နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

နွေဦးတော်လှန်ရေးမှာ စုစည်းညီညွတ်နိုင်မှ စစ်အာဏာရှင်စနစ် အမြစ်ဖျက်နိုင်မယ်လို့ NUG ယာယီသမ္မတပြော

မတ်လ (၅)ရက်။

နွေဦးတော်လှန်ရေးမှာ စုစည်းညီညွတ်နိုင်မှ စစ်အာဏာရှင်စနစ်ကို အမြစ်ဖျက်နိုင်မှာလို့ ဒီကနေ့မှာ ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ အခုနွေဦးတော်လှန်ရေးမှာ ကျွန်တော်တို့ဟာ အတတ်နိုင်ဆုံး စုစည်းညီညွတ်မှုကို ထိန်းထားနိုင်မှ၊ စစ်အာဏာရှင်စနစ် အမြစ်ဖျက်ဖြုတ်ချနိုင်ဖို့ကို “ ဆုံးခန်းတိုင်သည်အထိ လုပ်ဆောင်နိုင်မှာ” ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

တစ်ဖက်မှာ စစ်အစိုးရခေတ်အဆက်ဆက်က စစ်အစိုးရ ခေါင်းဆောင်တွေရဲ့ သွေးခွဲသပ်လျှို အုပ်ချုပ်တဲ့နည်းတွေကို လက်စွဲပြုပြီး လုပ်ဆောင်လာခဲ့တာကို အားလုံးသတိထားကြဖို့ကိုလဲ အသိပေးထားပါတယ်။

“ စစ်အစိုးရအဆက်ဆက်ဟာ လူမျိုးစုညီညွတ်ရေးကိုလဲ မလိုလားသလို၊ တော်လှန်ရေးအင်အားစုတွေ အချင်းချင်းအကြား စုစည်းပေါင်းစည်းသွားမှာကိုလဲ မလိုလားပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ရန်သူ ဝမ်းသာအောင် မလုပ်သင့်ဘူး” လို့ ယာယီသမ္မတက တိုက်တွန်းထားပါတယ်။

နောက်ပြီး ဒီနေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတက ဒူဝါလရှီးလက တော်လှန်ရေးအင်အားစုတွေအကြား ဘုံညီညွတ်ရေး တည်ဆောက်နိုင်ဖို့ကိစ္စကို အဓိက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ချင်းပြည်ကောင်စီ(CC)နဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ/ချင်းညီနောင်(ICNCC/CB)တို့အကြား ဘုံပေါင်းစည်းမှုတစ်ရပ် လုပ်ဆောင်နိုင်ဖို့ ခြေလှမ်းစနိုင်တော့မယ့်အပေါ် ဝမ်းသာဂုဏ်ယူတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

စစ်အာဏာရှင်တော်လှန်ရေးမှာ အဖွဲ့ပေါင်းများစွာ ထွက်ပေါ်လာတာဟာ အင်အားတစ်ရပ်ဖြစ်ပေမယ့် တော်လှန်ရေးအဖွဲ့တွေအားလုံး ဘုံညီညွတ်ရေးတည်ဆောက်နိုင်ပြီး တစ်စုတစ်စည်းတည်း စုဖွဲ့နိုင်ပြီး ပိုမိုအားကောင်းလာဖို့ တိုက်တွန်းထားတယ်လို့လဲ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 10 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ မြိုင်နဲ့ ပေါက်မြို့နယ်ထဲရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး NUG နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မိတ္ထီလာလေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 11 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က စစ်ကော်မရှင်ရဲ့ မိတ္ထီလာလေတပ်စခန်း ဌာနချုပ်ထဲကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM ရဲ့
မြန်မာသတင်း

မင်းအောင်လှိုင်အပါ ဒုသမ္မတ (၃)ဦးကို အရည်အချင်းပြည့်မီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 67 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ ပြုလုပ်တဲ့ သမ္မတအရည်အချင်း စိစစ်ရေးကော်မတီရဲ့ ဒုသမ္မတ (၃)ဦးဟာ အရည်အချင်းကိုက်ညီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့တယ်လို့ သိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တွေက တင်ပြတဲ့ ဒုသမ္မတတွေနဲ့ပတ်သက်ပြီး သမ္မတ‌အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်စုံမှု
မြန်မာသတင်း

သံတွဲမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 23 Views
စစ်ကော်မရှင်ရဲ့ တပ်ချုပ်သစ်လက်ထက် မိသားစုလိုက် စစ်ရာဇဝတ်မှုကျူးလွန်သတ်ဖြတ်ခံရတာလို့ AA ပြော ဧပြီလ (၂)ရက်။ မနေ့က နေ့လယ် (၁၁)နာရီကျော်အချိန်က သံတွဲမြို့ကို လေကြောင်းဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

“YDF နောက်ကွယ်က NUG ရဲ့ ခြေလှမ်းများ”

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 18 Views
၂၀၂၆ ခုနှစ် မတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ယောကာကွယ်ရေးတပ် YDF ရဲ့ သူ့တပ်ပြေးရာဇဝတ်သားတွေကို လိုက်လံနှိမ်နင်းမှုအပေါ် YDF က တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းအပေါ် သေနတ်ဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ယောကာကွယ်ရေးတပ်ကို ပုံမှားရိုက် နာမည်ဖျက်တိုက်ခိုက် ဘက်လိုက်ရေးသားမှုတွေကို သတင်းဌာနတချို့က
မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်တပ်ဂိတ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 31 Views
ဧပြီလ (၁)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန်မှာ လယ်ဒိုမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA ဦးဆောင်တဲ့ ပူးပေါင်းစစ်ကြောင်းက သာယာကုန်းနဲ့ ခြံကြီးကြား မီးရထားလမ်းက စစ်တပ်ဂိတ်စခန်းကို
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ငပလီကမ်းခြေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 29 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က သံတွဲမြို့ရှိ ငပလီကမ်းခြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ငပလီကမ်းခြေတလျှောက်ကို စကစက လေယာဉ် (၅)စီးလောက်နဲ့ ဆက်တိုက်ဗုံးလာကြဲသွားတာ။ အဲ့ဒီနေရာမှာ စစ်ရေးလှုပ်ရှားတာလဲမရှိဘဲ
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုနဲ့ မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းဘက် NUG ပြန်လွှဲပြောင်းခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 32 Views
ဧပြီလ (၁)ရက်။ ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ စောကဲလဲ (၃၇)နှစ်ဟာ