နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့ နည်းလမ်းအမျိုးမျိုး အသုံးပြုပြီး ဆန့်ကျင်ကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

ဇူလိုင်လ (၅)ရက်။

စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်အုပ်ချုပ်ရေး အဆုံးသတ်ဖို့ နည်းလမ်းအမျိုးမျိုး အသုံးပြုပြီး ဆန့်ကျင်ကြဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့ (၇၆)နှစ်မြောက် ကရင်အမျိုးသားတပ်မတော်နေ့မှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

စစ်အာဏာရှင်အုပ်စုဟာ သူတို့ရဲ့ အာဏာတည်မြဲဖို့နဲ့ သူတို့နဲ့ ဆက်နွယ်နေတဲ့သူတွေရဲ့ အကျိုးစီးပွားအတွက်သာ ကြည့်ရှုတဲ့ လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာဆုပ်ကိုင်ဖို့နဲ့ အတင်းအဓမ္မ အုပ်ချုပ်ရေးနည်းလမ်းဟာ နိုင်ငံ့ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်မှာမဟုတ်ဘဲ ဖွံ့ဖြိုးတိုးတက်လာမှာမဟုတ်ဘူးလို့ သူက ပြောဆိုခဲ့ပါတယ်။

စစ်အာဏာရှင်အုပ်စုဟာ သူတို့အာဏာတည်မြဲဖို့နဲ့ နိုင်ငံတကာအသိအမှတ်ပြုမှုရအောင် ကြိုးပမ်းနေသလို စစ်ရေးနည်းဗျူဟာတွေ ချမှတ်တာနဲ့ နောက်ဆုံးပေါ် စစ်လက်နက်ပစ္စည်းတွေကိုလဲ အသုံးပြုနေတယ်လို့ ဆိုပါတယ်။

နောက်ပြီး သံတမန်ရေးနဲ့ နိုင်ငံရေးနည်းလမ်းတွေကိုလဲ ချမှတ်ကာ အကောင်အထည်ဖော်နေပြီး အခုအခါ ရွေးကောက်ပွဲ ပြုလုပ်နိုင်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးပမ်းနေတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် အာဏာရှင်တွေကို ခုခံတော်လှန်နေကြတဲ့ လူမျိုးစုတော်လှန်ရေးအဖွဲ့တွေ၊ နိုင်ငံရေးအဖွဲ့တွေနဲ့ လူထုအခြေပြုအဖွဲ့တွေအားလုံး လက်တွဲကာ စစ်အာဏာရှင်စနစ်ကို ပူးပေါင်းတိုက်ဖျက်ဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် စစ်အာဏာရှင် ချုပ်ငြိမ်းဖို့အတွက် တိုက်ပွဲဝင်နေတာဟာ လူမျိုးသမိုင်းနဲ့ ပြည်ထောင်စုသမိုင်းကို ရေးသားနေတာသာမကဘဲ နောင်အနာဂတ် မျိုးဆက်လူငယ်တွေအတွက် လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု မျှော်လင့်ချက် သမိုင်းအမွေ ပေးအပ်ခဲ့တာလို့ KNU ဥက္ကဋ္ဌက ထည့်သွင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းလှမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲမဲစာရင်းတွေ မီးရှို့ဖျက်ဆီးခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 12 Views
အောက်တိုဘာလ (၇)ရက်။ မနေ့က ည (၁၁)နာရီခွဲအချိန်က မင်းလှမြို့ ဆင်တဲကုန်းရွာက စစ်တပ်ရဲ့ ရွေးကောက်ပွဲ မဲစာရင်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်းရဲ့
မြန်မာသတင်း

မုံရွာရှိ စစ်တပ်ရဲ့ နမခဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရပြီး အရာရှိတွေအပါအဝင် (၁၂)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 31 Views
အောက်တိုဘာလ (၇)ရက်။ အောက်တိုဘာလ (၂)ရက်နေ့က မုံရွာအခြေစိုက် စစ်တပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Chindwin Rocket Brother(CRB)ရဲ့
မြန်မာသတင်း

ထားဝယ်ထောင်မှာ နိုင်/ကျဉ်းတစ်ဦး ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရတာကြောင့် သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 25 Views
အောက်တိုဘာလ (၇)ရက်။ အောက်တိုဘာလ (၃)ရက်နေ့က ထားဝယ်ထောင်မှာ မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထားဝယ်ထောင်ထဲ မတရားအကျဉ်းချခံရပြီး သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟာ အသက် (၄၈)နှစ်အရွယ် ‌ကိုအောင်ကိုဦးဖြစ်ကာ
မြန်မာသတင်း

ဂန့်ဂေါမြို့ရှိ စစ်တပ်ရဲ့ ခလရ(၅၀)နဲ့ မြို့မရဲစခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 24 Views
အောက်တိုဘာလ (၇)ရက်။ မနေ့က ညနေ (၆)နာရီကျော်အချိန် ဂန့်ဂေါမြို့ရှိ စစ်တပ်ရဲ့ ခလရ(၅၀)တပ်နဲ့ မြို့မရဲစခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသထဲသတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “ ဂန့်ဂေါ ခလရ(၅၀)တပ်နဲ့ မြို့မရဲစခန်းဝင်းထဲ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရတာ။ အဲ့ဒီမှာ
မြန်မာသတင်း

ချောင်းဦးမှာ ဆီမီးသပိတ်ပြုလုပ်ချိန် ဗုံးကြဲခံရပြီး သေဆုံးသူ (၄၀)ကျော်အထိရှိလာ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 26 Views
အောက်တိုဘာလ (၇)ရက်။ မနေ့က သီတင်းကျွတ်လပြည့်နေ့ ည (၈)နာရီအချိန် မုံရွာနဲ့ ချောင်းဦးအစပ်ရှိ ဗုံတိုရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ သီတင်းကျွတ်လပြည့်နေ့ဆိုတော့ ပြည်သူတွေစုပြီး မီးထွန်းပွဲနဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့သပိတ်
မြန်မာသတင်း

သီတင်းကျွတ်လပြည့်နေ့ သီပေါနဲ့ နမ္မတူကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 6 ရက်
  • 41 Views
အောက်တိုဘာလ (၆)ရက်။ သီတင်းကျွတ်လပြည့်နေ့ဖြစ်တဲ့ ဒီကနေ့ နံနက် (၇)နာရီခွဲကျော်အချိန်က သီပေါနဲ့ နမ္မတူမြို့တို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒီကနေ့ မနက်ပိုင်း (၇)နာရီခွဲလောက်မှာ နမ္မတူမြို့နဲ့
မြန်မာသတင်း

ခေတ်မျက်လုံးရဲ့ အပတ်စဥ် နိုင်ငံ‌ရေးဖြစ်စဥ်များကိုဆွေးနွေးတင်ပြခြင်း (၁၅)

  • 2025 ခုနှစ်၊ အောက်တိုဘာလ 5 ရက်
  • 53 Views
+++++++++++++++++++++++++++++++++++++++++++ ဒီအပတ်ခေါင်းစဥ်ကတော့ “ရွေးကောက်ပွဲလုပ်မှာက စကမ တရားစီရင်ရေးက တရုတ်လက်ထဲ စိုးမိုးနယ်မြေဘယ်မှာလဲ” ဖြစ်ပါတယ်၊ စစ်ကော်မရှင်တဖြစ်လဲ စစ်အုပ်စုက ရွေးကောက်ပွဲကို စိုင်းပြင်းနေပြီး ရွေးကောက်ပွဲနီးချိန် ဝန်ထမ်းတွေနဲ့ အငြိမ်းစားတွေကို စစ်ကော်မရှင်က အပိုထောက်ပံ့ကြေး တိုးမြှင့်ပေးစည်းရုံးနေတာ၊ ကြံဖွတ်ပါတီခေါင်းဆောင်ခင်ရီနဲ့ မအလတို့
မြန်မာသတင်း

ရွေးကောက်ပွဲကို နှောင့်ယှက်တာကြောင့်ဆိုပြီး ဖမ်းဆီးခံရသူ (၆၄)ဦးအထိရှိလာ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 52 Views
အောက်တိုဘာလ (၄)ရက်။ ရွေးကောက်ပွဲကို ကာကွယ်တဲ့ဥပဒေ ပြဌာန်းပြီးတဲ့အချိန်ကစပြီး  စက်တင်ဘာလကုန်အထိ ဖမ်းဆီးခံရသူ (၆၄)ဦးအထိရှိခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ဗဟိုကော်မတီက ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ပျက်ပြားစေဖို့ နည်းအမျိုးမျိုးနဲ့ ကျူးလွန်သူတွေကို