မတ်လ (၅)ရက်။
ပြည်ပကနေ အကူအညီတွေရယူတဲ့ ပါတီတွေကြောင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေတာလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ဒူးမားလွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတွေ့ဆုံပွဲထဲ ဒူးမားလွှတ်တော်ရဲ့ လုပ်ငန်းတာဝန်တွေအပါအဝင် လွှတ်တော်နဲ့ ပါတီတွေ ဖွဲ့စည်းထားတာနဲ့ နှစ်နိုင်ငံ လွှတ်တော်တွေ ပူးပေါင်းဆောင်ရွက်မယ့် အခြေအနေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒူးမားလွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့ဆုံချိန် စစ်ခေါင်းဆောင်က ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲမသမာတာတွေကြောင့် စစ်ကောင်စီက တာဝန်ယူ ဆောင်ရွက်ခဲ့ရတာဆိုပြီးလဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
နောက်ပြီး စစ်ခေါင်းဆောင်က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ပြင်ဆင်နေတဲ့ကိစ္စအပါအဝင် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကျင်းပချိန် ရုရှားက ထောက်ခံကူညီပေးသွားမယ့် အခြေအနေတွေကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
နိုင်ငံထဲ စစ်ရေးရှုံးနိမ့်နေပြီး နယ်မြေစိုးမိုးမှု နည်းပါးလာတဲ့ စစ်ခေါင်းဆောင်ဟာ အခုနှစ်ထဲ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ကို အသည်းအသန် ကြိုးစားနေပြီး သူ့ရဲ့လက်အောက်ခံ နိုင်ငံရေးပါတီတွေကို ပြင်ဆင်ထားဖို့ကိုလဲ ပြောဆိုထားပါသေးတယ်။
စစ်ခေါင်းဆောင်ဟာ ရွေးကောက်ပွဲကို မဖြစ်မနေ ပြုလုပ်သွားဖို့ ပြင်ဆင်နေသလို ပြည်ပနိုင်ငံတွေအနေနဲ့ နိုင်ငံရေးဂုဏ်သိက္ခာအရ ထောက်ခံအားပေးတာတွေ မလုပ်ကြဖို့ တေယ်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။
