နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန် တိုက်ကြီးမြို့ရှိ စစ်ကောင်စီရဲ့ ကပစ(၁၁) မစ်ဇိုင်းဒုံးနဲ့ ပစ်ခတ်ခံရ

ဧပြီလ (၅)ရက်။

မနေ့က ည (၉)နာရီ (၅၀)မိနစ်အချိန်က ရန်ကုန် တိုက်ကြီးမြို့နယ်ရှိ စစ်ကောင်စီရဲ့ ကပစ(၁၁)ကို တာဝေးပစ် မစ်ဇိုင်းဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြအထူးစစ်ဆင်ရေး(USO)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ တိုက်ကြီးမြို့မှာရှိတဲ့ အကြမ်းဖက်စကစရဲ့ ကပစ(၁၁)ကို မြို့ပြစစ်ဆင်ရေးအနေနဲ့ တာဝေးပစ် မစ်ဇိုင်းဒုံးနဲ့ ပစ်ခတ်ခဲ့တာပါ။ ကပစ(၁၁)ကနေ စကစက နိုင်ငံနေရာအနှံ့ကို လက်နက်ခဲယမ်းနဲ့ အစိတ်အပိုင်းတွေ ထောက်ပို့နေတာကြောင့် တိုက်ခိုက်တာ” လို့ ဆိုပါတယ်။

အဲ့ဒီ ကပစ(၁၁)ဟာ အကြမ်းဖက်စစ်ကောင်စီက မြန်မာနိုင်ငံ နေရာအသီးသီးကို လိုအပ်တဲ့ လက်နက်ခဲယမ်းနဲ့ အစိတ်အပိုင်းတွေကို ထောက်ပို့နေတာကို သတင်းရရှိတာကြောင့် အခုလို တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

“ ညက (၁၀)နာရီလောက်မှာ (၃)ကြိမ်ဆက်တိုက် ပေါက်ကွဲသံ အကျယ်ကြားရတာ။ ထိခိုက်တာတွေတော့ မကြားရဘူး” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ကပစ(၁၁)ကို မဟာမိတ်ဖြစ်တဲ့ Shadow(S.A.F)က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကာ ထိခိုက်တဲ့အခြေအနေကိုတော့ ထည့်သွင်းပြောဆိုထားတာ မရှိသေးပါဘူး။

ဒါ့အပြင် ပြည်သူတွေကို မတရားမှုတွေ ပြုလုပ်ဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စီးပွားရေးပိုင်ဆိုင်တာတွေအပြင် ပတ်သက်ဆက်နွယ်သူတွေနဲ့ ပတ်သက်ဆက်နွယ်တာတွေကို စစ်ရေးပစ်မှတ်အနေနဲ့ တိုက်ခိုက်သွားမယ်လို့ အသိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွေးကောက်ပွဲမှာ လုံခြုံရေးအတွက် စိုးရိမ်စရာမလိုဘူးဆိုပြီး ကြံ့ခိုင်ရေးပါတီပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 16 ရက်
  • 20 Views
ဩဂုတ်လ (၁၅)ရက်။ လာမယ့်ရွေးကောက်ပွဲမှာ လုံခြုံရေးအတွက် စိုးရိမ်စရာမလိုဘူးဆိုပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက မနေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲထဲ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

စစ်ကောင်စီရွေးကောက်ပွဲအတွက် သင်တန်းတက်မယ့် Non-CDM ပညာရေးဝန်ထမ်း (၄)ဦးကို MSRF ဖမ်းမိ

  • 2025 ခုနှစ်၊ ဩဂုတ်လ 16 ရက်
  • 23 Views
ဩဂုတ်လ (၁၅)ရက်။ သံဖြူဇရပ်-ရေး အမှတ် (၈)အမြန်လမ်းမှာ Non-CDM ပညာရေးဝန်ထမ်း (၄)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ MSRF ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ရွေးကောက်ပွဲအတွက် အစည်းအ‌ဝေးလုပ်နေတဲ့ အုပ်ချုပ်ရေးမှူးရုံးကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဩဂုတ်လ 15 ရက်
  • 34 Views
ဩဂုတ်လ (၁၅)ရက်။ မနေ့က ည (၁၀)နာရီဝန်းကျင်ခန့်မှာ လှိုင်သာယာ (၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၁၀)နာရီလောက် လှိုင်သာယာ(၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ
မြန်မာသတင်း

မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး ကြဲချ၊ ပြည်သူ (၈)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 15 ရက်
  • 38 Views
ဩဂုတ်လ (၁၅)ရက်။ မနေ့က ည (၈)နာရီခွဲအချိန်က မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးကုတ်အရှေ့ပိုင်း ရွှေကူရပ်ကွက် လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို
မြန်မာသတင်း

ရွေးကောက်ပွဲကတဆင့် ရည်မှန်းချက် (၃)ရပ်ကို အကောင်အထည်ဖော်ဖို့ တရုတ်က စစ်ကော်မရှင်ကိုပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 15 ရက်
  • 34 Views
ဩဂုတ်လ (၁၅)ရက်။ ရွေးကောက်ပွဲကတဆင့် ရည်မှန်းချက် (၃)ရပ်ကို အကောင်အထည်ဖော်ဖို့ မနေ့က ယူနန်ပြည်နယ် အန်းနင်မြို့မှာ စစ်ကော်မရှင်ဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံချိန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ (၁၀)ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု
မြန်မာသတင်း

ရန်ကုန် မြောက်ဒဂုံရှိ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓါးပြတိုက်ခံရ၊ ကျူးလွန်သူတစ်ဦးကို သေနတ်နဲ့အတူ ဖမ်းမိတယ်လို့ဆို

  • 2025 ခုနှစ်၊ ဩဂုတ်လ 15 ရက်
  • 24 Views
ဩဂုတ်လ (၁၄)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီကျော်အချိန်က ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ဦးဝိစာရလမ်းပေါ်ရှိ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ကားတွေ ဆိုင်ကယ်တွေနဲ့ ရွှေဆိုင်ကိုလာပြီး ဓါးပြတိုက်တာ။ ဓါးပြတိုက်ခံရတဲ့ ရွှေစင်ရွှေဆိုင်ကလဲ ဦးဝိစာရလမ်းပေါ်မှာရှိတာ၊
မြန်မာသတင်း

ပြည်တွင်းစစ်ကြားကမေတ္တာရှင်ဆရာတော်အရှင်ဥာဏောဘာသ

  • 2025 ခုနှစ်၊ ဩဂုတ်လ 15 ရက်
  • 32 Views
ပြည်တွင်းစစ်ကြားကမေတ္တာရှင်ဆရာတော်အရှင်ဥာဏောဘာသ ဘုရားသုံးဆူဒေသမှာ၁၉၈၇ခုနှစ်လောက်ကစပြီးသီတင်းသုံးနေတဲ့ဆရာတော်အရှင်ဥာဏောဘာသရဲ့ပရဟိတ္တလုပ်ငန်းကနေစစ်ရှောင်ပြည်သူတွေကို ပါးစပ်ကမဟုတ် လက်တွေ့ကူညီ နေပုံတွေကိုကြည်နူးဝမ်းမြောက်စရာသာဓုခေါ်နိုင်ကြစေရန်တင်ပြပေးထားပါတယ် ဆရာတော်ဟာလူမျိုးဘာသာ အယုတ်အလတ် အမြတ်မ‌ရွေးကူညီနေတာကြောင့် ထိုင်းနိုင်ငံသားများကပါ လာရောက်လှူဒါန်းကြသလို လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးကလည်း ဆရာတော်ရဲ့မေတ္တာရိပ်မှာ ခိုလှုံကြပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

ရေဖြူမြို့တိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးအပါအဝင် (၁၄)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 14 ရက်
  • 33 Views
ဩဂုတ်လ (၁၄)ရက်။ မနေ့က ရေဖြူမြို့နယ် ကော့လှိုင်းရွာကို အင်အား (၁၅၀)ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MSRF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က နံနက် (၁၁)နာရီမှာ