နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

နွေဦးတော်လှန်ရေးမှာ စုစည်းညီညွတ်နိုင်မှ စစ်အာဏာရှင်စနစ် အမြစ်ဖျက်နိုင်မယ်လို့ NUG ယာယီသမ္မတပြော

မတ်လ (၅)ရက်။

နွေဦးတော်လှန်ရေးမှာ စုစည်းညီညွတ်နိုင်မှ စစ်အာဏာရှင်စနစ်ကို အမြစ်ဖျက်နိုင်မှာလို့ ဒီကနေ့မှာ ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ အခုနွေဦးတော်လှန်ရေးမှာ ကျွန်တော်တို့ဟာ အတတ်နိုင်ဆုံး စုစည်းညီညွတ်မှုကို ထိန်းထားနိုင်မှ၊ စစ်အာဏာရှင်စနစ် အမြစ်ဖျက်ဖြုတ်ချနိုင်ဖို့ကို “ ဆုံးခန်းတိုင်သည်အထိ လုပ်ဆောင်နိုင်မှာ” ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

တစ်ဖက်မှာ စစ်အစိုးရခေတ်အဆက်ဆက်က စစ်အစိုးရ ခေါင်းဆောင်တွေရဲ့ သွေးခွဲသပ်လျှို အုပ်ချုပ်တဲ့နည်းတွေကို လက်စွဲပြုပြီး လုပ်ဆောင်လာခဲ့တာကို အားလုံးသတိထားကြဖို့ကိုလဲ အသိပေးထားပါတယ်။

“ စစ်အစိုးရအဆက်ဆက်ဟာ လူမျိုးစုညီညွတ်ရေးကိုလဲ မလိုလားသလို၊ တော်လှန်ရေးအင်အားစုတွေ အချင်းချင်းအကြား စုစည်းပေါင်းစည်းသွားမှာကိုလဲ မလိုလားပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ရန်သူ ဝမ်းသာအောင် မလုပ်သင့်ဘူး” လို့ ယာယီသမ္မတက တိုက်တွန်းထားပါတယ်။

နောက်ပြီး ဒီနေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတက ဒူဝါလရှီးလက တော်လှန်ရေးအင်အားစုတွေအကြား ဘုံညီညွတ်ရေး တည်ဆောက်နိုင်ဖို့ကိစ္စကို အဓိက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ချင်းပြည်ကောင်စီ(CC)နဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ/ချင်းညီနောင်(ICNCC/CB)တို့အကြား ဘုံပေါင်းစည်းမှုတစ်ရပ် လုပ်ဆောင်နိုင်ဖို့ ခြေလှမ်းစနိုင်တော့မယ့်အပေါ် ဝမ်းသာဂုဏ်ယူတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

စစ်အာဏာရှင်တော်လှန်ရေးမှာ အဖွဲ့ပေါင်းများစွာ ထွက်ပေါ်လာတာဟာ အင်အားတစ်ရပ်ဖြစ်ပေမယ့် တော်လှန်ရေးအဖွဲ့တွေအားလုံး ဘုံညီညွတ်ရေးတည်ဆောက်နိုင်ပြီး တစ်စုတစ်စည်းတည်း စုဖွဲ့နိုင်ပြီး ပိုမိုအားကောင်းလာဖို့ တိုက်တွန်းထားတယ်လို့လဲ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပြည်သူ့အကျိုးကိုသာ ရှေးရှုဆောင်ရွက်ပေးနေတယ်ဆိုပြီး ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 21 Views
ဇန်နဝါရီလ (၁၅)ရက်။ ပြည်သူ့အကျိုးကိုသာ ရှေးရှုပြီး ရည်မှန်းချက်ထား ဆောင်ရွက်ပေးနေတယ်လို့ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ကယားပြည်နယ်နေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ
မြန်မာသတင်း

ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ခင်ပွန်းကို မူးယစ်ဆေးဝါးတွေနဲ့အတူ PDF ဖမ်းမိ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 25 Views
ဇန်နဝါရီလ (၁၅)ရက်။ မနေ့က မြင်းခြံမြို့က ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ခင်ပွန်း စိန်လွင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ပြည်ပသံရုံးတရုံးနဲ့ တွေ့ဆုံတာကြောင့် ဒေါ်သက်သက်ခိုင်နဲ့ ပါတီဝင်တဦးကို ဖမ်းဆီးတာလို့ စစ်တပ် ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 16 Views
ဇန်နဝါရီလ (၁၅)ရက်။ PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ ပါတီဝင် ဒေါ်ထက်ထက်လှိုင်တို့ဟာ ပြည်ပသံရုံးတရုံးနဲ့ လျှို့ဝှက်စွာတွေ့ဆုံတာကြောင့် ဖမ်းဆီးတာဆိုပြီး စစ်တပ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်သက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ဟာ ဒီဇင်ဘာလ (၁၈)ရက်နေ့က ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ
မြန်မာသတင်း

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 35 Views
ဇန်နဝါရီလ (၁၄)ရက်။ မနေ့က ညနေပိုင်းအချိန်က ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ပါတီနဲ့နီးစပ်သူတွေထံက သိရပါတယ်။ “ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က လာဖမ်းသွားတယ်ဆိုတာ ဟုတ်ပါတယ်။ မနေ့ ညနေကပဲ ဗဟန်းက သူ့ရဲ့နေအိမ်မှာ လာဖမ်းသွားတာ။
မြန်မာသတင်း

တနှစ်တာထဲ KNU တပ်မဟာ(၅)မှာ တိုက်ပွဲပေါင်း (၁၀၀၀)ကျော် ဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 25 Views
ဇန်နဝါရီလ (၁၄)ရက်။ ပြီးခဲ့တဲ့ (၁)နှစ်တာကာလထဲ KNU တပ်မဟာ(၅)မှာ စစ်တပ်နဲ့ တိုက်ပွဲပေါင်း (၁၁၁၃)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေထဲ စစ်တပ်ဘက်က (၂၈၄)ဦးသေဆုံးပြီး (၄၅၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူတွေထဲ G-3
မြန်မာသတင်း

PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် ဖိတ်ခေါ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 26 Views
ဇန်နဝါရီလ (၁၄)ရက်။ PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှာ ထပ်မံဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးဆိုတာဟာ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မှသာ ရရှိမှာဖြစ်တာကြောင့် ဖြစ်ချင်တာကို ပြောနေမယ့်အစား ဖြစ်သင့်တာကို
မြန်မာသတင်း

UDLA က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 50 Views
ဇန်နဝါရီလ (၁၃)ရက်။ ပြည်ထောင်စု ကာကွယ်ရေးနဲ့ လွတ်မြောက်ရေးမဟာမိတ်တပ်ပေါင်းစု(UDLA)က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ UDLA က ပေးပို့တဲ့ ပြစ်တင်ရှုတ်ချလွှာမှာ အချက် (၄)ချက်နဲ့ ဖော်ပြထားပြီး NUG
မြန်မာသတင်း

ရက်မြို့ကို မဲပုံးတွေလာပို့တဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၄)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 37 Views
ဇန်နဝါရီလ (၁၃)ရက်။ မနေ့က နံနက် (၁၁)နာရီကျော်အချိန်က သရက်မြို့ကို မဲပုံးတွေလာပို့တဲ့ အင်အား (၂၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်းတုန်းမြို့ကနေ သရက်မြို့ကို မဲပုံးတွေလာပို့တဲ့