုဝန်ကြီး တောင်းဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်
  • 15 Views
ဖေဖော်ဝါရီလ (၉)ရက်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်တာတွေ ချက်ချင်းရပ်တန့်ဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးက ထပ်မံတောင်းဆိုခဲ့တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖေဖော်ဝါရီလ (၄)ရက်နေ့ ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး